Saturday, May 30, 2020

အမေရိကန်နိုင်ငံနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြားက ဆက်ဆံရေးကို ရပ်ဆိုင်းကြောင်း သမ္မတ ထရန့် ကြေညာ

အမေရိကန်သမ္မတထရန့် က ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)နဲ့အမေရိကန်နိုင်ငံကြားက ဆက်ဆံရေးကို ရပ်ဆိုင်းလိုက်ကြောင်း နဲ့ ငွေကြေးလှူဒါန်းမှုပါ ရပ်ဆိုင်းလိုက်ကြောင်း သောကြာနေ့က ကြေညာလိုက်ပါတယ်။
တရုတ်အစိုးရဲ့ လုပ်ကိုင်ပုံ အမှားကြောင့် ကမ္ဘာကြီးမှာ ဒုက္ခရောက်နေကြတယ်။ ကမ္ဘာကြီးက တရုတ်နိုင်ငံဆီ ကနေ ဖြေရှင်းချက်ကို လိုတယ်။ ပွင့်လင်းဖို့လိုအပ်တယ်။ WHOအနေနဲ့ မေတ္တာရပ်ချက်ကို လုပ်ဆောင်ဖို့ ပျက်ကွက် တယ်။ အဲဒါကြောင့် ဒီနေ့မှာ WHO ဆက်ဆံရေး ရပ်ဆိုင်းဖို့ ဆုံးဖြတ်တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
တရုတ်နိုင်ငံ ကြောင့် အမေရိကန် နိုင်ငံသား ၁၀၀,၀၀၀ ကျော်ရဲ့အသက်တွေလည်း ပေးခဲ့ရတယ်လို့ သမ္မတထရန့်က ထည့်သွင်းပြောကြား ပါတယ်။
အမေရိကန် အစိုးရဲ့ ဗိုင်းရပ်စ်ရောဂါပိုးနဲ့ပတ်သတ်တဲ့ စွပ်စွဲချက်ကို ဘေကျင်းက ပြင်းပြင်းထန်ထန် ငြင်းဆန် ပါတယ်။
ပြီခဲ့တဲ့လကစပြီး WHOရဲ့ ကပ်ရောဂါနဲ့ ပတ်သတ်တဲ့ လုပ်ပုံကိုင်ပုံတွေကို သမ္မတက ဝေဖန်နေပြီး အမေရိကန်က ရန်ပုံငွေလှူဒါန်းမှုကို ရပ်ဆိုင်းမယလို့ ခြိမ်းခြောက်ခဲ့ပါတယ်။
MDN
ကိုးကား - AFP

No comments:

Post a Comment

My Blog List