Wednesday, October 23, 2013

၂၀၁၅ ရွေးကောက်ပွဲအတွက် ၈၈ GSY ပါတီနှင့် UMFNP ပါတီတို့ မကွေးတိုင်းတွင် ပူးပေါင်း မဲဆွယ်မည်

Wednesday, October 23, 2013
မကွေးမြို့ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) - ၈၈ GSY ပါတီနှင့် ပြည် ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချု ပ် ပါတီ (UMFNP)တို့ ပူးပေါင်း၍ ၂၀၁၅ ခုနှစ်အတွက် အောင်နိုင်ရေးဆင်းမည်ဟု ၈၈ GSY ပါတီ မကွေးတိုင်းစည်းရုံးရေးမှူးဥက္ကဋ္ဌ ဦးအောင်လင်းဦးက မဇ္ဈိမကို ပြောသည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ၀င်ရောက် အရွေးချယ်ခံရန် ကိုယ်စားလှယ်များနှင့် ပါတီဝင်အသစ်များကို ပြန်လည် စုဆောင်းနေပြီး ရွေးကောက်ပွဲ အောင်နိုင်ရေးကို ပါတီနှစ်ခု ပေါင်းကာ ကြိုးပမ်းမည်ဟု ဦးအောင် လင်းဦးက ပြောသည်။ ထိုသို့ ၂၀၁၅ ရွေးကောက်ပွဲ ပြန်လည်ဝင်ရန် ထိုပါတီနှစ်ခုသည် မကွေးမြို့ အောင် မေတ္တာ(ခ) ရပ်ကွက် တွင် ရုံးခန်းသစ်တစ်ခုကို ပူးပေါင်း ဖွင့်လှစ်လိုက်ပြီး ဒုတိယအကြိမ် ရုံးခန်းသစ်ဖွင့်ပွဲ၊ ဆိုင်းဘုတ်တင်ပွဲနှင့် အလံတင်ပွဲကို အောက်တိုဘာလ ၂၂ ရက် နေ့လယ် ၂ နာရီက ကျင်းပခဲ့သည်။


ထိုပါတီနှစ်ခုသည် ၂၀၁၀ခုနှစ်မတိုင်မီက မကွေးတိုင်းရန်ကင်းရပ်ကွက်တွင် ပါတီဥက္ကဋ္ဌနှစ်ဦးက ပူးပေါင်း ကာ ရုံးခန်းတစ်ခု လာရောက် ဖွင့်လှစ်ခဲ့သည်။ သို့ရာတွင် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ရာ ရှုံးနိမ့်ခဲ့သဖြင့် ထိုအချိန်မှစကာ ရုံးခန်းပိတ်သိမ်းပြီး ယခု တစ်ကြိမ်သည် ဒုတိယအကြိမ် ပြန်လည် ဖွင့်လှစ်ခြင်းဖြစ်သည်။ထိုပါတီနှစ်ခုမှ ၂၀၁၀ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ၈၅ ဦး ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပြီး မကွေးတိုင်းတွင် ၀င်ရောက် အရွေးချယ်ခံသည့် ကိုယ်စားလှယ်လောင်းနှစ်ဦးမှာ ရှုံးနိမ့်ခဲ့သည်။ ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင်မူ ထိုပါတီနှစ်ခုလုံး ၀င်ရောက် ယှဉ်ပြိုင်ခြင်း မရှိခဲ့ပေ။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List