Friday, April 19, 2013

အမေရိကန်တွင် ဓာတ်မြေသြဇာစက်ရုံ ပေါက်ကွဲမှုကြောင့် လူ ၇၀ နီးပါး သေဆုံး

Photo: အမေရိကန်တွင် ဓာတ်မြေသြဇာစက်ရုံ ပေါက်ကွဲမှုကြောင့် လူ ၇၀ နီးပါး
 သေဆုံး
Thursday, 18 April 2013 

အမေရိကန်နိုင်ငံ တက္ကဆက် ပြည်နယ် ၀ါကိုမြို့ပြင်ရှိ  ဓာတ်မြေသြဇာ
စက်ရုံတွင် ဧပြီ ၁၇ရက် ညနေပိုင်းက ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ၆၀မှ ၇၀အကြား သေဆုံးခဲ့ပြီး လူရာပေါင်းများစွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

စက်ရုံပေါက်ကွဲမှုကြောင့် အနီးရှိ အဆောက်အအုံ အမြောက်အမြား မီးလောင်ခြင်းနှင့် ပြိုကျခြင်းများ ဖြစ်ပွားခဲ့သည်။

ယင်းအနက် အဆောက်အအုံတစ်လုံးတွင် လူအများ ပိတ်မိနေခဲ့ရာ ယင်းအဆောက်အအုံအား အရေးပေါ် လူနာ ကုသရာ နေရာအဖြစ် အသုံးပြုလျက်ရှိကြောင်း မီးသတ်သမားများက ပြောကြားခဲ့သည်။

''ပေါက်ကွဲသံဟာ ကျွန်တော်တို့ အနီးမှာ ဗုံးသုံးလုံး ပေါက်ကွဲသွား
သလိုပါပဲ''ဟု ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။        

ပါက်ကွဲမှု အကြောင်းအရင်းကို မသိရသေးသော်လည်း အမိုးနီးယား
ဓာတ်ငွေ့ ပေါက်ကွဲမှု ဖြစ်နိုင်ကြောင်း ၀ါကိုမြို့ မီးသတ်လက်ထောက် အရာရှိချုပ် ဒွန်ယေဂါက ပြောကြားခဲ့သည်။

eleven media groupအမေရိကန်နိုင်ငံ တက္ကဆက် ပြည်နယ် ၀ါကိုမြို့ပြင်ရှိ ဓာတ်မြေသြဇာ
စက်ရုံတွင် ဧပြီ ၁၇ရက် ညနေပိုင်းက ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ၆၀မှ ၇၀အကြား သေဆုံးခဲ့ပြီး လူရာပေါင်းများစွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။စက်ရုံပေါက်ကွဲမှုကြောင့် အနီးရှိ အဆောက် အအုံ အမြောက်အမြား မီးလောင်ခြင်းနှင့် ပြိုကျခြင်းများ ဖြစ်ပွားခဲ့သည်။
ယင်းအနက် အဆောက်အအုံတစ်လုံးတွင် လူအများ ပိတ်မိနေခဲ့ရာ ယင်းအဆောက်အအုံအား အရေးပေါ် လူနာ ကုသရာ နေရာအဖြစ် အသုံးပြုလျက်ရှိကြောင်း မီးသတ်သမားများက ပြောကြားခဲ့သည်။

''ပေါက်ကွဲသံဟာ ကျွန်တော်တို့ အနီးမှာ ဗုံးသုံးလုံး ပေါက်ကွဲသွား သလိုပါပဲ''ဟု ဒေသ ခံတစ်ဦး က ပြောကြားခဲ့သည်။ ပါက်ကွဲမှု အကြောင်းအရင်းကို မသိရသေးသော်လည်း အမိုးနီး ယား ဓာတ်ငွေ့ ပေါက်ကွဲမှု ဖြစ်နိုင်ကြောင်း ၀ါကိုမြို့ မီးသတ်လက်ထောက် အရာရှိချုပ် ဒွန်ယေဂါ က ပြောကြား ခဲ့သည်။

eleven media group

No comments:

Post a Comment

My Blog List