Thursday, November 08, 2012

တိုင်းရင်းသားကိုယ်စားလှယ်များနှင့် ဥပဒေစိုးမိုးရေး ကော်မီတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ရခိုင်အရေး ထုတ်ပြန်


တိုင်းရင်းသားကိုယ်စားလှယ်များနှင့်၊ ဥပဒေစိုးမိုးရေး ကော်မီတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ရခိုင်အရေး ထုတ်ပြန်

လက်ခံရရှိသော မိတ္တူအရ နိုဝင်ဘာ ၅ ရက်နေ့က တိုင်ရင်းသားလွှတ်တော်အမတ်များနှင့် လွှတ်တော်၏ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မီတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး သဘောတူညီချက်အရ ရခိုင်ပြည်နယ် ပဋိပက္ခနှင့်ပတ်သက်ပြီး သဘောထားတရပ် ထုတ်ပြန်လိုက်သည် ကို တွေ့ရသည်။

 အဆိုပါထုတ်ပြန်ချက်တွင် ရခိုင်အရေးအခင်းသည် ပြည်ထောင်စုအရေး အသွင်ဆောင်လြာ ခင်း၊ နှစ်ဘက် စလုံးအတွက် အကောင်းဆုံးအဖြေကို ငြိမ်းချမ်းစွာ ညှိနှိုင်းအဖြေရှာရန်လိုအပ်ခြင်း၊ ပြည်ထောင်စုဖွား ရခိုင်လူမျိုးများ၏ စိုးရိမ်ကြောင့်ကြမှုကို အသိအမှတ်ပြုရန် လိုအပ်ခြင်း၊ ဥပဒေချိုးဖောက်မှုများနှင့် အကြမ်းဖက်ဖြစ်စဉ်များကို တရားဥပဒေဖြင့် ပွင့်လင်းမြင်သာ မှန်ကန်ထိရောက် အရေးယူရန် လိုအပ်ခြင်း တို့ကို ထောက်ပြထားသည်ကို တွေ့ရသည်။
 ထို့အပြင် ရေရှည်ဖြေရှင်းရမည့် အခြေခံအဖြစ် နိုင်ငံသားဥပဒေကို လူထုနှင့် အစိုးရတို့က ရှင်းလင်းတိကျစွာ နားလည်မှုရှိရန်၊ ဒုက္ခသည်များကို အထောက်အကူပေးရန်၊ နယ်စပ်လုံခြုံရေးနှင့် လူဝင်မှုကြီးကြပ်ရေးကို အစိုးရအဆင့် ကိုင်တွယ်ဖြေရှင်း တာဝန်ယူရန်တို့အပြင် တဖက်နိုင်ငံကလည်း တာဝန်ယူမှုရှိရန် လိုအပ်
ကြောင်း တင်ပြထားသည်။
အထက်ပါအချက်များကို ပြည်ထောင်စုအရေးအဖြစ် အမြန်ဆုံး ဆောင်ရွက်အောင် တိုက်တွန်းထားသည်ဟု ဆိုပါသည်။

No comments:

Post a Comment

My Blog List