Saturday, April 20, 2013

နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ယနေ့(ဧပြီ ၂၀)တွင် ကျရောက်သော ၆၈နှစ်မြောက်မွေးနေ့ကို ဆုတောင်းသည့်အနေနှင့် လူငယ်ဂရပ်ဖစ်တီ သမား အာကာကျော်က သမ္မတ၏ပုံတူဂရပ်ဖစ်တီကိုချော်တွင်းကုန်း မီးပွိုင့်အနီးတွင် ယနေ့နံနက်ကရေးဆွဲထားခဲ့သည်။ သမ္မတ ၏ မွေးနေ့ကို ဂုဏ်ပြုလိုသဖြင့် နံနက် ၄နာရီတွင် စတင်ရေး ဆွဲခဲ့ ကြောင်း အာကာကျော်ကပြောကြားသည်။ “ကျွန်တော်ကြောက်ေ ကြာက်နဲ့ဆွဲခဲ့ရတာ။ ဒီတစ်ခေါက်ဆွဲတာ သိပ်အားမရပါဘူး”ဟု အာကာကျော်ကပြောသည်။
သမ္မတဦးသိန်းစိန်၏ ပုံတူ ဂရပ်ဖစ်တီကို ယနေ့ မွန်းလွဲတစ်နာရီတွင် အာဏာပိုင်များက လာရောက် ဖျက်ပစ်လိုက်ပြီဖြစ်ကြောင်းသတင်းရရှိသည်။ ပြီးခဲ့သောနှစ်ကလည်း သမ္မတပုံတူကို ရေးဆွဲခဲ့ပြီး ယခုလို ပင် နာရီပိုင်းအကြာတွင် ဖျက်ခြင်းခံခဲ့ရဖူးသည်။

ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)

No comments:

Post a Comment

My Blog List