Saturday, October 06, 2012

ဦးဘရန်ရှောင်အမှု စွဲချက်တင်သင့် မတင်သင့် ဆုံးဖြတ်မည်


ချင်းမိုင်(မဇ္စျိမ) ။         ။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO အဖွဲ့ဝင်ဟူသော စွပ်စွဲချက်ဖြင့် တရားရင်ဆိုင်နေရသော ဦးလထော် ဘရန်ရှောင်၏ အမှုကို အောက်တိုဘာလ ၁၂ ရက်နေ့တွင် စွဲချက် တင်သင့်/ မတင်သင့် ဆုံးဖြတ်ချက် ချမည်ဟု သိရသည်။

သောကြာနေ့ ပြည်နယ်တရားရုံးတွင် တရားလိုပြသက်သေအဖြစ် ဒုတိယ မြို့နယ် တရားသူကြီး ဦးဇော်လင်းထွန်း အား နှစ်နာရီခွဲကြာ စစ်ဆေးမေးမြန်းခဲ့ပြီး ဖြစ်၍ လာမည့် ရှေ့သီတင်းပတ်တွင် နှစ်ဖက် ရှေ့နေများ လျှောက်လဲမည်
ဖြစ်သည်။

ဦးဘရန်ရှောင်သည် KIO ဝန်ထမ်းမဟုတ်သလို၊ သာမန်ပြည်သူတဦးသာဖြစ်ပြီး သူ့အား စရဖမှ မတရား နှိပ်စက် ရိုက်နှက်ထားခြင်းနှင့် အတင်းအဓမ္မ ဝန်ခံစေ၍ ဖြောင့်ချက် ရယူခြင်းသာ ဖြစ်၍ ဦးဘရန်ရှောင်၏ အမှုအား စွဲချက် မတင်သင့်ကြောင့် လျှောက်လဲမည်ဟု ရှေ့နေ ဦးဂျီမာခါးက ပြောသည်။

တရားသူကြီး ဦးဇော်လင်းထွန်းသည် ဦးဘရန်ရှောင်အား ဇွန်လ ၂၉ ရက်နေ့က ဖြောင့်ချက်ယူခဲ့သူ တဦးဖြစ်သော် လည်း ထိုသို့ ဖြောင့်ချက်ယူစဉ်က မည်သည့် ဒဏ်ရာမှ မတွေ့ခဲ့ရကြောင်း ယနေ့ ထွက်ဆိုသွားသည်ဟု ရှေ့နေ ဦးဂျီမာခါးက ပြောသည်။

“တရားသူကြီးက ဒဏ်ရာတွေ မတွေ့ဘူးဆိုပြီးပြောတယ်။ ဒါက စိတ်ပျက်ဖို့ ကောင်းတယ် တရားသူကြီးက ဇွန်လ ၂၉ ရက်နေ့မှာ စစ်တယ်။ ကျနော်တို့က ဇူလိုင် ၂ ရက်နေ့ ကျနော်တို့နဲ့ တွေ့တယ်။ အဲဒီမှာ ဒဏ်ရာဒဏ်ချက်တွေ တွေ့ရ တယ်။ ဦးဘရန်ရှောင် ပြောတာလည်း သူ့ကို စရဖက ဘယ်လို နှိပ်စက် တယ် ဆိုတာ အကုန်ပြောပြတယ်။ အဲဒါကို တရားသူကြီးက ဘာဒဏ်ရာမှ မတွေ့ဘူးဆိုပြီး ပြောသွားတယ်” ဟု သူက မဇ္စျိမကို ပြောသည်။ ဦးဘရန်ရှောင် အား ဇွန်လ ၁၂ ရက်နေ့က ဖောက်ခွဲရေးဆိုင်ရာ ပုဒ်မ ၃ ဖြင့် ဒုက္ခသည် စခန်းအတွင်းမှ အမှတ်(၁) ရဲစခန်းမှ ဒုစရိုက်နှိမ်နင်းရေးအဖွဲ့ ဒုရဲအုပ် ကျော်မျိုးနိုင်နှင့် အဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် စရဖ လက်သို့လွှဲပြောင်းပေး ခဲ့သည်။ ထို့နောက် မတရားအသင်း ပုဒ်မ ၁၇ ဖြင့် ပြန်လည် တရားစွဲဆို ထားခြင်း ဖြစ်သည်။

ဦးဘရန်ရှောင်အား စရဖ ရုံးတွင် နှိပ်စက်ညှင်းပန်းခြင်းများ ရှိခဲ့သည်ဟု သူ၏ ဇနီးဖြစ်သူ   ဒေါ်ဇညွယ်နှင့် ရှေ့နေက မဇ္စျိမကို မကြာမီက ပြောဆိုထားသည်။

No comments:

Post a Comment

My Blog List