Monday, June 11, 2012

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုကိုကြီးနှင့် အမေရိကန်သံတမန်တွေ့ဆုံ



မနေ့ကညနေ(၄း၃၀)နာရီမှာရန်ကုန်မြို့၊ကျောက်တံတားမြို့နယ်၊ဆူးလေဘုရားလမ်းနဲ့ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်မှာရှိတဲ့သီရိပစ္စယာကဖီးမှာ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုကိုကြီးနဲ့အမေရိကန်သံရုံးသံတမန်Ms.ErinE.WebsterMainတို့တွေ့ဆုံကြပြီးတော့ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ဆူပူအကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီးဆွေးနွေးခဲ့ကြပါတယ်..အဲဒီလိုတွေ့ဆုံဆွေးနွေးပွဲမှာ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုကိုကြီးကရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ဆူပူအကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီးတော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကဖြစ်ပွားခဲ့တဲ့စိတ်ခံစားမှုလို့ထင်မြင်မိကြောင်း၊မြန်မာမွတ်ဆလင်တွေနဲ့ဗုဒ္ဓဘာသာဝင်တွေဖြစ်တဲ့ပြဿနာလို့မမြင်ကြောင်း၊အခုကိစ္စဟာဘင်္ဂလားဒေ့ရှ်နိုင်ငံက၀င်ရောက်လာတဲ့ရိုဟင်ဂျာတွေကြောင့်ဖြစ်ရခြင်းဖြစ်ကြောင်း၊၀င်ရောက်လာတဲ့ရိုဟင်ဂျာတွေကို၈၈မျိုးဆက်ကျောင်းသားတွေကလူသားချင်းစာနာမှုအရနိုင်ငံတကာဆက်ဆံရေးကြောင့်သာအားနာလက်ခံခြင်းဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်..

ဆက်လက်ပြီးတော့ကိုကိုကြီးမှယခုကိစ္စကမြန်မာနိုင်ငံသားရခိုင်လူမျိုးတွေနဲ့မြန်မာအစိုးရရဲ့အားနာသဘောကောင်းမှုကိုအခွင့်ကောင်းယူပြီးတော့ဖိအားပေးခြင်းဖြစ်ကြောင်း၊နိုင်ငံတော်အချုပ်အခြာကိုထိပါးခံမှာမဟုတ်ကြောင်း၊ရိုဟင်ဂျာတွေကမြန်မာနိုင်ငံရဲ့တိုင်းရင်းသားလုံးဝ(လုံးဝ)မဟုတ်ကြောင်း၊ဘူးသီးတောင်၊မောင်းတောကိစ္စဟာနယ်စပ်ကနေတရားမ၀င်ဖြတ်ကျော်လာတဲ့ရိုဟင်ဂျာတွေနဲ့ပြည်ပသွေးထိုးမှုတွေကြောင့်ဖြစ်ရခြင်းဖြစ်ကြောင်း၊မရိုးသားတဲ့လုပ်ဆောင်ဖန်တီးမှုလို့မြင်ကြောင်း၊ရိုဟင်ဂျာပြဿနာကိုဘယ်နိုင်ငံမှလက်ခံမယ့်နိုင်ငံမရှိသလိုမျိုးဖြစ်နေတဲ့အတွက်ဒုက္ခသည်တွေအနေနဲ့လူသားချင်းစာနာမှုအရကိုယ်ချင်းစာနာမိကြောင်း၊သို့သော်မြန်မာလူမျိုးတွေနဲ့အစိုးရရဲ့သဘောကောင်းမှု၊စာနာမှုတွေကိုအခွင့်ကောင်းယူပြီးတော့မြန်မာနိုင်ငံကရိုဟင်ဂျာပြဿနာကိုလက်ခံရမယ်လို့ဖိအားပေးခြင်းမျိုးကိုကျွန်တော်တို့၈၈မျိုးဆက်ကျောင်းသားအဖွဲ့တွေကလုံးဝ(လုံးဝ)လက်ခံမှာ မဟုတ်ကြောင်း၊၈၈မျိုးဆက်ကျောင်းသားတွေအနေနဲ့ရိုဟင်ဂျာပြဿနာကိုမြန်မာ့တပ်မတော်၊ရခိုင်ပြည်သူလူထုတွေနဲ့ပူးပေါင်းဖြေရှင်းဆောင်ရွက်မှာဖြစ်ပြီးတော့မြန်မာ့နိုင်ငံရေးပြဿနာကိုနောက်မှရှင်းမယ်လို့၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုကိုကြီးကပြတ်ပြတ်သားသားပြောကြားခဲ့ပါတယ်..
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုကိုကြီးရဲ့ပြောကြားချက်တွေကိုရခိုင်ပြည်သူလူထုကကျေနပ်အားရထောက်ခံအားပေးခဲ့ပေမယ့်ကိုမင်းကိုနိုင်၊ကိုမြအေးတို့ရဲ့ပြောကြားချက်သဘောထားတွေကိုရခိုင်ပြည်သူလူထုကမနှစ်မြိုခဲ့ပါဘူး…ရခိုင်ပြည်သူတစ်ဦးကတော့၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုကိုကြီးရဲ့ပြောဆိုချက်တွေကိုလုံးဝထောက်ခံပါတယ်..အဲလိုပဲဖြစ်သင့်ပါတယ်..ကိုကိုကြီးကတော့မင်းကိုနိုင်၊မြအေးတို့လိုမဟုတ်ဘဲရခိုင်ပြည်သူလူထုဘက်ကကာကွယ်ပြောဆိုသွားခဲ့တဲ့အတွက်ကိုကိုကြီးကိုအထူးပဲကျေးဇူးတင်မိပြီးလေးစားမိကြောင်းကိုသူ့ရဲ့သဘောထားအမြင်ကိုပြောဆိုသွားခဲ့ပါတယ်..

No comments:

Post a Comment

My Blog List