ကမ္ဘောဒီးယားနိုင်ငံမှာကျင်းပမယ့် အရှေ့တောင်အာရှနိုင်ငံများ
ထိပ်သီးဆွေးနွေးပွဲကို တက်ရောက် ရင်း မြန်မာနိုင်ငံကို သွားလည်ပတ်မယ့်
အမေရိကန်သမ္မတ အိုဘားမားရဲ့ ခရီးစဉ်အတွင်းမှာ လူ့အခွင့်အရေး အခြေအနေတွေ
တိုးတက်လာဖို့အတွက် မြန်မာအစိုးရကို ဖိအားပေးတောင်းဆိုဖို့
အမေရိကန်အခြေစိုက် Freedom House လို့ခေါ်တဲ့ လူ့အခွင့်ရေးအဖွဲ့ ကြီးက
တိုက်တွန်းတဲ့ ကြေညာချက်တစ်စောင်ကို မနေ့က ထုတ်ပြန်လိုက်ပါတယ်၊
မြန်မာအစိုးရနဲ့ သမ္မတ အိုဘားမာတွေ့ဆုံစဉ်မှာ သူတို့အနေနဲ့ အချက် ၃
ချက်ကို ဖိအားပေးတောင်းဆိုစေ ချင်ပါတယ်လို့ Freedom House
အဖွဲ့ရဲ့အာရှရေးရာ ဒါရိုက်တာ Sue Vaughn က RFA ကိုပြောပါတယ်၊
ပထမဆုံးအနေနဲု့ သမ္မတ အိုဘားမား မြန်မာနိုင်ငံကို ရောက်နေစဉ်အတွင်း
အကျဉ်းထောင်တွေ ထဲမှာ နိုင်ငံရေးအကျဉ်းသား တစ်ယာက်မကျန် လွှတ်ပေးစေချင်ပါတယ်။
ဒါဟာ သိပ်ကိုအရေးကြီးတဲ့ အချက်
ဖြစ် ပါတယ်။
ဒုတိယအနေနဲ့ကတော့ ရခိုင်ပြည်နယ်တွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပြသနာတွေမှာ
နိုင်ငံတကာ လူ့အခွင့်ရေး စံချိန် စံနှုန်းတွေနဲ့အညီ ရိုဟင်ဂျာပြဿနာကို
တရားဝင်နည်းလမ်းတကျ အကာအကွယ်ပေးကိုင်တွယ်ဖို့ လိုပါ တယ်။
တတိယကတော့ ကချင်ပြည်နယ်အပါအ၀င် တခြားတိုင်းရင်းသားဒေသတွေမှာ
စစ်တပ်တွေကျူးလွန်နေတဲ့ လူ့အခွင့်ရေးချိုးဖောက်နေတာတွေ
ချက်ချင်းရပ်ဆိုင်းပေးဖို့ ဖြစ်ပါတယ်လို့ မစ္စ Sue Vaughn ပြောပါတယ်၊
ဒါ့အပြင် သမ္မတ အိုဘားမား မြန်မာပြည်ကိုသွားမယ်ဆိုတာ အနည်းငယ်အချိန်စောနေသေးတယ် လို့ မြင်ပါ တယ်။ မနှစ်ကစလို့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွေစနေပြီဆိုပေမယ့် ပြီးပြည့်စုံတဲ့ အခြေအနေတခု အထိတော့ မရှိသေးပါဘူး။
ဒါ့အပြင် သမ္မတ အိုဘားမား မြန်မာပြည်ကိုသွားမယ်ဆိုတာ အနည်းငယ်အချိန်စောနေသေးတယ် လို့ မြင်ပါ တယ်။ မနှစ်ကစလို့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွေစနေပြီဆိုပေမယ့် ပြီးပြည့်စုံတဲ့ အခြေအနေတခု အထိတော့ မရှိသေးပါဘူး။
အပြောင်းအလဲတွေဟာ အနည်းငယ်ဆိုပေမယ့် အကောင်းဖက်ဦးတည်တဲ့ တိုးတက်တဲ့
အပြောင်းအလဲ
တွေလို့ ကျမတို့ လက်ခံထားပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ
နေ့စဉ်လိုလို တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်ရေးချိုးဖောက်မှုတွေရှိနေတာဟာ
တကယ့်ကို စိုးရိမ်စရာ အနေအထားတွေမှာပဲ ရှိနေပါသေး တယ်လို့ Freedom House
အဖွဲ့ရဲ အာရှရေးရာ ဒါရိုက်တာ Sue Vaughn ပြောပါတယ်။
No comments:
Post a Comment