Thursday, November 08, 2012

နောက်ထပ် မုန်တိုင်းတခုကို ရင်ဆိုင်နေရတဲ့ နယူးယောက်နဲ့ နယူးဂျာစီ



ဟာရီကိန်း စဲန်ဒီဒဏ် ဆိုးဆိုးရွားရွားကြုံတွေ့ခဲ့ရတဲ့ နယူးယောက်မြို့တော်တ၀ိုက်နဲ့ နယူးဂျာစီပြည်နယ် က ပြည်သူတွေဟာ နောက်ထပ် မုန်တိုင်းတခုရဲ့ဒဏ်ကို ခံစားနေကြရပါတယ်။ အခု ကြုံရတဲ့မုန်တိုင်းဟာ ဟာရီကိန်း စဲန်ဒီလောက် မပြင်းထန်သော်လည်း မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ဒေသတွင်းနေ ပြည်သူများ အနေနဲ့ တော့ ကြီးစွာသော ဒုက္ခတခုကို ထပ်မံ ကြုံတွေ့ရဦးမှာ ဖြစ်ပါတယ်။ နယူးယောက်၊ နယူးဂျာစီဒေသအနေနဲ့ ဟာရီကိန်း စဲန်ဒီကို လွန်ခဲ့တဲ့ ၉ ရက်က ကြုံခဲ့ကြရပြီး ထိုစဉ်က လေပြင်းမုန်တိုင်းနဲ့ ရေကြီးတဲ့ဒဏ်ကို ခံခဲ့ကြရပါတယ်။ အခု မုန်တိုင်းဟာ ဟာရီကိန်း စဲန်ဒီလောက် မပြင်းထန်သော်လည်း လေပြင်း၊ စနိုး၊ ပင်လယ်ကမ်းခြေတလျောက် ရေကြီးမှုနဲ့ အအေးဒဏ်ကို ခံကြရဘွယ်ရှိပါတယ်။ ထပ်မံ ကြုံတွေ့ရမယ့် မုန်တိုင်းနဲ့ ပတ်သက်ပြီး နယူးဂျာစီပြည်နယ် အကြီးအကဲ ခရစ်စ် ခရစ်စ်တီး (Chris Christie) က နိုဝင်ဘာ ၇ ရက်နေ့ နေ့လည်ပိုင်းတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သလို နယူးယောက်မြို့တော်ဝန် မိုက်ကယ်လ် ဘလွန်းဘတ်ကလည်း နိုဝင်ဘာ ၇ ရက်နေ့ ညနေ ၃ နာရီခွဲခန့်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ နယူးယောက်မြို့တော်နဲ့ နယူးဂျာစီပြည်နယ် အာဏာပိုင်များက ပင်လယ်ကမ်းခြေနဲ့ နီးစပ်တဲ့၊ အန္တရာယ် ကျရောက်နိုင်တဲ့ ဒေသတွင် နေထိုင်သူများကို ဘေးလွတ်ရာ ပြောင်းရွှေ့ဖို့ အကြံပြုထားပါတယ်။ ထို့အပြင် ဟာရီကိန်း စဲန်ဒီကြောင့် လျှပ်စစ်မီး ပြတ်တောက်ခဲ့ပြီး မီးပြန်လည် ရရှိခဲ့သူတွေအနေနဲ့ လျှပ်စစ် မီး ပြန်လည်ပြတ်တောက်နိုင်ကြောင်း၊ လျှပ်စစ်မီး ပြတ်တာက်နေသူများအတွက် လျှပ်စစ်မီး ပြန်လည် ရရှိနိုင်မှုတွေ နှောင့်နှေးနိုင်ကြောင်း သတင်းများ ထုတ်ပြန်ထားပါတယ်။ အခု သတင်းရေးသားနေချိန် နယူးယောက်မြို့တော်ဝန်းကျင်၊ နယူးဂျာစီနဲ့ ကော်နက်တစ်ကက်ပြည်နယ်များတွင် အပူချိန် ၃၂ ဒီဂရီ ဖာရင်ဟိုက် ရှိကာ စနိုးများ စတင် ကျခဲ့ပြီး မိုးနဲ့ စနိုးနဲ့ရောပြီးလည်း ကျဆင်းနေပါတယ်။ အပူချိန်ဟာ ၃၀ ဒီဂရီ ဖာရင်ဟိုက်အောက်ကို ရောက်ရှိနိုင်ကြောင်း၊ နိုဝင်ဘာ ၈ ရက်နေ့ မနက် ၄ နာရီခန့် တွင် လေတိုက်
နှုန်း တနာရီ မိုင် ၆၀ အထိ ရှိနိုင်ကြောင်း၊ ၁၀ လက်မအထိ စနိုးကျဆင်းနိုင်ကြောင်း၊ ညသန်းခေါင် မှ နိုဝင်ဘာ ၈ ရက်နေ့ မနက်ပိုင်းအထိ ပင်လယ်ရေ ၁၂ ပေအထိ တက်လာနိုင်ကြောင်း မိုးလေ၀သ ပညာရှင်များကခန့်မှန်းထားကြပါတယ်။ နယူးယောက်မြို့တော်ဝန် ဘလွန်းဘတ်က စားသောက်ဖွယ်ရာ များ ဖြန့်ဝေပေးနေကြောင်း၊ သက်ကြီးရွယ်အိုများနဲ့ မကျန်းမာသူများအနေနဲ့ အပူပေးစနစ်ရှိတဲ့ ကယ်ဆယ်
ရေး စခန်းများကို ရွှေ့ပြောင်းခြင်း၊ နွေးနွေးထွေးထွေး နေထိုင်ခြင်း ပြုရန် လိုအပ်ကြောင်း ပြောခဲ့ပါတယ်။ အခု ကျနေတဲ့ မုန်တိုင်းကြောင့် နယူးယောက်အနီးတ၀ိုက်က လေဆိပ်များ ပိတ်ထားကာ လေယာဉ်ခရီးစဉ် တထောင်ခန့်ကို ဖျက်သိမ်းခဲ့ပါတယ်။

No comments:

Post a Comment

My Blog List