Wednesday, October 23, 2013

ခေါင်းဖြတ်သတ်သည့် ဗီဒီယိုဖိုင်ကြောင့် သောကပွေရသော မိဘများအပေါ် Facebook က တာဝန်ရှိပါသလား

အောက်တိုဘာ ၂၃
23.10.2013kst3
Facebook တွင် ကြမ်းတမ်းရက်စက်သည့် ဗီဒီယိုဖိုင်များကို ပြန်လည်ခွင့်ပြုပြီးသည်နောက် ဗြိတိန်ဝန်ကြီချုပ် ဒေးဗစ် ကင်မရွန်းက ခေါင်းဖြတ်သတ်သော ဗီဒီယိုဖိုင်ကြောင့် မိမိသားသမီးများ အတွက် စိတ်ဒုက္ခရောက်နေရသော မိဘများကို Facebook အနေဖြင့် တာဝန်ယူဖြေရှင်းချက်ပေးသင့်ကြောင်း ဆိုလိုက်သည်။ ၀န်ကြီးချုပ်သည် Twitter လူမှု ကွန်ရက်မှတစ်ဆင့် ပြောခဲ့ခြင်းဖြစ်သည်။
ယင်းဗီဒီယိုဖိုင်တွင် မက္ကဆီကိုမူးယစ်ဂိုဏ်းက အမျိုးသမီးတစ်ဦးကို စတင် ခေါင်းဖြတ်နေသည့် တစ်မိနစ်ကြာ ဗီဒီယိုဖြစ်သည်။

Facebook သည် လွန်ခဲ့သော မေလမှ စတင်ကာ ယင်းသို့သော ထိတ်လန့်ဖွယ်ရာ ဗီဒီယိုဖိုင်များကို မတင်ကြရန် တားမြစ်ခဲ့သော်လည်း ယခုအချိန်တွင် ပြန်လည် ခွင့်ပြုလိုက်သည်။ ထိုအခါ ထွက်ပေါ်လာသည့် ကြောက်မက်ဖွယ် ဗီဒီယိုဖိုင်တွင် ကြိုတင်သတိပေးချက် မပါဘဲ တင်ခွင့်ပြုထားခဲ့သဖြင့် ကလေးငယ်များ အထိပ်တလန့် ဖြစ်စေပြီး မိမိလုပ်ရပ်အပေါ် တာဝန်ယူမှု ကင်းမဲ့သည်ဟု ပြင်းထန်စွာ ဝေဖန်ခံရခြင်းဖြစ်သည်။
Facebook အနေဖြင့် ကြည့်ပြန်လျှင်လည်း သူတို့သည် လူတစ်ဦး တစ်ယောက်၏ အတွေ့အကြုံများကို ဝေမျှသည့် နေရာဖြစ်နေသည့် အတွက် အလွန်အမင်း ထိန်းချုပ်ရန် မဖြစ်နိုင်ပေ။ အထူးသဖြင့် လူ့အခွင့်အရေးနှင့် အကြမ်းဖက်မှုများ၊ အခြားကြောက်မက်ဖွယ် လုပ်ဖြစ်များကို ကမ္ဘာတစ်ဝန်းလုံးက အတွင်းကျကျ သိမြင်ခွင့် ရခြင်းကြောင့် ကောင်းကျိုးများ စွာလည်း ရှိနေသည့်အတွက် အပြစ်မြင်ဖွယ် သိပ်မရှိလှပေ။
အထူးသဖြင့် သူတို့၏ ၀က်ဘ်ဆိုဒ်ကို အသက် ၁၃နှစ်နှင့် အထက်ရှိသော လူများမှာသာ ၀င်ရောက်ရန်၊ account လုပ်ရန် ကန့်သတ်ထားပြီး ဖြစ်သဖြင့် စည်းကမ်း မလိုက်နာဘဲ ခိုးဝင်သည့် ကလေးသူငယ်များအတွက် သူတို့အနေဖြင့် သီးခြားတာဝန်ယူ ဖြေရှင်းရန် မလိုအပ်တော့ပေ။ စည်းကမ်းချက်ကို မလိုက်နာသော သုံးစွဲသူဘက်မှ တာဝန်ဟုသာ ဆိုနိုင်ပါ၏။
မည်သို့ပင်ဖြစ်စေ Facebook သည် ၀န်ကြီးချုပ် ကင်မရွန်း၏ ဝေဖန်ချက်ကို အလေးထားကြောင်းပြသည့် အနေဖြင့်  ကြေညာတစ်စောင်ထုတ်ကာ တုံ့ပြန်ခဲ့သည်။ ကြေညာချက်တွင် မစ္စတာကင်မရွန်း၏ ထောက်ပြချက်ကို ကျေးဇူးတင်ကြောင်းဖြင့် စတင်ထားသည်။ ထို့နောက် Facebook ၏ အမှားဟုတ်မဟုတ် ဗီဒီယိုကို ပြန်လည်ကြည့်ရှု သုံးသပ်သည့်အခါ လူတစ်ဦးတစ်ယောက် ကိုသော်လည်းကောင်း၊ ကောင်းမွန်သည့် အဖွဲ့အစည်း တစ်ခုခုကိုသော် လည်းကောင်း ထိခိုက်နာကျင်စေခြင်း မရှိကြောင်း၊ အများပြည်သူတို့၏ လုံခြုံရေးကို ခြိမ်းခြောက်ရာလည်း မရောက် ကြောင်း၊ အဖျက်သမားများနှင့် မကောင်းမှု ကျူးလွန်သူများကို အားပေးရာလည်း မမြောက်ကြောင်း ဟူသည့် အဖြေများသာ ထွက်လာသည်ဟု ဆိုသည်။
Facebook မှ ဗီဒီယိုဖိုင်ပြဿနာအပေါ် user အများစုက  ကုမ္ပဏီသည် ဥပေဒချိုးဖောက်သည့် လုပ်ရပ်မျိုး မရှိကြောင်း ၀ိုင်းဝန်းတုံ့ပြန်ရေးသား လာကြသည်။
Ref: CNN


No comments:

Post a Comment

My Blog List