Monday, November 05, 2012

၁၉၉၁က မတရားအလုပ်ဖြုတ်ခံရသူ တစ်ကိုယ်တော် ဆန္ဒပြမည်

၁၉၉၁ ခုနှစ်တုန်းက မတရားအလုပ်ဖြုတ်ခံခဲ့ရတဲ့ သကြားစက်ရုံ ဝန်ထမ်းဟောင်းတစ်ဦးက အလုပ်ဖြုတ် ခံရတာကို မကျေနပ်တဲ့အတွက်လာမယ့် နိုဝင်ဘာ ၁၁ရက်နေ့မှာ ကချင်ပြည်နယ် မိုးညှင်းမြို့မှာ တစ်ကိုယ်တော် ဆန္ဒပြမယ်လို့သိရှိရပါတယ်။

လွန်ခဲ့တဲ့ ၁၉၉၁ ခုနှစ်က ပဲခူးတိုင်း ဖြူးမြို့နယ် ဇေယျဝတီ သကြားစက်မှာရုံးအုပ်ကြီး ရာထူး တာဝန် ထမ်းဆောင်နေစဉ် အဲဒီအချိန်က သက်ဆိုင်ရာတာဝန်ရှိသူတွေက အချက် ၃၃ချက်ပါတဲ့ မေးခွန်းတွေ ကို ဖြေဆိုခိုင်းခဲ့ရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုထောက်ခံပါသလားဆိုတဲ့ မေးခွန်းကို ထောက်ခံ ပါတယ်လို့ ဖြေဆိုခဲ့တာကြောင့် အလုပ်ထုတ်ခံခဲ့ရတာလို့ သိရပါတယ်။
အခုတော့ အဲဒီအဖြစ်ကိုဖော်ထုတ်လိုတဲ့အတွက် တစ်ကိုယ်တော်ဆန္ဒပြရတာပါလို့ ဆန္ဒပြမယ့် ဦးလှသောင်း က RFA ကိုဒီကနေ့ပြောပါတယ်။
၁၉၉၁ ခုနှစ်တုန်းက မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ဋ္ဌာနပေါင်းစုံကဝန်ထမ်းတွေဟာ လျှို့ဝှက်လို့ရေးထား တဲ့ မေးခွန်း ၃၃ခုကို ဖြေဆိုခဲ့ရပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံပါတယ်လို့ ဖြေဆိုမိတဲ့ ဋ္ဌာနပေါင်းစုံက ဝန်ထမ်း အနည်းဆုံး ၁သောင်းကျော်လောက် အလုပ်ဖြုတ်ခံခဲ့ရတယ်လို့သိရပါတယ်။

No comments:

Post a Comment

My Blog List