Saturday, April 20, 2013

ရော်ဘာဝင်ငွေက စားသောက်ကုန်ဈေးကွက်ကို လှုပ်ခတ်လာ

Photo: ရော်ဘာဝင်ငွေက စားသောက်ကုန်ဈေးကွက်ကို လှုပ်ခတ်လာ
Friday, April 19, 2013

မွန်ပြည်နယ်အတွင်း ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုနှင့် အရောင်းအ၀ယ်ကျ
ဆင်းခြင်းက စားသောက်ကုန်ဈေးကွက်ကို လှုပ်ခတ်လာခဲ့ကြောင်း ဒေသခံ
စားသောက်ကုန်ရောင်းဝယ်ရေးလုပ်ငန်းရှင်ထံက သိရှိရသည်။ 

"ဒီမှာ အဓိကစီးပွားရေးက ရော်ဘာလုပ်ငန်းတွေလေ။ ရော်ဘာလုပ်ငန်းတွေ
မကောင်းတော့ စီးပွားရေး ကြပ်လာကြတယ်။ အဲဒီတော့ စားသောက်
ကုန်တွေ အရောင်းအ၀ယ်အေးတယ်။ စားသောက်ကုန်ဈေး ကလည်း
 ပြန်မကျသေးတာလဲပါတယ်"ဟု မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ် ရွှေ
ဝါချောင်ကျေးရွာမှ စားသောက်ကုန်စုံဆိုင်ပိုင်ရှင် ဒေါ်ငယ်က ပြောသည်။ 

အဆိုပါဒေသတွင် ရော်ဘာလုပ်ငန်းအချို့စိုက်ပျိုးထုတ်လုပ်မှု ရပ်နားထားကြ
ခြင်းကြောင့် အလုပ်သမားအများစုမှာ နယ်စပ်ဒေသများသို့ ပြောင်းရွှေ့
သွားရောက်လုပ်ကိုင်မှုများပိုမိုများပြားလာခဲ့ကြောင်း သိရှိရသည်။ 

"ဒီမှာအလုပ်နည်းနည်းပါးနေတော့ မြ၀တီတက်ပြီးအလုပ်လုပ်မလို့ပါ။ အိမ်ကတော့ ရော်ဘာစိုက်ပါတယ်။ အခုတော့ ခဏရပ်ထားတယ်"ဟု
 မော်လမြိုင်၊ ကျိုက်မရော၊ ငါးပြေမကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။ 

မော်လမြိုင်ဈေးကွက်အတွင်း သင်္ကြန်ကာလမတိုင်မီ ဧပြီလဆန်းပိုင်းမှ
စတင်ကာ စားသောက်ကုန် ပစ္စည်းဈေး နှုန်းများမြင့်တက်ခဲ့ပြီး လက်ရှိအချိန်
(ဧပြီ လကုန်ပိုင်း)ထိ ဈေးကွက်ဈေးနှုန်းများပြန်လည်ကျဆင်းခြင်း မရှိသေး
 ကြောင်း သိရှိရသည်။

“ဈေးက ပြန်မကျလာသေးဘူး။ သင်္ကြန်တွင်းမှာ မြ၀တီဘက်က ကားတွေ
မဆင်းတော့ ကုန်တွေမ၀င်သေး လို့လဲ ဖြစ်နိုင်ပါတယ်။ ကားတွေပြန်ဆင်း
လာရင်တော့ ဈေးနှုန်းတွေ ပြန်ကျသွားနိုင်ပါတယ်” ဟု မော်လမြိုင်မြို့မှ ကုန်သည် ဦးဝင်းနိုင်က ပြောသည်။       

သင်္ကြန်ကာလမတိုင်မီ ကုန်ဈေးနှုန်းအမြဲမြင့်တက်မှုရှိပြီး မော်လမြိုင်
စားသောက်ကုန်ဈေးကွက်မှာ ၂၀၁၂ ခုနှစ် သင်္ကြန်ကာလအပြီးထက် ယခု ၂၀၁၃ ခုနှစ် သင်္ကြန်ကာလ (ဧပြီ)အပြီး အရောင်းအ၀ယ်ဖြစ်ပေါ်မှုသည် ထက်ဝက်ခန့် သိသိသာသာ ကျဆင်းခဲ့ကြောင်း ကုန်စည်တင်ပို့ရောင်း
ချနေသူများက ပြောဆိုသည်။
 

မော်လမြိုင်ဈေးကွက်အတွင်းလက်ရှိ ဖြစ်ပေါ်နေသောကုန်စည်ဈေးနှုန်းများ

အမျိုးအစား               အရေအတွက်             ဈေးနှုန်း

Singha (ဘီယာ)         ၂၄လုံး (တစ်ကတ်)      ၁၀၅၀၀ ကျပ်

Coke (အချိုရည်)        တစ်ကတ်                 ၈၅၀၀ ကျပ်

ယမ်ယမ် (ခေါက်ဆွဲ)     တစ်ဖာ (အထုပ် ၃၀)     ၄၂၀၀ ကျပ်

Birdy (ကော်ဖီမစ်)       တစ်ထုတ်(အထုပ် ၃၀) ၂၅၀၀ ကျပ်

ငါးလိပ်ခြောက်            တစ်ပိဿာ                ၁၀၀၀၀ ကျပ်

Myit Makha Mediagroupမွန်ပြည်နယ်အတွင်း ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုနှင့် အရောင်း အ၀ယ် ကျ ဆင်းခြင်းက စားသောက်ကုန်ဈေးကွက်ကို လှုပ်ခတ်လာ ခဲ့ကြောင်း ဒေသခံ စားသောက်ကုန်ရောင်းဝယ်ရေးလုပ်ငန်းရှင်ထံက သိရှိရသည်။ "ဒီမှာ အဓိကစီးပွားရေး က ရော်ဘာ လုပ်ငန်းေ တွလေ။ ရော်ဘာလုပ်ငန်းတွေမကောင်းတော့ စီးပွားရေး ကြပ်လာကြ တယ်။ အဲဒီတော့ စားသောက်ကုန်တွေ အရောင်းအ၀ယ်အေးတယ်။ စားသောက်ကုန်ဈေး ကလည်းပြန်မကျသေးတာလဲပါတယ်"ဟု မွန်ပြည်နယ်၊ကျိုက်မရောမြို့ နယ် ရွှေ ၀ါချော င်ကျေးရွာမှ စားသောက်ကုန်စုံဆိုင်ပိုင်ရှင် ဒေါ်ငယ်က ပြောသည်။ အဆိုပါဒေသ တွင် ရော်ဘာ လုပ်ငန်းအချို့စိုက်ပျိုးထုတ်လုပ်မှု ရပ်နားထားကြခြင်းကြောင့် အလုပ်သမားအများစုမှာ နယ်စပ်ဒေသများ သို့ ပြောင်းရွှေ့သွားရောက်လုပ်ကိုင်မှုများပိုမိုများပြားလာခဲ့ကြောင်း သိရှိရသည်။
"ဒီမှာအလုပ်နည်းနည်းပါးနေတော့ မြ၀တီတက်ပြီးအလုပ်လုပ်မလို့ပါ။ အိမ်ကတော့ ရော်ဘာစိုက်ပါတယ်။ အခုတော့ ခဏရပ်ထားတယ်"ဟုမော်လမြိုင်၊ ကျိုက်မရော၊ ငါးပြေမကျေးရွာမှ ဒေသခံ တစ်ဦးက ပြော သည်။ မော်လမြိုင်ဈေးကွက်အတွင်း သင်္ကြန်ကာလမတိုင်မီ ဧပြီလဆန်းပိုင်းမှစတင်ကာ စားသောက်ကုန် ပစ္စည်းဈေး နှုန်းများမြင့်တက်ခဲ့ပြီး လက်ရှိအချိန်(ဧပြီ လကုန်ပိုင်း)ထိ ဈေးကွက်ဈေးနှုန်း များပြန် လည်ကျဆင်းခြင်း မရှိသေးကြောင်း သိရှိရသည်။

“ဈေးက ပြန်မကျလာသေးဘူး။ သင်္ကြန်တွင်းမှာ မြ၀တီဘက်က ကားတွေမဆင်းတော့ ကုန်တွေမ၀င်သေး လို့လဲ ဖြစ်နိုင်ပါတယ်။ ကားတွေပြန်ဆင်းလာရင်တော့ ဈေးနှုန်းတွေ ပြန်ကျသွားနိုင်ပါတယ်” ဟု မော်လမြိုင် မြို့မှ ကုန်သည် ဦးဝင်းနိုင်က ပြောသည်။

သင်္ကြန်ကာလမတိုင်မီ ကုန်ဈေးနှုန်းအမြဲမြင့်တက်မှုရှိပြီး မော်လမြိုင်စားသောက်ကုန်ဈေးကွက်မှာ ၂၀၁၂ ခုနှစ် သင်္ကြန်ကာလအပြီးထက် ယခု ၂၀၁၃ ခုနှစ် သင်္ကြန်ကာလ (ဧပြီ)အပြီး အရောင်း အ၀ယ်ဖြစ်ပေါ်မှု သည် ထက်ဝက်ခန့် သိသိသာသာ ကျဆင်းခဲ့ကြောင်း ကုန်စည်တင်ပို့ရောင်းချနေသူများက ပြောဆိုသည်။

မော်လမြိုင်ဈေးကွက်အတွင်းလက်ရှိ ဖြစ်ပေါ်နေသောကုန်စည်ဈေးနှုန်းများ အမျိုးအစား အရေ အ တွက် ဈေးနှုန်း Singha (ဘီယာ) ၂၄လုံး (တစ်ကတ်) ၁၀၅၀၀ ကျပ် Coke (အချိုရည်) တစ်ကတ် ၈၅၀၀ ကျပ် ယမ်ယမ် (ခေါက်ဆွဲ) တစ်ဖာ (အထုပ် ၃၀) ၄၂၀၀ ကျပ် Birdy (ကော်ဖီမစ်) တစ်ထုတ်(အထုပ် ၃၀) ၂၅၀၀ ကျပ် ငါးလိပ်ခြောက် တစ်ပိဿာ ၁၀၀၀၀ ကျပ်

Myit Makha Mediagroup

No comments:

Post a Comment

My Blog List