Friday, April 19, 2013

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်တို့ ပြင်ဦးလွင်မြို့၌ တွေ့ဆုံ

Photo: တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်တို့ ပြင်ဦးလွင်မြို့၌ တွေ့ဆုံ
Thursday, April 18,2013


တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နှင့် ပြင်ဦးလွင်မြို့၌ ဧပြီလ ၁၆ ရက်က တွေ့ဆုံခဲ့ကြောင်းထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ ဖေ့ဘွတ်စ် စာမျက်နှာတွင် ဖော်ပြထားချက်အရ သိရသည်။

တွေ့ဆုံမှု အသေးစိတ်နှင့် စပ်လျဉ်း၍ သက်ဆင်က ရေးသားထားခြင်း မရှိဘဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ၎င်းက သပြေခက်ဖြင့် ရေပက်နေသည့်ပုံကို ၎င်း၏ ဖေ့ဘွတ်စ်စာမျက်နှာတွင် တင်ထားသည်ကို တွေ့ရသည်။

ထို့ပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား သွားရောက် တွေ့ဆုံရခြင်းနှင့် ပတ်သက်၍လည်း ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့် မြန်မာနှစ်သစ်ကူး သင်္ကြန်ပွဲတော်ကိုလည်း ဆင်နွှဲခွင့် ကြုံရသည့်အတွက် ၀မ်းသာမိပါကြောင်း ထိုင်းဘာသာဖြင့် ရေးသားထားသည်ကို တွေ့ရသည်။

သက်ဆင်က ၎င်းအနေဖြင့် ပြင်ဦးလွင်မြို့သို့ ပထမဆုံးအကြိမ် ရောက်ရှိခြင်းဖြစ်ပြီး ရာသီဥတုကိုလည်း အ  လွန် နှစ်သက်ကြောင်းနှင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့ကြကြောင်း ရေးသားထားသည်။ သက်ဆင်သည် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်အား ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကလည်း နေပြည်တော်သို့ လာရောက်တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံတွင် ဖော်ဆောင်နေသော နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေးများ၊ အာဆီယံ၏ အနာဂတ်နှင့် ဒေသတွင်းကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် လက်ရှိထိုင်းဝန်ကြီးချုပ် ယင်လက်ရှင်နာဝပ်၏ အစ်ကိုဖြစ်သူ သက်ဆင်သည် မြန်မာနိုင်ငံ ထားဝယ်သို့ ပြီးခဲ့သည့် မတ်လ ၂၁ ရက်ကလည်း ကိုယ်ပိုင်လေယာဉ်ဖြင့် လာရောက်ခဲ့ပြီး ထိုသို့လာရောက်ရာတွင် ထားဝယ်မြို့နယ်၊ မောင်းမကန်ဒေသရှိ မောင်းမကန် ဘုတ်ကျွန်းနှင့် လောင်းလုံ ဘုတ်ကျွန်းများသို့ သွားရောက်ခဲ့ကာ မတ်လ ၂၂ ရက် နံနက် ၈ နာရီတွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားခဲ့သည်။

အဆိုပါ ခရီးစဉ်အတွင်း ၎င်းသည် ထိုင်းကုမ္ပဏီက ဦးစီးလုပ်ဆောင်နေသည့် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းသို့လည်း သွားရောက်ခဲ့ပြီး ယင်းရေနက်ဆိပ်ကမ်းတွင်ပင် ညအိပ်ခဲ့ကြောင်း သိရသည်။

သက်ဆင် လာရောက်လေ့လာသည့် ကျွန်းများအား စင်ကာပူလုပ်ငန်းရှင်များကလည်း အပန်းဖြေစခန်း တည်ဆောက်ရန် စိတ်ဝင်စားမှုများ ရှိနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
Eleven Media Groupတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နှင့် ပြင်ဦးလွင်မြို့၌ ဧပြီလ ၁၆ ရက်က တွေ့ဆုံခဲ့ကြောင်းထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ၏ ဖေ့ ဘွတ်စ် စာမျက်နှာတွင် ဖော်ပြထားချက်အရ သိရသည်။
တွေ့ဆုံမှု အသေးစိတ်နှင့် စပ်လျဉ်း၍ သက်ဆင်က ရေးသားထားခြင်း မရှိဘဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ၎င်းက သပြေခက်ဖြင့် ရေပက်နေသည့်ပုံကို ၎င်း ၏ ဖေ့ဘွတ်စ်စာမျက်နှာတွင် တင်ထားသည်ကို တွေ့ရသည်။ထို့ပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား သွားရောက် တွေ့ဆုံရခြင်းနှင့် ပတ်သက်၍လည်း ဂုဏ်ယူ ၀မ်းမြောက်မိပါကြောင်းနှင့် မြန်မာနှစ်သစ်ကူး သင်္ကြန်ပွဲတော်ကိုလည်း ဆင်နွှဲခွင့် ကြုံရသည့်အတွက် ၀မ်းသာမိပါကြောင်း ထိုင်းဘာသာဖြင့် ရေးသားထားသည်ကို တွေ့ရသည်။
သက်ဆင်က ၎င်းအနေဖြင့် ပြင်ဦးလွင်မြို့သို့ ပထမဆုံးအကြိမ် ရောက်ရှိခြင်းဖြစ်ပြီး ရာသီဥတုကိုလည်း အ လွန် နှစ်သက်ကြောင်းနှင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့ကြကြောင်း ရေးသားထားသည်။ သက်ဆင် သည် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်အား ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကလည်း နေပြည်တော်သို့ လာရောက်တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံတွင် ဖော်ဆောင်နေသော နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်း လဲရေး များ၊ အာဆီယံ၏ အနာဂတ်နှင့် ဒေသတွင်းကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် လက်ရှိထိုင်းဝန်ကြီးချုပ် ယင်လက်ရှင်နာဝပ်၏ အစ်ကိုဖြစ်သူ သက်ဆင်သည် မြန်မာနိုင်ငံ ထားဝယ် သို့ ပြီးခဲ့သည့် မတ်လ ၂၁ ရက်ကလည်း ကိုယ်ပိုင်လေယာဉ်ဖြင့် လာရောက်ခဲ့ပြီး ထိုသို့လာရောက်ရာတွင် ထားဝယ်မြို့နယ်၊ မောင်းမကန်ဒေသရှိ မောင်းမကန် ဘုတ်ကျွန်းနှင့် လောင်းလုံ ဘုတ်ကျွန်းများသို့ သွားရောက်ခဲ့ကာ မတ်လ ၂၂ ရက် နံနက် ၈ နာရီတွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားခဲ့သည်။

အဆိုပါ ခရီးစဉ်အတွင်း ၎င်းသည် ထိုင်းကုမ္ပဏီက ဦးစီးလုပ်ဆောင်နေသည့် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းသို့လည်း သွားရောက်ခဲ့ပြီး ယင်းရေနက်ဆိပ်ကမ်းတွင်ပင် ညအိပ်ခဲ့ကြောင်း သိရသည်။

သက်ဆင် လာရောက်လေ့လာသည့် ကျွန်းများအား စင်ကာပူလုပ်ငန်းရှင်များကလည်း အပန်းဖြေစခန်း တည်ဆောက်ရန် စိတ်ဝင်စားမှုများ ရှိနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
Eleven Media Group

No comments:

Post a Comment

My Blog List