Monday, June 03, 2013

မလေးရှားနိုင်ငံ ဆာလာရမ်းမြို့ ရန်ပြုမှု မြန်မာနိုင်ငံသား ၂ ဦးသေဆုံး

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့က ဆာလာရမ်းမြို့နယ်မှာ ပြီးခဲ့တဲ့ကြာသပတေးနေ့နဲ့ သောကြာနေ့ ၂ ရက်အတွင်း လူတချို့ရဲ့ရန်ပြုတိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံသား ၂ ဦး အသတ်ခံရပြီး ၄ ဦး ဒဏ်ရာရ သွားတယ်လို့ သိရပါတယ်။ သေဆုံးသူ ၂ ဦးမှာ တဦးက ရန်ကုန်မြို့ကနေ အလုပ်သွားလုပ်နေတဲ့ ကိုမင်းဇော် (ခ) နာဆစ် ဆိုသူ ဖြစ်ပြီး၊ နောက်တယောက်ရဲ့အမည်ကိုတော့ မသိရသေးဘူးလို့ ဆာလာရမ်း မြို့နယ်နဲ့ကပ်လျက်က ပုမ်းမြို့နယ်က နာရေးကူညီမှုအသင်း ဥက္ကဌ ကိုဆန်းဝင်းက ပြောပါတယ်။" သေတာ ၂ ယောက်၊ ဒဏ်ရာရတာ ၄ ယောက် မနေ့က ဒဏ်ရာရတဲ့ ၂ ယောက်က အခြေနေမကောင်း ဘူး၊ သေတဲ့တစ်ယောက်က ကိုမင်းဇော်နဲ့ နောက်တစ်ယောက်က စာရွက်စာတမ်းတွေဒီမနက်မှရမယ် နာမည်မသိရသေးဘူး၊ သူတို့က ဆာလာရမ်းဆိုတဲ့မြို့မှာ သီရိမင်္ဂလာဈေးကြီးရှိတယ် အဲ့ဈေးကြီးမှာ အလုပ် လုပ်ကြတာ"မျက်မြင်တချို့ရဲ့ပြောဆိုချက်အရ တိုက်ခိုက်သူတွေဟာ မလေးရှားနိုင်ငံသားတွေ မဟုတ် ပဲ မြန်မာနိုင်ငံက လာသူတွေပဲဖြစ်တယ်လို့ သိရပါတယ်။ ဆန်တူးရဲစခန်းက ဒုရဲမှူး အဗူဘာကာ-က ရန်ပြုခံ ရလို့ ထွက်ပြေးလွတ်မြောက်လာသူ မြန်မာတယောက်သူတို့ စခန်းကိုလာတိုင်တဲ့အတွက် ရဲစခန်းက လိုက် သွားတဲ့အခါ ဈေးဆိုင်ရဲ့အနောက်ဖက်လမ်းမှာ သေဆုံးသူရဲ့ ရုပ်အလောင်းကိုတွေ့တာလို့ ပြောဆိုကြောင်း မလေးရှားနိုင်ငံက ဘနားမားသတင်းက ဆိုပါတယ်။
ဒါ့အပြင် ထွက်ပြေးလွတ်မြောက်သွားသူရဲ့အဆိုအရ တိုက်ခိုက်သူအုပ်စုကိုမမှတ်မိ လိုက်ပေမယ့် သူတို့ ဟာ မြန်မာနိုင်ငံကလူတွေဖြစ်တယ်လို့ ယုံကြည်ရကြောင်း အဲဒီသတင်းမှာရေးထားပါတယ်။ ဒီအကြမ်းဖက် တိုက်ခိုက်မှုကြောင့် အဲဒီဒေသအနီးတဝိုက်မှာနေထိုင်တဲ့ မြန်မာနိုင်ငံသား တချို့ဟာ ကပုမ်းမြို့မှာ သတင်းသုံးတဲ့ ဆရာတော်ဒေါက်တာအန္ဒိကရဲ့ သမ္ဘာသမ္ဘောဓိကျောင်းတိုက်ကို မနေ့က သွားရောက် ခိုလှုံကြတယ်လို့လဲကိုဆန်းဝင်းကပြောပါတယ်။" သမ္ဘာသမ္ဘောဓိဘုန်းတော်ကြီးကျောင်းမှာ မိန်းကလေးတွေ လည်းပါတယ် သူတို့က ဒီဘုန်းကြီးကျောင်းမှာနေဖို့လာတာ လောလောဆယ်တော့ ခိုလှုံလို့ရပါတယ်၊ သူတို့ သွားချင်တဲ့နေရာတွေကို ကားတွေနဲ့ လိုက်ပို့ပေးတယ်၊ လောလောဆယ်တော့ ဘုန်းကြီးကျောင်းမှာ အယောက် ၂၀ လောက်ရှိတယ်" ဒီအမှုမှာ တိုက်ခိုက်သူတွေကိုရဲကစုံစမ်းရှာဖွေနေပြီး၊ ဒီနေ့မနက်မှာ လဲ မြန်မာသံရုံး တာဝန်ရှိသူ တွေနဲ့ သူတို့တွေ့ဆုံဖို့ အစီအစဉ်ရှိတယ်လို့  ကိုဆန်းဝင်းက ပြောပါတယ်။

No comments:

Post a Comment

My Blog List