
တင်ဒါတွင်ပါဝင်သော ကမ်းနီးကမ်းဝေး လုပ်ကွက်စုစုပေါင်းမှာ ၃၀-ဖြစ်ပြီး ၂၀၁၁-မှစတင်ကာ တတိယ အကြိမ် တင်ဒါခေါ်ယူခြင်းဖြစ်ပြီး အမေရိကန်နိုင်ငံမှ စီးပွါးရေးပိတ်ဆို့မှုများဖွင့်လှစ်ပြီးနောက် ဒုတိယ အကြိမ်ခေါ်ယူခြင်းဖြစ်သည်။
တင်ဒါလျှောက်သူများသည် တင်ဒါတွင် ကမ်းနီး (သို့ )ကမ်းဝေး ( သို့ ) နှစ်နေရာစလုံးတွင် လုပ်ကိုင်လို သည် ဟူသည့်အချက်ကို တင်ဒါခွဲ၍လျှောက်ထားရမည်ဖြစ်သည်။ ကမ်းနီးလုပ်ကွက်၁၁-ကွက်တွင် လုပ် ကိုင်ခွင့်ရရှိသူများသည် ပြည်တွင်းအခြေစိုက် ကုမ္ပဏီတစ်ခုနှင့်တွဲဖက်၍ လုပ်ကိုင်ရမည်ဟု စွမ်းအင် ဝန်ကြီးဌာနမှထုတ်ပြန်ချက်တွင်ပါရှိသည်။
ဇန်နဝါရီလတွင် ခေါ်ယူခဲ့သော ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ကွက် ၁၈-ကွက်ကို ပြည်တွင်းမှ ကုမ္ပဏီ တစ် ခုနှင့်တွဲဖက်လုပ်ကိုင်ရမည်ဟု ဆိုသောကြောင့်ပြည်တွင်းမှ ကုမ္ပဏီပေါင်း ၁၃၇-ခုပါဝင်လျှောက်ထား
ခဲ့သည်။
၁၈.၄.၂၀၁၃ ရက်နေ့တွင် အဆိုပါလုပ်ကွက်၁၈-ကွက်အတွက် ပထမအဆင့်တင်ဒါအောင်မြင်သော ကုမ္ပဏီ၅၉ ခုကို ကြေငြာခဲ့ရာ ကနေဒါ၊အင်္ဂလန်၊ဩစတြေးလျား၊ဂျပန် ၊ထိုင်းအမေရိကန်နိုင်ငံမှ Esso ကုမ္ပဏီနှင့် တရုတ်နိုင်ငံမှ ကုမ္ပဏီတစ်ခုတို့ပါဝင်သည်။အဆိုပါကုမ္ပဏီများထဲတွင် MPRL E&P Pte တခုတည်းသာလျှင် ပြည်တွင်းရှိ မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီဖြစ်သည်။
မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့တင်ပို့မှုမှာ ၂၀၁၁-၂၀၁၂ စီးပွါးရေးခုနှစ်အတွင်း ၃.၅ ဘီလီယံ ယူ အက်စ်ဒေါ်လာ ခန့်ရှိခဲ့ပြီး ၂၀၁၀-၂၀၁၁တွင် ၂.၅၂ ဘီလီယံခန့်ရှိခဲ့သည်။ မေလတွင် ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံသို့ သွယ်တန်းထားသော ပိုက်လိုင်းမှ သဘာဝဓာတ်ငွေ့စတင် တင်ပို့မည်ဖြစ် သည်။ရေနံတင် ပို့သောပိုက်လိုင်းမှာ ၂၀၁၄-တွင်စတင် အလုပ်လုပ်မည်ဟု တရုတ်နိုင်ငံမှသတင်းများတွင်ဖော်ပြ
ထားသည်။
Myit Makha Mediagroup
No comments:
Post a Comment