
International AIDS Society ၏ ဥက္ကဌ ဖြစ်ပြီး HIV ပိုးကို တွေ့ရှိနိုင်ခဲ့၍နိုဘယ်ဆု ချီးမြှင့်ခံရသော သိပ္ပံပညာရှင် Francoise barre Sinoussi က AIDS ရောဂါကို ကုသ ပျောက်ကင်းနိုင်ရန် အခွင့်အလမ်း ရှိကြောင်း အဆိုပါ ညီလာခံတွင် ထုတ်ဖော် ပြောဆိုလိုက်သည်။
အသက် ၆၅နှစ် ရှိ နိုဘယ်လ်ဆုရှင် Francoise barre Sinoussi သည် ခုခံအား ကျဆင်းမှု ကူးစက်ရောဂါကို ကုသရန် အတွက်ပါ သုတေသနပြုနေသော ပညာရှင် တစ်ဦးလည်း ဖြစ်သည်။ ART ဆေးဝါးများက ရောဂါပိုး ကူးစက်ခံရသူများကို အသက်ရှည်စေရန် အထောက်အကူ ပြုသော်လည်း တစ်ဖက်တွင်လည်း ရောဂါ လုံးဝပျောက်ကင်းစေနိုင်သော ကုထုံးများကို ဆက်လက် လေ့လာနေ ရ မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
MRTV - 4
No comments:
Post a Comment