Saturday, May 30, 2020

ပြည်ပြန်ဝင်ရောက်လာသူ ၁၇ ဦး၌ Covid ပိုး တွေ့ရှိ

၁။ (၂၉-၅-၂၀၂၀) ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်ရာတွင် -
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (ဒုတိယအသုတ်) အဖြစ် ဓာတ်ခွဲနမူနာ (၄၉၈) ခု၊ဆေးသုတေသနဦးစီးဌာနမှ ဓာတ်ခွဲနမူနာ (၁၀၁) ခု နှင့်အမှတ် (၁) တပ်မတော် ဆေးရုံကြီး (ခုတင်-၁,၀၀၀) မှ (ဒုတိယအသုတ်) အဖြစ် ဓာတ်ခွဲနမူနာ (၅၄) ခု၊ စုစုပေါင်း (၆၅၃) ခုအား (၃၀-၅-၂၀၂၀) ရက်နေ့၊ နံနက်အစောပိုင်း၌ စစ်ဆေးပြီးစီးခဲ့ရာ -
• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁၇) ဦးတွေ့ရှိရပါသည်။
၂။ (၃၀-၅-၂၀၂၀) ရက်နေ့၊ နံနက် (၇:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (၂၂၄) ဦးရှိပါသည်။
၃။ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုတွင် (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ စုစုပေါင်း (၁၃၀) ဦးရှိပါသည်။
၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။
၅။ (၂၉-၅-၂၀၂၀) ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်ရာတွင် -
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ဓာတ်ခွဲနမူနာ (၉၆၇)ခု၊
ဆေးသုတေသနဦးစီးဌာနမှ ဓာတ်ခွဲနမူနာ (၁၀၁) ခု နှင့်
အမှတ် (၁) တပ်မတော် ဆေးရုံကြီး (ခုတင်-၁,၀၀၀) မှ ဓာတ်ခွဲနမူနာ (၁၄၆) ခု၊
စုစုပေါင်း (၁,၂၁၄)ခုအား စစ်ဆေးခဲ့ပြီး (၃၀-၅-၂၀၂၀) ရက်နေ့၊ နံနက်အစောပိုင်း၌ ဓာတ်ခွဲစစ်ဆေးမှုများ ပြီးစီးခဲ့ပါသည်။

No comments:

Post a Comment

My Blog List