Sunday, October 20, 2013

နိုင်ငံတကာစံချိန်မှီရဲတပ်ဖွဲ့ ဖြစ်အောင်လုပ်မည်ဟု ဒုဝန်ကြီးဦးရဲထွဋ်ကဆို

နိုင်ငံတကာအဆင့်မီရဲတပ်ဖွဲ့ ဖြစ်အောင်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီးဦးရဲထွဋ်ကဆိုသည်။ မြန်မာနိုင်ငံတွင် ဗုံပေါက်ကွဲမှုဖြစ်စဉ်များနှင့် ပတ်သက်၍ပြန်ကြားရေး ၀န်ကြီး ဌာနဒုတိယ၀န်ကြီး ဦးရဲထွဋ်က မီဒီယာ၏မေးမြန်းချက် များကို ပြန်လည်ဖြေကြားစဉ်ယင်း သို့ပြော ကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင်ရဲဝန်ထမ်း အင်းအားထမ်မံတိုးချဲရန် အခြေအနေကို ဦးရဲထွဋ်က “လက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့အပြင်ကမ္ဘာလှည့် ခရီးသွားတွေကို ကာကွယ်မယ့် တပ်ဖွဲ့၊ ရေကြောင်း၊ လေေ ကြာင်းတွေကို ထပ်မံဖွဲ့စည်းဖို့ရှိပါတယ်။ နိုင်ငံတကာစံချိန်မီတဲ့ ရဲတပ်ဖွဲ့ ပုံသဏ္ဍာန်ဖြစ်အောင် လုပ်ဆောင် နေပါတယ်။ ရခိုင်မှာဆိုရင်လာမဲ့ လထဲမှာ အမြန်ရေယာဉ်တွေနဲ့ ကင်းလှည့်မှုတွေစပြီးလုပ်တာ မှာ ဖြစ် သ လို ရန်ကုန်မြစ်အတွင်းမှာ လည်း ကင်းလှည့်ဖို့အစီစဉ်တွေ စီစဉ်ဆောင်ရွက်နေပါတယ်ဟု”ပြော ကြားသည်။ ဗုံးပေါက်ကွဲမှုကင်းစင်ရေးအတွက်ပြည်သူများကို အသိပညာ ပေးမှုအစီစဉ်အပေါ်ဦးရဲထွဋ်က “ကျွန်တော်တို့ သတင်းထုတ်ပြန် ထားတာရှိပါတယ်။ မသင်္ကာတာ တွေလိုရှိရင် မကိုင်ဘဲသတင်းပို့ပါ မှားချင်းမှားမယ်၊ မှန်ခြင်းမှန်မယ် ဒီလိုသတင်းပို့လိုက်လို့ဗုံးမဟုတ်ဘူး ဆိုရင်လည်း ပြဿနာမရှိဘူး။ ရဲတပ်ဖွဲ့ အပြစ်တင် မှာမဟုတ်ဘူး။ တွေ့တာနဲ့ ချက်ခြင်းသတင်းပို့ပေးပါ။ အခုနိုင်ငံပိုင်မီဒီယာတွေမှာ လွှင့်ပေးနေသ လိုနောက် ဆိုရင် လုပ်ထုံးလုပ်နည်းစနစ်တွေ မေးပြီး တော့ သတင်းစာတွေထဲမှာ ထည့်ဖို့အစီစဉ်ရှိပါတယ်။ ဒီလို သိရှိမှု ပိုများလာရင်အန္တရာယ်ပို ကင်းပါတယ်။ ကိုယ့်ဘာသာကိုယ်သွား မကိုင်မိဖို့ဘဲလိုပါတယ်”ဟု ပြော သည်။
ဗုံးပေါက်ကွဲမှုကြောင့် ငြိမ်းချမ်း ရေး တည်ဆောက်မှုအပေါ်ထိခိုက်မှု အခြေအနေကိုဦးရဲထွဋ်က “ဒီလို ဗုံးပေါက်ကွဲမှုကြောင့်ငြိမ်းချမ်းရေးဖြစ်စဉ်မှာထိခိုက်မှုမရှိပါဘူး။ ဒီလိုဖြစ်စဉ်တွေဖြစ်တဲ့အတွက် ပိုပြီးတော့မှ ရင်ဆိုင်ရတဲ့ စိန်ခေါ် မှုတွေကို နားလည်သွားတယ်။ အချင်းချင်းကြားထဲမှာ နားလည်း မှုလွဲမှာစေနိုင်တဲ့ ပျက်ပျယ်မှု တွေဟာ အချိန်မရွေးပေါ်ပေါက် လာစေနိုင်တယ်ဆိုတာပိုပြီးနား လည်းသွားတယ်။ ဒီလိုဖြစ်ခဲ့တဲ့ အတွက်ကြောင့် အဖွဲ့စည်းတွေကြားထဲမှာ ဆက်ဆံမှုဆက်သွယ် မှုပိုပြီးတော့ကောင်းလာပါတယ်။ အခုလည်း KNU နဲ့ ဆွေးနွေးနေ တာရှိတယ်။ ပူးပေါင်းဆောင်ရွက် တယ်။ သတင်းတွေကိုဖလှယ်တယ်။ ဒီလိုဆက်သွယ်လိုက်တဲ့အတွက် အခုဗဟိုအလုပ်မှုဆောင်ကော်မတီ ၀င်တစ်ဦးဖမ်းဆီးရမိသူကို လာ ရောက် စစ်ဆေးနေပြီဖြစ်ပါတယ်ဟု ပြောကြားသည်။
စီးပွားရေးလုပ်ငန်းလုပ်တဲ့ ကိုင်သူနှင့် KNU တပ်ဖွဲ့ဝင်ပုံစံ မတူကြောင့် စီးပွားရေးတရားဝင် လုပ်ကိုင်ခွင့် ရရှိထားသော အဖွဲ့တွင် KNU အဖွဲ့ဝင်မဟုတ်သောသူများ ပါဝင်ပြီး KNU တပ်ဖွဲ့ဝင်နှင့် ပုံစံ မတူဘဲခွဲခြားမြင်ရန်အတွက် ပြန်ကြားရေးဒုဝန်ကြီးဦးရဲထွဋ်က ၎င်း၏သဘောထားကို ထည့်သွင်း ပြောကြား သွားသည်။
မျိုးကျော်
The Hot News Weekly.

No comments:

Post a Comment

My Blog List