Friday, June 07, 2013

"လက်ပံတောင်းအရေးလှုပ်ရှားသူများအား အင်အားသုံး ရှာဖွေဖမ်းစီးမည် ဆိုခြင်းမှာ တရားဥပဒေနည်းအရ မဟုတ်ဘဲ ခြိမ်းခြောက်မှုဖြစ်ကြောင်း တုံ့ပြန်ပြောကြား "

လက်ပံတောင်းအရေးလှုပ်ရှားသူများအနေဖြင့် ဆက်လက်တိမ်းရှောင်နေပါက ၄င်းတို့နေထိုင်ရာ ရွာများ အတွင်းသို့အင်အားသုံးဝင်ရောက်ရှာဖွေဖမ်းစီးမည်ဆိုခြင်းမှာတရားဥပဒေနည်းလမ်းအရမဟုတ်ဘဲ ပြည်သူ လူထုအား လူတစ်စုမှ ခြိမ်းခြောက်မှု သက်သက်သာသာဖစ်ကြောင်း လက်ပံတောင်းအရေး အဓိက လှုပ်ရှားသူတစ်ဦးဖြစ်သော ဟန်ဝင်းအောင် (နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးကွန်ရက်) က the street view သို့ပြောသည်။
"အခုသူတို့ဖမ်းမယ်လို့ပြောတဲ့လူတွေက၁၅ ယောက်ရှိတယ်အဲ့ဒီမှာ ဒေသခံ၇ယောက်ပါတယ်။ ဒေသခံဆို တာ အဲ့ဒီဒေသမှာ သူတို့ဒေသမှာ သူတို့ နေထိုင်နေကြတဲ့လူတွေ။ အခုဖြစ်ပုံက တရားခံလို့သတ်မှတ် ထားရင်တရားရုံးကနေဆင့်ခေါ်ရမယ်အခုဟာကအဲ့ဒီလိုမဟုတ်ဘူးခြောက်လပိုင်း၎ရက်တုန်းက ညောင်ပင် ကြီးရွာက လမ်းဘေးမှာ စာရွက်တွေလိုက်ဝေတယ်။
 ဒါက တရားဥပဒေစိုးမိုးရေးရှုထောင့်ကကြည့်ရင် တရားဥပဒေနည်လမ်းအရ လုပ်ဆောင်တာမဟုတ် ဘဲ ပြည်သူလူထု ကိုခြိမ်းခြောက် သလိုဖြစ်နေတယ်။ အခု လူ၁၅ ယောက်ကို တရားဥပဒေ နည်းလမ်း အရ ဆောင်ရွက်တယ်လို့မမြင်ပါဘူး။ ဒါကို လူတစ်စုက တရားဥပဒေမဲ့ ပြည်သူလူထုအပေါ် ခြိမ်းခြောက် မှုလို့ပဲ သတ်မှတ်ပါတယ်။ အဲ့ဒီအတွက် ဘာမှမတုံ့ပြန်ချင်ပါဘူး အခု ဒီလက်ပံတောင်းတောင် ကိစ္စ ကို ဖြေရှင်းဖို့ဆိုတာ ပြည်သူလူထုကို တန်းတူရည်တူ အခွင့် အရေး မပေးဘဲ ခြိမ်းခြောက်တဲ့ နည်းလမ်း နဲ့ ဆောင်ရွက်မယ်ဆိုရင်ပြေလည်မှုရလာမှာမဟုတ်ပါဘူး" ဟု ဟန်ဝင်းအောင်က တုံ့ပြန်ပြောကြား လိုက်ခြင်းဖြစ်သည်။
စကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် တရားရုံးမှ ဟန်ဝင်းအောင်နှင့် လက်ပံတောင်းအရေး လှုပ်ရှားဆောင် ရွက်နေသူ ၁၅ ဦးအား အရေးယူအပြစ်ပေးနိုင်ရေးအတွက် ဖမ်းဝရမ်း ထုတ်ဆင့်ထားပြီး တရားခံပြေးအဖြစ် သတ်မှတ်ထားကြောင်း၊ အဆိုပါပုဂ္ဂိုလ်များအနေဖြင့် တရားရုံးသို့ ဥ့ပဒေနှင့်အညီ လာရောက်ဖြေရှင်းခြင်း မပြုဘဲ တိမ်းရှောင်နေပါက စကိုင်းတိုင်းရဲတပ်ဖွဲ့မှ အင်အားသုံး ရှားဖွေ ဖမ်းစီးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖေါ်ပြထားသည်။

No comments:

Post a Comment

My Blog List