Saturday, April 20, 2013

 နည်းပညာ တိုးတက်လာခြင်း တို့နှင့် အတူ ဆန်းသစ် တီထွင် မှု များကြောင့် အွန်လိုင်း ဂိမ်းများမှာ အမျိုးအစား စုံလင်လှသည်။ အချို့ ဂိမ်း များသည် ကစားသူများအား  တကယ့် လက်တွေ့ ဘဝတွင် ကြုံတွေ့ နေရ သလို  စိတ်ထဲတွင် ထင်မြင်လာအောင် ဆွဲဆောင် ထားနိုင် ကြသည်။ယခုအခါ ဂိမ်းကစားခြင်းကို ကလေးများ သာမက လူကြီးများပင် စွဲလမ်းနေကြပြီး
ဖုန်းများတွင် ဒေါင်းလော့ လုပ်ကာ ဘတ်စကား စီးရင်း၊ လက်ဖက်ရည်ဆိုင် ထိုင်ရင်းစသော အားလပ်ချိန် အနည်းငယ် ကလေးမှာပင် ကစားနေ ကြသည်ကို တွေ့လာရသည်။ အချို့မှာ ညဘက် ညဥ့်နက်သည် အထိ အိပ်ပျက် ခံလာကြသည်။
နာရီပေါင်းများစွာ ထိုင်၍ ဂိမ်းကစားခြင်း၊ ဂိမ်းစွဲနေခြင်းသည် ကျန်းမာရေး အတွက် ဆိုးကျိုး ကို ဖြစ်စေနိုင်ကြောင်း သိရှိကြသော်လည်း အလေ့အကျင့်ကို ဖျောက်ဖျက်ရန် စိတ်မနိုင်ကြပေ။ ညဥ့်နက် သည် အထိ ဂိမ်းကစားခြင်းကြောင့် အိပ်ရေးပျက်စေနိုင်ရုံ သာမက အိပ်တော့ မည် ဆိုလျှင် လည်း မြင်ယောင်နေပြီး အိပ်ပျော်ရန် ခက်ခဲနေမည် ဖြစ်သည်။
ဂိမ်းကစားခြင်းသည် အကောင်းဆုံး အချိန်ဖြုန်းနည်း တစ်ခုဖြစ်ပြီး ပျော်ရွှင်မှု ရရှိစေနိုင်သည့် အားသာ ချက်လည်း ရှိနေသည်။ထို့ကြောင့် အလွန်အကျွံ မဖြစ်စေရန် နားသင့်သည့် အချိန်တွင် အနားယူကြ ရမည်။ ဂိမ်းကစား ပြီးလျှင် ကစားနေသည့် ထိုင်ခုံ၊ ခုတင်ပေါ်က ထလိုက်ပါ။ အပြင်ထွက်ပြီး လမ်းလျှောက် သို့မဟုတ် ကလေး များနှင့် ကစားပါ။ ခြံဝင်းကို သန့်ရှင်းရေး လုပ်လိုကလည်း ပြုလုပ်လိုက်ပါ။ ဂိမ်းကစားခြင်းသည် စွဲစေနိုင်သလို ကျန်းမာရေးကိုလည်း ဆိုးကျိုးဖြစ်စေနိုင် သဖြင့် မည်သည့် ကိုယ်လက် လှုပ်ရှားမှုကို မဆို ပြုလုပ်ခြင်းသည် တစ်ဆက်တည်း ထိုင်ပြီးဂိမ်း ကစားခြင်းထက်  များစွာ အထောက် အကူ ဖြစ်စေနိုင်သည်။     
(နန္ဒာဝင်း)

No comments:

Post a Comment

My Blog List