Saturday, May 30, 2020

ပြည်သူ့လွှတ်တော်ဥက္ကဌအား တာ၀န်မှရုတ်သိမ်းရေး အရေးကြီးအဆိုနှင့်ပတ်သက်၍ ကိုယ်စားလှယ်၂၀ ဦးကျော် ဆွေးနွေးရန် စာရင်းပေးထား

ပြည်သူ့လွှတ်တော်ဥက္ကဌ ၊ပြည်ထောင်စုလွှတ်တော်နာယကဖြစ်သူ ဦးတီခွန်မြတ်အား ရာထူးမှ ရုတ်သိမ်းပေးရန် မတ်လ ၂၈ ရက်က ကျင်းပပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မိုင်းပျဉ်းမဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန် က အရေးကြီး အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။
အရေးကြီးအဆို တင်သွင်းရခြင်းသည် ဦးတီခွန်မြတ်သည် ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၂၁ ပါ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ခြင်းနှင့် ဥပဒေအရပေး အပ်သည့် တာ၀န်များကို ကျေပွန်စွာမဆောင်ရွက်ခြင်းဆိုသည့် အချက်နှင့်ငြိစွန်းကြောင်းတွေ့ရှိရသည့်အတွက် ထိုသို့ အရေးကြိး အဆိုတင်သွင်းရခြင်း ဖြစ်ကြောင်းဦးစိုင်းထွန်းစိန်က အဆိုတင်သွင်းစဉ် ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါ အရေးကြီးအဆိုနှင့်ပတ်သက်၍ ကိုယ် စားလှယ် ၂၀ ဦးကျော်မှ ဆွေးနွေးရန် ပြည်သူ့လွှတ် တော်ညွှန်ကြားရေးမှူးချုပ်ရုံးထံသို့ အမည်စာရင်းပေးသွင်းထားကြောင်း သိရသည်။
ဆွေးနွေးရန် အမည်စာရင်းပေးထားသည့် ကိုယ် စားလှယ် များတွင် NLD ပါတီမှ ကိုယ် စားလှယ် ၁၀ ဦး၊ တပ်မတော်နှင့် ပြည်ခိုင်ဖြိုးပါတီမှ ကိုယ် စားလှယ် ၁၀ ဦးနှင့် တသီးပုဂ္ဂလ ၁ ဦးတို့ အမည်စာရင်းပေးသွင်းထားကြောင်း သိရသည်။
ကိုယ်စားလှယ်များဆွေးနွေးခြင်းနှင့် လွှတ် တော်၏ အဆုံးအဖြတ်ရယူခြင်း အစီအစဉ်ကိုတော့ ဇွန်လ ၁ ရက်တွင် ကျင်းပပြုလုပ်မည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လုပ်ဆောင်သွားမည်ဖြစ် ကြောင်းသိရသည်။
လွှတ်တော်၏ အဆုံးအဖြတ်ရယူရာတွင် ကိုယ်စား လှယ်များ၏ ထောက်ခံမဲပေးမှု ၃ ပုံ လျှင် ၂ ပုံ က ထောက်ခံမှသာ ဆက်လက် လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၁ တွင် နိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ အကျင့်သိက္ခာပျက်ပြားခြင်းနှင့် ဥပဒေအရ ပေးအပ်သည့် တာ၀န်များကို ကျေပွန်အောင် မဆောင်ရွက်ပါက ဥက္ကဌကိုဖြစ်စေ၊ ဒုတိယဥက္ကဌကိုဖြစ်စေ၊ နှစ်ဦးလုံးကိုဖြစ်စေ တာ၀န်မှရုတ်သိမ်းနိုင်ကြောင်းပြဌာန်းချက်တွင် ပါရှိသည်။
အဆိုပါ အရေးကြီး အဆိုကို မိုင်းပျဉ်းမဲ ဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန် အပါအ၀င် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ၁၁၀ ဦးတို့က လတ်မှတ်ရေးထိုးပြီး ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဌ ဦးထွန်းထွန်းဟိန် ထံသို့ မေလ ၂၇ ရက်က တင်သွင်းခဲ့ကြောင်း သိရသည်။
ယဥ်ကေနွယ်

No comments:

Post a Comment

My Blog List