Thursday, June 14, 2012

ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးစဉ် စတင်ထွက်ခွာလာပြီ


ဒီနေ့ နံနက် ၉ နာရီ ၅၀ မိနစ်က ထိုင်းလေကြောင်း TG 304 နဲ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ကို ထွက်ခွာသွားပါပြီ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပ ၁၇ ရက်တာ ခရီးစဉ်ကို ယနေ့ စတင်တာဖြစ်ပြီး ဂျနီဗာမှာ ကျင်းပမယ့် ကမ္ဘာ့ အလုပ်သမားအဖွဲ့ချုပ် ညီလာခံကို တက်ရောက်မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။
ဓာတ်ပုံ-Popular Myanmar

သူနဲ့ အတူ ဒေါက်တာ တင်မာအောင်၊ ကိုဖြိုးဇေယျာသော်၊ ဦးခွန်သာမြင့်တို့ လိုက်ပါသွားကြောင်း သိရပါတယ်။

လိုက်ပါသွားသူများထဲက ဟစ်ဟော့ပ်အဆိုတော် လည်းဖြစ် ယခုအခါ ပြည်သူ့လွှတ်တော် အမတ်လည်းဖြစ်တဲ့ ကိုဖြိုးဇေယျာသော်သည် အိုင်ယာလန်နိုင်ငံ ဒဗလင်မြို့တွင် U2 တေးဂီတ က အဆိုတော် ဘိုနိုနဲ့ တွဲဖက် သီချင်းဆိုရန်လည်း ဖိတ်ကြားခံထားရပါတယ်။


ဧရာဝတီ(Blog)

No comments:

Post a Comment

My Blog List