Friday, March 29, 2013

တရုတ်ကိုယ်ပျောက်တိုက်လေယာဉ်၏ ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်စနစ်စမ်းသပ်

Photo: တရုတ်ကိုယ်ပျောက်တိုက်လေယာဉ်၏ ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်စနစ်စမ်းသပ် 

မတ်လ ၂၈ ရက်၊ ၂၀၁၃ 

တရုတ်နိုင်ငံ၏ ပဟေဠိဆန်သော ကိုယ်ပျောက် ဂျက်တိုက်လေယာဉ် J-20၏ ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်စနစ် စမ်းသပ်သော ဓာတ်ပုံများ အင်တာနက်သို့ ပထမဆုံးအကြိမ် ပျံ့နှံ့လာခဲ့သည်။ အဆိုပါ J-20သည် တရုတ်နိုင်ငံက ကိုယ်ပိုင်ဆောက်လုပ်သည့် အဆင့်မြင့် နည်းပညာသုံး ကိုယ်ပျောက် တိုက်လေယာဉ် ဖြစ်ကာ မဟာဗျူဟာမြောက် ဆန်းသစ်မှု တစ်ခုအဖြစ် ဒေသတွင်း ပြိုင်ဘက်များကို ခြိမ်းခြောက်နိုင်ခဲ့သည်။ အင်္ဂါနေ့ကမူ အဆိုပါ လေယာဉ်၏ ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်စမ်းသပ်မှု ဓာတ်ပုံများကို အင်တာနက်တွင် စတင် လွှင့်တင်လာခဲ့သည်။ အဆိုပါ ဓာတ်ပုံများကို တရုတ်စစ်ဘက် ဖိုရမ်တစ်ခုဖြစ်သော iissbbs.comတွင် ပထမဆုံးအကြိမ် လွှင့်တင်ခဲ့ခြင်း ဖြစ်သည်။

အသုံးပြုထားသော ဒုံးကျည်သည် အနီအောက် ရောင်ခြည် အာရုံခံစနစ် ပါရှိသည့် PL-10 အမျိုးအစား မျိုးဆက်သစ် ဒုံးကျည်ဟု ယူဆရသည်။ ယင်းသည် အမေရိကန်လုပ် AIM-9Xကို ယှဉ်ပြိုင်ရန် တီထွင်ထားခြင်း ဖြစ်သည်။ (၂၀၁၂)ခုနှစ်က ကမ္ဘာသို့ မိတ်ဆက်ခဲ့သော တိုက်လေယာဉ်ကို ဆီချွန်ဒေသရှိ ချန်ဒူးတွင် ဒုံးကျည်စမ်းသပ် ပစ်လွှတ်မှု ပြုလုပ်ခဲ့ခြင်းဟုလည်း ဆိုသည်။ ကျွမ်းကျင်သူများက အဆိုပါ ဒုံးကျည်ကို တပ်ဆင်ထားမှု နည်းပညာအရ တရုတ် အင်ဂျင်နီယာများ၏ လက်ရာဟု ထောက်ခံ သုံးသပ်ခဲ့ကြသည်။

အမေရိကန်သည် လေတပ်တွင် F-22 ပဉ္စမမျိုးဆက် Raptor တိုက်လေယာဉ်များကို အင်အား တိုးချဲ့လာချိန်တွင် တရုတ်ကလည်း ကိုယ်ပျောက်နည်းပညာသုံး J-20ကို တည်ဆောက်လာခြင်း ဖြစ်သည်။ လေ့လာသူများကမူ F-22သည် J-20ထက် လက်နက်သယ်ဆောင် တပ်ဆင်မှု အပိုင်းတွင် သာလွန်နေဆဲဖြစ်ပြီး ဝေဟင်စီးချင်း တိုက်ပွဲများတွင် အကောင်းဆုံး မဟာဗျူဟာမြောက် တိုက်ခိုက်ရေး ယန္တရားများအဖြစ် ရပ်တည်နေကြောင်း ချီးကျူးထားသည်။ သို့သော်လည်း Aviation World လစဉ်ထုတ် မဂ္ဂဇင်း၏ ဒုတိယ အယ်ဒီတာဟောင်း ဘိုင်ဝေကမူ J-20၏ လက်နက်တပ်ဆင်ရန် နေရာချ ထားသိုပုံသည် အရှိန်မြှင့် ပျံသန်းသည့် ဝေဟင် စစ်ပွဲများအတွက် ပညာသားပါပါ ဖန်တီးထားကြောင်း သုံးသပ်ခဲ့သည်။

"J-20ရဲ့ လက်နက် အထားအသို ဒီဇိုင်းက ထူးခြားတယ်။ ပြီးတော့ အရမ်းကို ဖန်တီးမှု ကောင်းပါတယ်။ တပ်ဆင်ထားပုံက လေယာဉ်ရဲ့ တရွတ်ဆွဲ ပျံသန်းမှု အဟန့်အတားကို လျှော့ချပေးနိုင်တယ်။ အင်ဂျင်နီယာတွေရဲ့ ကြုံတွေ့လာရနိုင်တဲ့ တပ်ဆင်မှု အခက်အခဲတွေကိုလည်း အများကြီး နည်းပါးသွားစေနိုင်တယ်"ဟု ဝေက မှတ်ချက်ပြုခဲ့သည်။ တရုတ်နိုင်ငံသည် J-20 အမျိုးအစား လေယာဉ် အနည်းဆုံး (၂)စင်းမျှကို ထုတ်လုပ်ထားပြီး ဖြစ်ကြောင်း ယူဆရသည်။ ထို့အပြင် ပြင်ပအခေါ် J-21ဟု ယေဘုယျ သတ်မှတ်နိုင်သည့် လေယာဉ်သစ် တစ်စင်းကိုလည်း စမ်းသပ်နေကြောင်း သတင်းများ ထွက်ပေါ်နေသည်။

အမေရိကန် လေတပ်နှင့် ရေတပ်တွင်မူ ၎င်းတို့ တစ်နိုင်ငံတည်းသာ အသုံးပြုပြီး မဟာမိတ်များထံသို့ပင် မရောင်းချသည့် F-22 Raptor (၁၉၅)စင်း ရှိနေသလို ထပ်မံ တိုးချဲ့တည်ဆောက်နေဆဲ ဖြစ်သည်။ ထို့အပြင် F-22များကို ပိုမိုမွမ်းမံ အဆင့်မြှင့်ကာ X-44 Mantaနှင့် FB-22 မျိုးဆက်များကိုလည်း စမ်းသပ်နေဆဲ ဖြစ်သည်။ အမေရိကန် လေတပ်နှင့် ရေတပ်တို့တွင် ပဉ္စမမျိုးဆက် ကိုယ်ပျောက်တိုက်လေယာဉ်များကိုလည်း အသုံးပြုလျှက် ရှိသည်။

Source: GlobalTimes

Planetတရုတ်နိုင်ငံ၏ ပဟေဠိဆန်သော ကိုယ်ပျောက် ဂျက်တိုက်လေယာဉ် J-20၏ ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်စနစ် စမ်းသပ်သော ဓာတ်ပုံများ အင်တာနက်သို့ ပထမဆုံးအကြိမ် ပျံ့နှံ့လာခဲ့သည်။ အဆိုပါ J-20သည် တရုတ်နိုင်ငံက ကိုယ်ပိုင်ဆောက်လုပ်သည့် အဆင့်မြင့် နည်းပညာသုံး ကိုယ်ပျောက် တိုက်လေယာဉ် ဖြစ်ကာ မဟာဗျူဟာမြောက် ဆန်းသစ်မှု တစ်ခုအဖြစ် ဒေသတွင်း ပြိုင်ဘက်များကို ခြိမ်းခြောက်နိုင်ခဲ့သည်။ အင်္ဂါနေ့ကမူ အဆိုပါ လေယာဉ်၏ ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်စမ်းသပ်မှု ဓာတ်ပုံများကို အင်တာနက်တွင် စတင် လွှင့်တင်လာခဲ့သည်။ အဆိုပါ ဓာတ်ပုံများကို တရုတ်စစ်ဘက် ဖိုရမ်တစ်ခုဖြစ်သော iissbbs.comတွင် ပထမဆုံးအကြိမ် လွှင့်တင်ခဲ့ခြင်း ဖြစ်သည်။

အသုံးပြုထားသော ဒုံးကျည်သည် အနီအောက် ရောင်ခြည် အာရုံခံစနစ် ပါရှိသည့် PL-10 အမျိုးအစား မျိုးဆက်သစ် ဒုံးကျည်ဟု ယူဆရသည်။ ယင်းသည် အမေရိကန်လုပ် AIM-9Xကို ယှဉ်ပြိုင်ရန် တီထွင်ထားခြင်း ဖြစ်သည်။ (၂၀၁၂)ခုနှစ်က ကမ္ဘာသို့ မိတ်ဆက်ခဲ့သော တိုက်လေယာဉ်ကို ဆီချွန်ဒေသရှိ ချန်ဒူးတွင် ဒုံးကျည်စမ်းသပ် ပစ်လွှတ်မှု ပြုလုပ်ခဲ့ခြင်းဟုလည်း ဆိုသည်။ ကျွမ်းကျင်သူများက အဆိုပါ ဒုံးကျည်ကို တပ်ဆင်ထားမှု နည်းပညာအရ တရုတ် အင်ဂျင်နီယာများ၏ လက်ရာဟု ထောက်ခံ သုံးသပ်ခဲ့ကြသည်။

အမေရိကန်သည် လေတပ်တွင် F-22 ပဉ္စမမျိုးဆက် Raptor တိုက်လေယာဉ်များကို အင်အား တိုးချဲ့လာချိန်တွင် တရုတ်ကလည်း ကိုယ်ပျောက်နည်းပညာသုံး J-20ကို တည်ဆောက် လာခြင်း ဖြစ် သည်။ လေ့လာသူများကမူ F-22သည် J-20ထက် လက်နက်သယ်ဆောင် တပ်ဆင်မှု အပိုင်းတွင် သာလွန်နေဆဲဖြစ်ပြီး ဝေဟင်စီးချင်း တိုက်ပွဲများတွင် အကောင်းဆုံး မဟာဗျူဟာမြောက် တိုက်ခိုက်ရေး ယန္တရားများအဖြစ် ရပ်တည်နေကြောင်း ချီးကျူးထားသည်။ သို့သော်လည်း Aviation World လစဉ်ထုတ် မဂ္ဂဇင်း၏ ဒုတိယ အယ်ဒီတာဟောင်း ဘိုင်ဝေကမူ J-20၏ လက်နက်တပ်ဆင်ရန် နေရာချ ထားသိုပုံသည် အရှိန်မြှင့် ပျံသန်းသည့် ဝေဟင် စစ်ပွဲများအတွက် ပညာသားပါပါ ဖန်တီးထားကြောင်း သုံးသပ်ခဲ့သည်။

"J-20ရဲ့ လက်နက် အထားအသို ဒီဇိုင်းက ထူးခြားတယ်။ ပြီးတော့ အရမ်းကို ဖန်တီးမှု ကောင်းပါတယ်။ တပ်ဆင်ထားပုံက လေယာဉ်ရဲ့ တရွတ်ဆွဲ ပျံသန်းမှု အဟန့်အတားကို လျှော့ချပေးနိုင်တယ်။ အင်ဂျင်နီယာတွေရဲ့ ကြုံတွေ့လာရနိုင်တဲ့ တပ်ဆင်မှု အခက်အခဲတွေကိုလည်း အများကြီး နည်းပါး သွားစေနိုင်တယ်"ဟု ဝေက မှတ်ချက်ပြုခဲ့သည်။ တရုတ်နိုင်ငံသည် J-20 အမျိုးအစား လေယာဉ် အနည်းဆုံး (၂)စင်းမျှကို ထုတ်လုပ်ထားပြီး ဖြစ်ကြောင်း ယူဆရသည်။ ထို့အပြင် ပြင်ပအခေါ် J-21ဟု ယေဘုယျ သတ်မှတ်နိုင်သည့် လေယာဉ်သစ် တစ်စင်းကိုလည်း စမ်းသပ်နေကြောင်း သတင်းများ ထွက်ပေါ်နေသည်။

အမေရိကန် လေတပ်နှင့် ရေတပ်တွင်မူ ၎င်းတို့ တစ်နိုင်ငံတည်းသာ အသုံးပြုပြီး မဟာမိတ်များထံသို့ပင် မရောင်းချသည့် F-22 Raptor (၁၉၅)စင်း ရှိနေသလို ထပ်မံ တိုးချဲ့တည်ဆောက်နေဆဲ ဖြစ်သည်။ ထို့အပြင် F-22များကို ပိုမိုမွမ်းမံ အဆင့်မြှင့်ကာ X-44 Mantaနှင့် FB-22 မျိုးဆက်များကိုလည်း စမ်းသပ်နေ ဆဲ ဖြစ်သည်။ အမေရိကန် လေတပ်နှင့် ရေတပ်တို့တွင် ပဉ္စမမျိုးဆက် ကိုယ်ပျောက် တိုက်လေ ယာဉ်များ ကိုလည်း အသုံးပြုလျှက် ရှိသည်။

Source: GlobalTimes

Planet

No comments:

Post a Comment

My Blog List