အစိုးရရုံး၊ ဌာနအသီးသီးတွင်ရှိသည့် ယာဉ်အားလုံး၏ သုံးပုံနှစ်ပုံခန့်မှာ သက်တမ်းကြာနေသည့် ယာဉ်အို ယာဉ်ဟောင်းများ ဖြစ်နေသည့်အတွက် ထိုယာဉ်များကို ဖျက်သိမ်းပြီး အသစ်အစားထိုးရန် ဘဏ္ဍာနှစ် အလိုက် တင်ပြသွားမည်ဟု အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနမှ ဒု-၀န်ကြီး ဒေါက် တာ ခင်စန်းရီက ပြောဆိုလိုက်သည်။အစိုးရဌာနအသီးသီးရှိ အဆိုပါယာဉ်အို၊ ယာဉ်ဟောင်းများကြောင့် ၀န်းထမ်းများ လမ်းခရီးကြန့်ကြာမှုများ နှင့် မော်တော်ယာဉ်မီးခိုးများကြောင့်
ယခုဘဏ္ဍာရေးနှစ်တွင် အဆိုပါ ယာဉ်အို၊ ယာဉ်ဟောင်းများနေရာ၌ အစားထိုးရန် လူစီးယာဉ် ၁၃၁၈ စီး နှင့် ဘတ်စ်ကား ၄၂၄ စီး ၀ယ်ယူရန် ပြည်ထောင်စုလွှတ်တော်က ငွေလုံးငွေရင်း အသုံးစရိတ်တွင် ခွင့်ပြု ပေးထားသည်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးမှ ယခုနှစ် စက်တင်ဘာလကုန်အထိ နှစ်နှစ်ကျော်အတွင်း ယာဉ်အို၊ ယာဉ် ဟောင်းဖြစ်နေသည့် မော်တော်ယာဉ်အစီးပေါင်း ၁၉၀၁ စီးအား နိုင်ငံပိုင်အဖြစ်မှ ပယ်ဖျက်ပြီးသံရည်ကျိုပြီး ဖြစ်သည်ဟုလည်းဒုဝန်ကြီး ဒေါက်တာခင်စန်းရီကလွှတ်တော်တွင် ပြောဆိုသွား သည်။
Mizzima - News in Burmese
No comments:
Post a Comment