Monday, June 03, 2013

တရားစွဲဆိုခံထားသူများ၏သက်သေအဖြစ်သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကိုထည့်သွင်း

ပုဒ်မ (၁၈)နှင့် တရားစွဲဆိုခံထားရသူ (၆)ဦး၏ သက်သေအဖြစ် နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရရွှေမန်း၊ လူ့အခွင့် အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးဝင်းတင်တို့အား ထည့်သွင်း ထားကြောင်းတရားစွဲဆိုခံရသူများ၏ရှေ့နေဖြစ်သူဦးရောဘတ်စန်းအောင်၏ ပြောကြားချက်အရသိရသည်။
“နိုင်ငံရေးမှာဥပဒေအားနည်းချက်တွေ၊ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဥပဒေပုဒ်မ(၁၈) ရဲ့  အားနည်း ချက်တွေ၊ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့နိုင်င်ငံသားဥပဒေတွေနဲ့ တကယ်လက်တွေ့မှာရနေတဲ့ လူ့အခွင့် အရေးတွေ ကွဲပြားနေတယ်ဆိုတာကို သိစေချင်လို့ သက်သေအနေနဲ့ ထည့်သွင်းလိုက်တာပါ” ဟု ပုဒ်မ (၁၈)ဖြင့် တရားစွဲခံထားရသူတစ်ဦးဖြစ်သည့် ကိုဒီငြိမ်းလင်းက မြန်မာ့ခေတ်သို့ ပြောကြားသည်။ ပုဒ်မ (၁၈)နှင့် တရားစွဲခံရသူ (၆)ဦးမှာ ဒီငြိမ်းလင်း၊ မနန္ဒာ၊ မိုးသွေး၊ အောင်မျိုးဦး၊ ၀င်းကျော်ဦး၊ စိုးမိုးထွန်း တို့ဖြစ်ပြီး သက်သေအဖြစ် ထွက်ဆိုရမည့် ပုဂ္ဂိုလ်(၅)ဦးအား တရားရုံးမှ သမ္မာန်စာပေးပို့ရမည်ဖြစ်ကြောင်း တရားလို ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောကြားသည်။
“ကျွန်တော်တို့ တရားခွင်ကိုသူတို့တွေ သက်သေအနေနဲ့ လာခဲ့မယ်ဆိုရင် ပုဒ်မ ၁၈ရဲ့အားနည်းချက်တွေကို တင်ပြမှာပါ။ ဥပမာ ဆန္ဒဖော်ထုတ်မယ်ဆိုရင် သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးတွေဆီမှာစာတင်ရတယ်။ ခွင့်မပြုရင်ခရိုင်၊တိုင်းတွေကိုတက်ပြီးခွင့်ပြုမိန့်တောင်းရတယ်။ အဲဒီကခွင့်မပြုရင်မရတော့ဘူး။ အမှန်ဆိုရင် ဒီလိုခွင့်ပြုမိန့်တောင်းတာကို တရားရုံးမှာ တင်ပြပြီး ကြားနာသင့်တယ်။ ခွင့်မပြုနိုင်ရင်လည်းဘယ် အကြောင်းကြောင့် ခွင့်မပြုနိုင်ဘူးဆိုတာမျိုး ၂ဖက် ကြားနာသင့်တယ်” ဟု ရှေ့ နေ ဦးရောဘတ် စန်းအောင်က မြန်မာ့ခေတ်သို့ ပြောကြားသည်။ဆန္ဒဖော်ထုတ်ချင်သူများခွင့်ပြုမိန့်တောင်းခံခြင်းကိုမပြုလုပ်မီ ၂၄နာရီမတိုင်ခင်ကြိုတင်အကြောင်းကြားခြင်းမျိုးကိုခွင့်ပြုပေးသင့်ကြောင်း၊ယင်းအပြင်ဆန္ဒဖော်ထုတ်မည့်သူ များအတွက်ဆန္ဒဖော်ထုတ်ရန်နေရာတစ်နေရာကိုသတ်မှတ်ပေးသင့်ကြောင်း၊ထိုသို့သတ်မှတ်ပေးခြင်း ကြောင့် ယာဉ်ကြောပိတ်ဆို့မှုမဖြစ်နိုင်ကြောင်း၊ဆန္ဒပြပွဲကိုစိတ်ပါဝင်စားသူများလည်းသွားရောက်နားထောင်နိုင်ကြောင်း   ရှေ့ နေ ဦးရော ဘတ် စန်းအောင်က ပြောကြားသည်။ တရားစွဲဆိုထားသူ (၆) ဦးအား ယမန်နှစ် ဒီဇင်ဘာလ ၁ရက်နေ့က မြေနီကုန်းမှ တရုတ်သံရုံးရှေ့သို့သံဃာနှင့်လူအင်အား ၅၀ကျော်ခန့် မှ ကြေးနီတောင် စီမံကိန်း အားဆန့်ကျင်လမ်းလျှောက်ချီတက်ဆန္ဒြပမှုကြောင့် အလုံမြို့ နယ်တရားရုံး တွင် ပြစ်မှုကြီးအမှတ် ၃၁၈/ ၂၀၁၂၊ ပုဒ်မ(၁၈)ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်ပြီး ဇွန်လ (၁၀)ရက်နေ့တွင် ရုံးချိန်းချိန်းဆိုထားကြောင်း သိရ သည်။
ဆုဝေ
မြန်မာ့ခေတ်

No comments:

Post a Comment

My Blog List