Tuesday, October 22, 2013

သယံဇာတ စီမံခန့်ခွဲခွင့် ရခိုင်လူမှုအဖွဲ့အစည်း ၂၀ ကျော် တောင်းဆို

Tuesday, 22 October 2013

ရခိုင်ပြည်နယ်ကထွက်ရှိတဲ့ သဘာဝသယံဇာတတွေကို ပြည်နယ်အဆင့်က စီမံခန့်ခွဲပိုင်ခွင့်ရှိ ဖို့နဲ့ ဒေသ ခံတွေအကျိုးခံစားခွင့်ရရှိရေးအတွက်၂၀၀၈ ဖွဲ့စည်းပုံမှာ ထည့်သွင်းပြဌာန်းပေးဖို့ ရခိုင်ပြည်နယ် က အဖွဲ့ အစည်းတွေနဲ့ဒေသခံတွေက ဒီနေ့ ကြေညာချက် ထုတ်ပြန်တောင်းဆိုပါတယ်။

ရခိုင်ပြည်နယ် မြို့နယ် ၁၇ ခုမှာ အခြေစိုက်တဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းပေါင်း၂၀ ကျော်၊ အမျိုးသမီးအဖွဲ့ အစည်းတွေနဲ့ နိုင်ငံရေးပါတီတချို့က ကိုယ်စားလှယ်တွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၄ ရက်ကနေ ၁၆ ရက်နေ့အထိ မြောက်ဦးမြို့မှာ ဆွေးနွေးခဲ့ကြပြီး ဒီသဘောထားကြေငြာချက်ကို ထုတ်ပြန်တာလို့ သိရပါတယ်။

သဘောထားကြေငြာချက်နဲ့ ပတ်သက်ပြီး ပြည်သူ့သယံဇာတအဖွဲ့က စီမံကိန်း ညှိနှိုင်းရေးမှူး ဦးမျိုးထွန်းက RFA ကို အခုလိုပြောပါတယ်။

"ရခိုင်ပြည်သူတွေက ရခိုင်ကထွက်တဲ့ သယံဇာတတွေကို ပိုင်တယ်ဆိုတာ နာမည်ပဲရှိတယ်ပေါ့နော်၊ တကယ်တမ်းကျတော့ ပြည်နယ်လွှတ်တော်ကိုယ်တိုင်က ဘာမှလုပ်ပိုင်ခွင့် မရှိဘူးဖြစ်နေတယ်၊ ဗဟိုအစိုးရ ကပဲ အများကြီးချုပ်ကိုင်ထားတယ်၊ အဲဒီအတွက် ကျနော်တို့က ရခိုင်ပြည်ကထွက်တဲ့ သယံဇာတတွေကို ရခိုင်ပြည်သူတွေ ကိုယ်ပိုင်စီမံခန့်ခွဲပိုင်ခွင့်ကို ဒီဖွဲ့စည်းပုံမှာ အခိုင်အမာပြဌာန်းရန်ဆိုပြီး ကျနော်တို့တောင်း ဆိုထားပါတယ်"

နိုင်ငံတော်အစိုးရအနေနဲ့ ရခိုင်ပြည်နယ်ဒေသခံတွေရဲ့ သဘောထားဆန္ဒမပါဘဲ အကောင်အထည်ဖေါ် ဖို့လျာထားတဲ့ စီမံကိန်းတွေကို ရပ်ဆိုင်းပေးဖို့အပြင် ဖက်ဒရယ်ပြည်ထောင်စုစနစ် မဖော်ဆောင်နိုင်သေး သရွေ့ သဘာဝသယံဇာတစီမံကိန်းတွေကို ဆိုင်းငံ့ထားဖို့၊ အကောင်အထည်ဖေါ်နေတဲ့ စီမံကိန်းတွေေ ကြာင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာထိခိုက်မှု ရှိ၊ မရှိ စစ်တမ်းတွေရယူပြီး ဥပဒေပြဌာန်းပေးဖို့၊ စီမံကိန်းတွေ ကိုကန့်ကွက်မှုကြောင့် ဖမ်းခံထားရသူတွေကို ပြန်လွှတ်ပေးဖို့စတဲ့အချက်တွေကို တောင်းဆိုထားပါတယ်။

တချိန်တည်းမှာပဲ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ သွယ်တန်း ထားတဲ့ သဘာဝဓါတ်ငွေ့ပိုက်လိုင်းဟာအောက်တိုဘာ ၂၀ ရက်နေ့ကစလို့ ဓါတ်ငွေ့တွေ အပြည့်အ၀ ပို့လွှတ်နေပြီဖြစ်ပါတယ်။ တရုတ်ပိုက်လိုင်းကြောင့် ဒေသခံတွေရဲ့ နစ်နာမှုတွေကို အစိုးရ ကဖြေရှင်းပေးနေပေမဲ့ သယံဇာတခွဲဝေရေးနဲ့ လျှပ်စစ်မီးရရှိရေးမှာတော့ အခက်အခဲတွေရှိနေတယ် လို့ဒသခံတွေနဲ့ ဓါတ်ငွေ့ပိုက်လိုင်း စောင့်ကြည့်ရေးအဖွဲ့တွေက ပြောကြပါတယ်။

RFA Burmese

No comments:

Post a Comment

My Blog List