Wednesday, October 23, 2013

Miss Universe ပြိုင်ပွဲ လက်မှတ် တန်ဖိုး ရူဘယ် ၂၅ဝဝ မှ ၇ဝဝဝဝ အထိ ရှိသော်လည်း ရုရှားရောက် မြန်မာများ ဝယ်ယူ အားပေးမည်

Wednesday, October 23, 2013
နိုဝင်ဘာ ၉ ရက်တွင် ရုရှားနိုင်ငံ မော်စကိုမြို့ Crocus City Hall ၌ Miss Universe ရွေးချယ်ပွဲကြီးကို ကျင်းပတော့မည် ဖြစ်ရာ ရုရှားရောက် မြန်မာများ သွားရောက်အားပေး ကြည့်ရှုကြမည် ဖြစ်ကြောင်း သိရသည်။ပြိုင်ပွဲလက်မှတ် ဈေးနှုန်းများမှာ VIP Stalls တွင် ရုရှားငွေ ရူဘယ် (၆ဝဝဝဝ မှ ၇ဝဝဝဝ)၊ Ths Stalls တွင် (၃ဝဝဝဝမှ ၄ဝဝဝဝ)၊ Amphitheatre တွင် (၈ဝဝဝ မှ ၁ဝဝဝဝ)၊ Circle တွင် (၆ဝဝဝ မှ ၁ဝဝဝဝ)နှင့် ရိုးရိုးတန်းများမှာ (၂၅ဝဝ မှ ၄ဝဝဝ)အထိ ဈေးနှုန်း အသီးသီး ရှိကြောင်း သိရသည်။
ရုရှားနိုင်ငံတွင် ရောက်ရှိနေသော မြန်မာများသည် သွားရောက် အားပေးရန် လက်မှတ်များ ဝယ်ယူထားကြကြောင်း သိရသည်။ မိုးစက်ဝိုင်သည် ယမန်နေ့က Miss Universe Organization သို့ ပြိုင်ပွဲဝင်ရန် သတင်းပို့ခဲ့ပြီး Crowne Plaza Moscow World Trade Centre Hotel ၌ ရောက်ရှိ တည်းခိုနေပြီ ဖြစ်သည်။ နိုဝင်ဘာ ၉ ရက်တွင် မော်စကိုမြို့ Crocus City Hall ၌နောက်ဆုံး အဆင့် ပြိုင်ပွဲဝင်ရန် မြန်မာနိုင်ငံ ကိုယ်စားပြု Miss Universe Myanmar မိုးစက်ဝိုင်သည် အကောင်းဆုံး ပြင်ဆင် လေ့ကျင့်နေပြီ ဖြစ်သည်။
အောက်တိုဘာ ၁၉ ရက်က မိုးစက်ဝိုင်သည် ထိုင်းအလှမယ်နှင့် အတူ မော်စကိုရှိ ထိုင်းသံရုံးနှင့် မြန်မာသံရုံးများ၏ ဖိတ်ကြားချက်အရ ချစ်ကြည်ရေး သွားရောက် လည်ပတ်ခဲ့ကြသည်။ မိုးစက်ဝိုင်သည် မော်စကိုမြို့ ရင်ပြင်နီတွင် အလှဓာတ်ပုံများကို ရိုက်ကူးခဲ့ကြောင်း သိရသည်။
ယခင် Miss Universe ပြိုင်ပွဲတွင် ဒေါ်မြင့်မြင့်ခင်က နောက်ဆုံးပါဝင် ယှဉ်ပြိုင်ခဲ့ဖူးပြီး နှစ် ၅ဝ အကြာ ယခု ၂ဝ၁၃ ခုနှစ်တွင် ပြိုင်ပွဲဝင်မည့် Miss Universe Myanmar မိုးစက်ဝိုင်၏ ပြိုင်ပွဲဝင်ပုံများကို မကြာမီ စောင့်ကြည့် အားပေး ရတော့မည် ဖြစ်သည်။
မြ၀တီ

No comments:

Post a Comment

My Blog List