Saturday, October 06, 2012

အားကစားသမားများ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာချိန်အထိ ဧည့်ဝတ် ကျေပွန်ရန်လို





(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအား အဆင့်မြင့်မြင့် ကျင်းပပြီး မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှု၊ ဖော်ရွေမှု၊ သန့်ရှင်းမှုတို့ကိုပါ ပြသရန် အိမ်ရှင်နိုင်ငံ အခွင့်အရေးအား အမိအရ ယူ၍ မြန်မာ့အားကစား အဆင့်တစ်ခုအထိ မြင့်မားအောင် ဆောင်ရွက်ပြီး အာရှအဆင့်၊ ကမ္ဘာ့အဆင့် တက်လှမ်းနိုင်ရေး ဦးတည်ချက်ဖြင့် ဆောင်ရွက်လျက်ရှိရာ နိုင်ငံတကာမှ လာရောက်ကြမည့် ဧည့်သည်တော်များနှင့် အားကစားသမားများအား နေပြည်တော်နှင့် ရန်ကုန်အပြည်ပြည် ဆိုင်ရာ   လေဆိပ်သို့ ရောက်ရှိချိန်မှ စတင်ကာ ပြိုင်ပွဲပြီးဆုံးပြီး   မြန်မာနိုင်ငံမှ   ပြန်လည်ထွက်ခွာချိန် အထိ   နိုင်ငံတကာအဆင့်မီမီဖြင့် ဧည့်ဝတ်ကျေပွန်စွာ ပို့ဆောင်ပေးကြရမည် ဖြစ်ကြောင်း၊ အားကစားပြိုင်ပွဲကြီး အောင်မြင်စွာ ကျင်းပပြီးစီးရေးတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည့် မိမိတို့ဆပ်ကော်မတီအနေဖြင့် ပြိုင်ပွဲဝင် အားကစားသမားများနှင့် ဧည့်သည်တော်များအား သက်ဆိုင်ရာဒေသနှင့် အားကစားရွာများသို့ ပို့ဆောင်ပေးရေး၊ အားကစားရွာမှ ပြိုင်ပွဲကျင်းပမည့်   နေရာများသို့ ပို့ဆောင်ရာတွင် အရေးကြီးပုဂ္ဂိုလ်များနှင့် အားကစား အဖွဲ့ခေါင်းဆောင်များအတွက် သီးသန့်ယာဉ်များ စီစဉ်ပေးရေး၊ Shuttle Bus များ နေ့စဉ် ပြေးဆွဲရေးတို့ကို ဆောင်ရွက်ကြရာ၌ အားနည်းချက်များ မရှိစေရေးနှင့် အောင်မြင်စွာ ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်းဖြင့် အောက်တိုဘာ ၅ ရက်နေ့ နံနက် ၉ နာရီတွင် ပို့ဆောင်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ သယ်ယူပို့ဆောင်ရေး ဆပ်ကော်မတီနှင့် ဖိတ်ကြားရေးနှင့် ကြိုဆိုဆက်သွယ် ဆက်ဆံရေး ဆပ်ကော်မတီတို့၏ စတုတ္ထအကြိမ် ညှိနှိုင်းအစည်း အဝေး၌ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ သယ်ယူပို့ဆောင်ရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်က ပြောကြားသည်။ ယင်းနောက် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူက နေပြည်တော်၌ လက်ခံ ကျင်းပနိုင်မည့် အားကစားနှင့် အားကစားအမျိုးအစားနှင့် အရေအတွက် ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင် ကြမည့် အားကစားသမားများနှင့် ဧည့်ပရိသတ်များ တည်းခိုနေထိုင် စားသောက်သွားလာရေး ကိစ္စရပ်များ တွင် အဆင်ပြေ ချောမွေ့စေရေးအတွက် စီမံဆောင်ရွက်သွားကြရန် လိုအပ်သည့်ကဏ္ဍများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် ဖိတ်ကြားရေးနှင့် ကြိုဆိုဆက်သွယ် ဆက်ဆံရေးဆပ်ကော်မတီဥက္ကဋ္ဌ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦဟန်စိန်၊ အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းထိုက်၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးချန်မောင်နှင့် တာဝန်ရှိသူများက အားကစားပြိုင်ပွဲနှင့် စပ်လျဉ်း၍ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို (၈.၁၂.၂၀၁၃) မှ (၂၂.၁၂.၂၀၁၃) အထိ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် ငွေဆောင်တို့၌ အားကစားနည်းပေါင်း ၄၂ မျိုးဖြင့် ယှဉ်ပြိုင်ကျင်းပသွားမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

My Blog List