မြန်မာနိုင်ငံရှိ ရေအားလျှပ်စစ်စီမံကိန်း ၁၄ ခုအား တရုတ်ချေးငွေ အမေရိကန်ဒေါ်လာ ၁၇၁၁ သန်းကျော်ဖြင့် ဦးစားပေးတည်ဆောက်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။တရုတ်ချေးငွေ ဦးစားပေးအစီအစဉ်အရတည်ဆောက်လျက်ရှိသည့်စီမံကိန်းများ၊ထပ်မံတည်ဆောက်မည့်
ရေအားလျှပ်စစ်စီမံကိန်းများအတွက် ချေးငွေများရယူရာတွင် EXIM Bank နှင့် China Development Bank တို့မှ အဓိက ချေးယူခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် စီမံကိန်း ၁၄ ခု အနက် စီမံကိန်း ၇ ခုအတွက် ချေးငွေရရှိပြီး
ဖြစ်ကြောင်း၊ စီမံကိန်း ၆ ခုမှာ ချေးငွေမရရှိသေးကြောင်း၊ ချေးငွေအတွက်
ပြန်လည်ပြင်ဆင်တင်ပြထားသည့် စီမံကိန်းမှာတစ်ခုရှိကြောင်း သိရသည်။
ချေးငွေရရှိပြီးဖြစ်သည့် ရေအား လျှပ်စစ်စီမံကိန်းများမှာ ဘီလူးချောင်း(၃)၊ အထက်ရဲရွာ၊ အထက်ဆည်တော်ကြီး၊ သူဋ္ဌေး၊ အထက်ကျိုင်းတောင်း၊
သောက်ရေခပ်(၂) နှင့် အထက်ဘီလူချောင်းရေအားလျှပ်စစ်စီမံကိန်း
တို့ဖြစ်ပြီး အဆိုပါ စီမံကိန်း ၇ ခုအတွက် ချေးငွေစုစုပေါင်း အမေရိကန်
ဒေါ်လာသန်းပေါင်း ၅၀၉ ကျော်ရရှိထားကြောင်း လျှပ်စစ်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
ချေးငွေမရရှိသေးသည့် ရေအားလျှပ်စစ်စီမံကိန်း ၇ ခုအတွက် ရယူရန်
အဆိုပြုထားသည့် ချေးငွေပမာဏစုစုပေါင်းမှာ အမေရိကန် ဒေါ်လာ သန်း ၁၂၀၀ ကျော်ရှိကြောင်းသိရသည်။
အဆိုပါ ချေးငွေရရှိပြီးဖြစ်သည့် ရေအားလျှပ်စစ်စီမံကိန်း ၇ ခု၏ စက်တပ်ဆင်အားမှာ မဂ္ဂါဝပ် ၇၀၀ ကျော်ရှိမည်ဖြစ်ကြောင်းကိုလည်း ထုတ်ပြန်ထားသည်။
မဂ္ဂါဝပ် ၁၂၀ ထွက်ရှိမည့် သောက်ရေခပ်(၂)ရေအားလျှပ်စစ်စီမံကိန်း
အပါအ၀င် ဘီလူးချောင်း (၃)ရေအားလျှပ်စစ်စီမံကိန်းနှင့် အထက်
ဘီလူးချောင်းရေအားလျှပ်စစ်စီမံကိန်းများကို လျှပ်စစ်စွမ်းအား
ဝန်ကြီးဌာနကိုယ်တိုင်တည်ဆောက်မည်ဖြစ်ပြီး ၂၀၁၅-၂၀၁၆ ခုနှစ်တွင် နောက်ဆုံးထားအပြီးသတ်တည်ဆောက်လျက်ရှိသည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
ထို့အတွက် ချေးငွေမရရှိသေးသော စီမံကိန်း ၆ ခုနှင့် ပြင်ဆင်တင်ပြ
ထားသည့် စီမံကိန်းတစ်ခု စုစုပေါင်း စီမံကိန်း ၇ ခုအား ပုဂ္ဂလိကမှ BOT စနစ်ဖြင့်လည်းကောင်း သို့မဟုတ်ဝန်ကြီးဌာနဖြင့်ပူးပေါင်းတည်ဆောက်သည့်
စနစ်ဖြင့်လည်းကောင်း တည်ဆောက်ခွင့်ရထားကြောင်းသိရသည်။
မြန်မာနိုင်ငံတွင်ရေအားလျှပ်စစ်စီမံကိန်းပေါင်း ၆၇ ခုနှင့်ကျောက် မီးသွေး
သုံးလျှပ်စစ်စီမံကိန်း ၈ ခု စုစုပေါင်း စီမံကိန်း ၇၅ ခုအထိ တည်ဆောက်ရန် လျာထားထားကြောင်း သတင်းရရှိသည်။
လက်ရှိတွင်လည်း ရေအားလျှပ်စစ်ဖြင့်သာ နိုင်ငံအတွင်းလျှပ်စစ်ဓာတ်အားကိုအဓိကထုတ်လုပ် ဖြန့်ဖြူးပေးေ

နပြီး
တစ်ယူနစ်လျှင် ၁၂၆ ကျပ်ကျသင့်ကာ ၀န်ကြီးဌာနမှ အရှုံးခံလုပ်ကိုင်နေရကြောင်း
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံမှသဘာဝဓာတ်ငွေ့များကိုဝယ်ယူကာပုဂ္ဂလိကလက်သို့အဆင့်ဆင့်ရောင်းချထုတ်လုပ် ဖြန့်ဖြူးသည့် ထိုင်းနိုင်ငံတွင်မူ တစ်ယူ နစ်လျှင် ကျပ် ၈၀ ၀န်းကျင်သာကျသင့်ပြီး များစွာအမြတ်အစွန်းရ လျှက်ရှိကြောင်း သိရသည်။
တရုတ်ချေးငွေဦးစားပေးအစီအစဉ်ဖြင့်တည်ဆောက်နေသည့်စီမံကိန်းနှင့်တည်ဆောက်ရန်အဆိုပြုထားသည့်

ရေအားလျှပ်စစ်စီမံကိန်းများ(စက်တပ်ဆင်အား(မဂ္ဂါဝပ်)၊ ငွေပမာဏ
အမေရိကန်ဒေါ်လာသန်း)
စီမံကိန်း တပ်ဆင်အား ချေးယူလိုသောငွေပမာဏ မှတ်ချက် ဘီလူးချောင်း(၃) ၄၈ ၄၈ .၃၁ ချေးငွေရရှိပြီးဖြစ်
အထက်ရဲရွာ ၂၈၀ ၁၇၇ .၀၆ ချေးငွေရရှိပြီးဖြစ် (၂၀၀၈-၂၀၀၉)
အထက်ဆည်တော်ကြီး ၆၀ ၃၈ .၉၅ ချေးငွေရရှိပြီးဖြစ် (၂၀၁၅ မှသာထုတ်ယူရန်တင်ပြထား)
သူဋ္ဌေး ၁၁၁ ၁၁၉ .၇၀ ချေးငွေရရှိပြီးဖြစ် (၂၀၀၈-၂၀၀၉)
စိုင်းဒင် ၇၆ ၅၈ .၃၁ ပြင်ဆင်တင်ပြထား ရွှေလီ(၃) ၁၀၅၀ ၆၇၃ .၉၀ မရရှိသေး(၂၀၁၉-၂၀၂၀)
မဏိပူ ၃၈၀ ၂၆၇ .၄၁ မရရှိသေး(၂၀၁၇-၂၀၁၈) အထက်ဗူး ၁၅၀ ၇၉ .၇၅ မရရှိသေး(၂၀၂၅)
အမ်း ၁၀ ၂၉ .၂၀ မရရှိသေး အထက်ကျိုင်းတောင်း ၅၁ ၃၄ .၇၂ ချေးငွေရရှိပြီးဖြစ် (၂၀၁၈-၂၀၁၉)
သောက်ရေခပ်(၂) ၁၂၀ ၇၂ .၈၆ ချေးငွေရရှိပြီးဖြစ် (၂၀၁၃-၂၀၁၄)
အထက်ဘီလူးချောင်း ၃၀ .၄ ၁၇ .၄၈ EXIM ဘဏ်မှ ချေးငွေပေးအပ်ရန်အတည်ပြုပြီး တာပိန်(၂) ၁၆၈ ၈.၆၈ မရရှိသေး လေးမြို့ ၅၀၀ ၈၅ .၂၀ မရရှိသေး စုစုပေါင်း ၃၀၃၄ .၄ ၁၇၁၁ .၅၅ EXIM ဘဏ်နှင့် CDB ဘဏ်တို့မှ ချေးယူသည်။
မှတ်ချက်။ ။စိုင်းဒင်ရေအားလျှပ်စစ်စီမံကိန်းအစားအထက်ဘီလူးချောင်း
စီမံကိန်းအတွက် ချေးငွေပြင်ဆင်ချက်တင်ထားသည်။
eleven meida group

No comments:
Post a Comment