Thursday, November 08, 2012

သမ္မတအိုဘားမား ပြန်ရွေးချယ်ခံရမယ်လို့ ခန့်မှန်းခဲ့ကြောင်း ဒေါ်စု ပြောကြား

သမ္မတအိုဘားမားကို မဲဆွယ်စည်းရုံးပွဲတွင် တွေ့ရစဉ်
ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က မနေ့ကကျင်းပပြီးစီးခဲ့တဲ့ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ မစ္စတာအိုဘားမား အခုလို ပြန်လည်ရွေးချယ်ခံရလိမ့်မယ်လို့ မူလကပင် မိမိ ခန့်မှန်းခဲ့ကြောင်းနဲ့ မြန်မာ့ဒီမိုကရေစီအရေးအတွက် အမေရိကန်ပြည်ထောင်စုက ဆက်လက် ကူညီမယ် လို့ မျှော်လင့်ကြောင်း RFA ကိုပြောဆိုလိုက်ပါတယ်။

RFA က ပုံမှန်တင်ဆက်နေတဲ့ ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့က ဆက်သွယ်မေးမြန်းရာမှာ အခုလို ဖြေကြားခဲ့ခြင်းဖြစ်ပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က လက်ရှိမြန်မာပြည်ဆိုင်ရာ သတင်းတွေကိုဖေါ်ပြမှုနဲ့ ပတ်သက်ပြီး သတင်းထောက်တွေအနေနဲ့ အစိုးရရဲ့ လှုပ်ရှားမှုသတင်းတွေကို အမှန်ပကတိ အရှိအတိုင်းဖေါ်ပြဖို့ လိုကြောင်းပြောဆိုခဲ့တဲ့အပြင် အာဏာရှိသူတွေနဲ့ သတင်းထောက်တွေအကြား ထားရှိအပ်တဲ့ ဆက်ဆံရေး ကိုလည်း ဝေဖန်ပြောကြားခဲ့ပါတယ်။

No comments:

Post a Comment

My Blog List