လူကြီးမင်းဖုန်းဆိုင်က ကံစမ်းမဲပြုလုပ်မယ့်အစီအစဉ် လက်ကမ်းကြော်ငြာကို လသာမြို့နယ်မှာနေထိုင်သူတစ်ဦးက ပြသနေစဉ်
လူကြီးမင်းဖုန်းဆိုင်ရဲ့ ဆိုင်ခွဲ ၁၁ ဆိုင်မှာ မနေ့ကပြုလုပ်ခဲ့တဲ့
ကံစမ်းမဲအစီအစဉ်ကို ဖျက်သိမ်းလိုက် တာကြောင့် အချို့နေရာတွေမှာ
ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး Parkroyal ဟိုတယ်မှာ ဒီကနေ့
မနက်ပိုင်းက သတင်းစာရှင်းလင်းပွဲ တစ်ခုပြုလုပ်ခဲ့ပါတယ်။
ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ မနေ့က ရုန်းရင်းဆန်ခတ်
ဖြစ်ပွားခဲ့မှုတွေအတွက် လူကြီးမင်း ဖုန်း အရောင်းဆိုင်အနေနဲ့ အများပြည်သူကို
အနူးအညွတ် တောင်းပန်ကြောင်းနဲ့ တောင်ကြီးမြို့ နဲ့ နေပြည်တော် မှာရှိတဲ့
လူကြီးမင်းဖုန်းဆိုင်တွေမှာတော့ မူလအစီအစဉ်အတိုင်း ကံစမ်းမဲအစီအစဉ်ကို
အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
ရန်ကုန်မြို့မှာပြုလုပ်ဖို့ စီစဉ်ထားတဲ့ ကံစမ်းမဲအစီအစဉ်ကိုတော့ အခြားသောပုံစံနဲ့ ဆက်လက်ပြုလုပ်သွား မယ်လို့ သိရပါတယ်။
မနေ့က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ လူကြီးမင်းဖုန်းဆိုင်တွေရဲ့
တစ်သိန်းကျော်တန် Samsung Galaxy Mini ကို ၅၀၀၀ ကျပ်နဲ့ရောင်းချမယ့်
ကံစမ်းမဲအစီအစဉ်မှာ ကံစမ်းမဲကူပွန် ထုတ်ယူသူတွေနဲ့ လုံခြုံရေး
တပ်ဖွဲ့ဝင်တွေ အကြား ရုန်းရင်းဆန်ခတ်မှုဖြစ်ပွားခဲ့တာကြောင့် အစီအစဉ်
ဖျက်သိမ်းခဲ့ရပါတယ်။
No comments:
Post a Comment