Saturday, October 06, 2012

ကချင်ရိုးရာယဉ်ကျေးမှုနှင့် ကုန်သွယ်ရေးရုံး မိုင်ဂျာယန်တွင်ဖွင့်

တရုတ်ပြည်နယ်စပ်နှင့်ထိစပ်နေသော ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ကချင်တပ်မဟာ(3) ထိန်းချုပ်ရာနယ်မြေ မိုင်ဂျာယန်မြို့တွင် ကချင်လုပ်ငန်းရှင်များနှင့် ပြည်သူလူထုပူးပေါင်းပါ0င် သည့် Kachin International Trading and Cultural Exchange Society (KITCES) အဖွဲ့ရုံးခန်းကို အောက်တိုဘာ 6 ရက် ယနေ့ဖွင့်လှစ်သည်ဟုသတင်းရရှိသည်။



ကချင်အမျိုးသားယဉ်ကျေးမှု မပပျောက်ရေး ၊ ဘိန်းပပျောက်ရေး၊ ဒုက္ခသည် တွေ စားဝတ်နေရေး နဲ့ ပညာတတ်မြောက်ရေး စတဲ့ ကချင်ပြည်သူတွေရဲ့အကျိုး ကိုအဓိက လုပ်ဆောင်သွားမယ် ဟု KITCES  ဥက္ကဌ ဦးဓါမျှာမောရှေ (Da Mya Maw She)က ပြောပြသည်။


ရုံးဖွင့်ပွဲသို့ ဖိတ်ကြားထားသည့် တရုတ်နယ်စပ်မှ ကချင်ကုန်သည်များ ၊ရှမ်းမြောက်မှ ကိုယ်စားလှယ်အပြင် အိန္ဒိယနိုင်ငံမှကချင်ကိုယ်စားလှယ်များလည်း တက်ရောက် ကြကြောင်းသိရသည်။

ထို့အပြင် ကချင်လူမျိုးများ စီးပွားရေးလုပ်ငန်း ကျွမ်းကျင်လာအောင် အဖွဲ့အနေဖြင့် ကွင်းဆင်းပညာပေးမည်ဖြစ်ကြောင်း ဘိန်းအစားထိုး သစ်ခွပန်းစိုက်လုပ်ငန်း ကိုလည်း ဖြစ်မြောက်အောင် ဆောင်ရွက်သွားပေး ဟု KITCES  ဖြစ်မြောက်ရေးကော်မတီဝင် ဦးအင်ခွမ်ဂမ်က ပြောပြသည်။

ဘိန်းတိုက်ဖျက်ရေး လုပ်ငန်းဟာကချင်ပြည်နယ်မှာ မလုပ်လို့မဖြစ်တဲ့အရာတခုပါ ။ ဘိန်းကြောင့်ကချင်လူထု ပျက်စီးတာများလှပြီဟု ၄င်းက ဆက်ပြီးပြောပြသည်။

ယခုချိန်သည် မြန်မာအစိုးရတပ်နှင့် KIA ကြားတိုက်ပွဲများကြောင့် မငြိမ်မသက််ဖြစ်သော်လည်း အားလုံးညီညွတ်စွာလက်တွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ အကောင်အထည်ဖော် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကိုလည်း ရုံးဖွင့်ပွဲတက်ရောက်လာသည့် ပြည်သူလူထု ၊ လုပ်ငန်းရှင်များနှင့် ညှိနှိုင်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း
   KITCES  ဥက္ကဌ ဦးဓါမျှာမောရှေ (Da Mya Maw She) ဆိုသည်။

No comments:

Post a Comment

My Blog List