Tuesday, June 12, 2012

အစ္စလာမ္မစ်အစွန်းရောက် ကမ္ဘာကြီးအတွက် အယ်လ်ကိုင်ဒါမှ ရိုဟင်ဂျာသို့


          ကျွန်တော်က နိုင်ငံရေးသမားတော့မဟုတ်ပါဘူး။ လန်ဒန်မှာကျောင်းတတ်နေတာပါ။ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးနဲ့ ပတ်သတ်ပြီး ကျွန်တော်စာတမ်းပြုစုနေတဲ့အချိန်မှာ ကျောက်နီမော်ရွာက မသီတာထွေး အသတ်ခံ ရတဲ့သတင်း မြန်မာပြည်က အင်တာနက်စာမျက်နှာတွေမှာ တွေ့လိုက်ရတယ်။ ကိုယ့်တိုင်းပြည်အရေးကိစ္စဖြစ်နေ တော့ တောက်လျှောက်စောင့်ကြည့်ဖြစ်တယ်။ ဒီမှာကျောင်းတတ်နေကြတဲ့ ကိုယ့်နိုင်ငံသားတွေ အချင်းချင်းလည်း ဒီကိစ္စဆွေးနွေးကြတယ်။ တစ်ယောက်အမြင်တစ်မျိုးစီပေါ့။ တောင်ကုတ်၊ ဘူးသီးတောင်၊ မောင်းတောမှာ ရှိတဲ့ သူငယ်ချင်းတွေဆီကိုလည်း ဖုန်းအဆက်အသွယ်တောက်လျှောက်ရခဲ့တယ်။ ဒါနဲ့ ကျွန်တော်ပြုစုနေတဲ့ စာတမ်းနဲ့ ဆက်စပ်ပြီးပြောရအုံးမယ်။ ကမ္ဘာမှာမူးယစ်ဆေး အဓိကထွက်တဲ့ နေရာကတော့ အားလုံးသိတဲ့အတိုင်းပဲ ရွှေတြိဂံနဲ့ အာဖဂန်နစ္စတန်နေရာတွေပဲ။ ဒီနေရာမှာ ရခိုင်က ရိုဟင်ဂျာတွေနဲ့ ဆက်စပ်နေတာတွေ့ရတယ်။ အယ်လ်ကိုင်ဒါတွေ ဟာ အာဖဂန်နယ်စပ်မှာ ဒေသခံတွေနဲ့ပေါင်းပြီး ဘိန်းအကြီးအကျယ်စိုက်တယ်။ ပြီးရင်တစ်ကမ္ဘာလုံးကို ကုန်ချော ထုတ်ပြီး ဖြန့်တယ်။ ရတဲ့ငွေနဲ့ အစ္စလာမ္မစ်အစွန်းရောက်တွေကိုမွေးပြီး အစ္စလာမ္မစ် ကမ္ဘာကြီး ထူထောင်ဖို့ကြိုးစားတော့တာပဲ။ ဘာသာကွဲတွေကို ရန်သူလိုသဘောထားတယ်။ လူတွေကို အစုလိုက် အပြုံလိုက် သတ်တာ သူတို့အတွက် ကုသိုလ်ရတယ်။ ဘုရားသခင်ရဲ့ စေခိုင်းချက်လို့ ယုံကြည်ကြတယ်။  အယ်ကိုင်လ်ဒါ စစ်သွေးကြွတွေ တစ်ကမ္ဘာလုံးမှာ ကွန်ရက်တည်ဆောက်ထားတယ်။ ကျွန်တော်တို့မောင်းတောနယ်စပ်ဟာ သူတို့ရဲ့ ဆက်သွယ်ဖို့နဲ့ မူးယစ်ဆေးကုန်ကူးဖို့ ကြားခံနေရာတစ်ခုလို သတ်မှတ်ပြီး ဘင်္ဂါလီတွေကို ရိုဟင်ဂျာအဖြစ်မွေးတယ်။ ဘာသာရေးနဲ့ လူမျိုးရေးနွယ်ပြီး အစ္စလာမ္မစ်ကမ္ဘာဖြစ်ဖို့ ဇာတ်သွင်းတယ်။

သင်တန်းပေးထားတဲ့ မော်လ၀ီဘာသာရေးဗလီဆရာတွေလွှတ်ပြီး ဆဲလ်တွေပွားတယ်၊ နိုင်ငံတကာအဖွဲ့ အစည်းတွေရဲ့ အထောက်အပံ့တွေနဲ့ ဘူးသီးတောင်၊ မောင်တော၊ မေယုတောင်တန်းဒေသကို ရိုဟင်ဂျာ ပြည်နယ်အဖြစ်နဲ့ ခွဲထွက်ခွင့်တောင်းလာတယ်။ ၁၉၉၄ ခုနှစ်လောက်မှာ ရိုဟင်ဂျာသူပုန်တွေနဲ့ ဗမာစစ်တပ်နဲ့ တိုက်ပွဲတွေဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ပြန်ဝင်ပြေးတယ်။ ဒါပေမဲ့ သူတို့ရဲ့လှုပ်ရှားမှုတွေရပ်မသွားဘဲ နည်းလမ်းမျိုးစုံနဲ့ လှုပ်ရှားလာတယ်။ အခုဖြစ်ပျက်တာတွေကိုကြည့်ရင် တွေ့ရပါလိပ်မယ်။ မသီတာထွေး အဖြစ်နဲ့ပတ်သတ်ပြီး လှုံ့ဆော်တဲ့စာတွေ၊ နိုးဆော်တဲ့စာတွေကပ်တယ်။ တောင်ကုတ်မှာ ရခိုင်-မွတ်စလင် အရေးအခင်းဖြစ်တယ်။ အဲ့ဒီကနေ ဘူးသီးတောင်-မောင်တောဘက်မှာ ထပ်ပြီးကူးစက်အောင်လုပ်တယ်။ စစ်တွေပါဆက်သွားတယ်။ ပြည်မထဲက ရန်ကုန်၊ ကျောက်ပန်တောင်းထိအောင် ဆော်သြလာတာတွေ့ရတယ်။ ဒီလို Crisis ဖြစ်လာမှ နိုင်ငံတကာအားကိုးယူပြီး ကိုဖီအားနန်လိုအဖွဲ့မျိုးက ကြားဝင်စေ့စပ်ပေးမယ်။ အဲ့ဒီအခါမှာ သူတို့လိုချင်တဲ့ ရိုဟင်ဂျာပြည်နယ်တောင်းမယ်။ ၂၁ ရာစု အစ္စလာမ္မစ်စစ်သွေးကြွကမ္ဘာကြီးအတွက်ပေါ့ဗျာ။ ဘင်္ဂါလီတွေကို သားကောင်ဖြစ်အောင်လုပ်နေတာ၊ ဗမာပြည်မှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေကို အသုံးချ နေတာ။ အခုဆိုရင် စစ်တွေမှာ ဘင်္ဂါလီတွေ ကိုယ့်အိမ်ကိုယ်မီးရှို့ခိုင်းတယ်။ စစ်တွေကနေ ဘူးသီးတောင်ကို သွားတဲ့ မေယုမြစ်တစ်လျှောက်မှာရှိတဲ့ ဘင်္ဂါလီရွာတွေ ကိုယ့်ရွာကိုယ်မီးရှို့ခိုင်းပြီးတော့ မေယုမြစ် တစ်လျှောက်မှာ လှေတွေကိုယ်စီနဲ့ ရေလမ်းပိတ်ထားပြီး စစ်တွေနဲ့ ဘူးသီးတောင်-မောင်တောကို အဆက်အသွယ် ဖြတ်ဖို့စီစဉ်နေကြတယ်။ အစွန်းရောက်တွေရဲ့ အစီအစဉ်က ဘာတွေဆက်ဖြစ်လာမယ်ဆိုတာ မှန်းရခက်တယ်။ ဘင်္ဂါလီ မွတ်စလင်တွေကို အကြံပေးချင်တာကတော့ ခင်ဗျားတို့တွေ မြေဇာပင်အဖြစ်မခံပါနဲ့၊ ကိုယ်ပိုင်ဦးနှောက်နဲ့ စဉ်းစားကြပါ။ နိုင်ငံရေးထက်မိသားစုအရေးက ပိုပြီးတော့အရေးကြီးတယ်။ မိသားစုဘ၀ အပျက်မခံနဲ့။ လူမျိုးပါ တုံးသွားမယ်။ ဗမာစစ်တပ်က ဒါမျိုးကိစ္စဆိုရင် အရမ်းလက်တည့်တယ်။ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေကတောင် ချီကျူးလေးစားကြတယ်ဗျ။ အမေရိကန်တစ်ယောက်က ကျွန်တော်ကိုပြောဖူးတယ်။ မင်းတို့နိုင်ငံကစစ်တပ်က ဆင်းရဲပေမယ့် တိုက်ရေးခိုက်ရေးမှာတော်တယ်တဲ့၊ သောင်းကျန်းသူမျိုးစုံကိုလည်း တိုက်နိုင်တယ်၊ အရေးအခင်း မျိုးစုံကိုလည်း ထိန်းနိုင်တယ်ဆိုဘဲ။ 
ပြောရင်း ကျွန်တော်တစ်ခုသတိရမိတယ်ဗျ၊ စစ်အစိုးရမကောင်းတာတွေ အများကြီးပေါ့ဗျာ။ ဒါပေမဲ့ ကောင်းတာလေးတစ်ခုကတော့ အခုအချိန်မှာ စစ်အစိုးရသာဆိုရင် ဘယ်သူမှဒီလို လုပ်ရဲမှာမဟုတ်ဘူး။ လုပ်ရင်လည်းအတွယ်ခံရမှာဗျ။ အခုတောင် ပုဒ်မ ၁၄၄ ထုတ်ထားပြီး ဆက်ပြီးဖြစ်လာရင်တော့ တွယ်တော့မယ်ထင်တယ်။ သူတို့ ဘယ်သူ့မျက်နှာမှမတောက်ဘူး၊ ဘုန်ကြီးတောင်မရဘူး၊ ရောင်းရင်းတို့ သတိကြီးကြီးနဲ့နေကြ။ KIA ဆိုလည်း အခုလိုဘဲ အဖွဲ့အစည်းတစ်ခုက သွေးထိုးတာဖြစ်လိမ့်မယ်။ ကျွန်တော့် အမြင်ကတော့ ကြာရင်ကချင်လူမျိုးပျောက်တော့မယ်။ ဘယ်တိုင်းရင်သားမဆို စိတ်အရင်ခံက ရိုးသားကြတာဘဲ၊ အရောင်ချယ်ခံရတာ ဖြစ်လိမ့်မယ်။ အစိုးရစစ်တပ်ကိုတော့ ဘယ်လိုလုပ်ပြီးအားခံနိုင်မလဲဗျာ။ လူမျိုးတော့ အပျောက်မခံကြနဲ့လို့ ဘင်္ဂါလီကိုရော KIA ကိုရော စေတနာနဲ့ ပြောချင်တယ်။ ၈၈ မျိုးဆက်အစ္စလာမ်ဘာသာဝင် ကိုမြအေးသမီးတောင် သူများစည်းရုံးတာခံရသေးတယ်။ ဘက်မလိုက်တဲ့ ကိုမြအေးလို စိတ်ဓာတ်မျိုးဖြစ်ရမယ်။ တကယ်လေးစားစရာ ကောင်းပါတယ်။ မေတ္တာတရား ထားကြပါ။ ဘုရားသခင်ကောင်းချီးပေးမှာပါ။


No comments:

Post a Comment

My Blog List