Thursday, May 16, 2013

ရင်းနှီးမြှုပ်နှံမှုများကြောင့် အလုပ်အကိုင်အခွင့်အလမ်း ၇၅,၀၀၀ ကျော် ပေါ်ပေါက်ခဲ့


Thursday, May 16, 2013
နိုင်ငံခြားနှင့် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကြောင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အ တွင်း လုပ်ငန်းများ လုပ်ကိုင်ရန် အခွင့်အလမ်း ၇၅,၀၀၀ ကျော် ရရှိခဲ့ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှမှ သိရသည်။

“ပြည်ပရင်းနှီးမြှုပ်နှံသူတွေဝင်ရောက်မှုကြောင့်နိုင်ငံအတွင်းမှာအလုပ်အကိုင်အခွင့်အလမ်း ၅၆,၀၀၀ ကျော် ဖန်တီးပေးနိုင် ခဲ့ပြီး ပြည်တွင်း ရင်းနှီးမြှုပ်နှံသူတွေကြောင့် ၁၉,၀၀၀ ကျော် ဖန်တီးပေးနိုင်င်ခဲ့ပါတယ်” ဟု ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးတဦးက ပြောသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့်၂၀၁၂-၁၃ဘဏ္ဍာနှစ်အတွင်း အလုပ်အကိုင်အခွင့်အလမ်း ၅၆,၄၀၀ နေ ရာပေါ်ပေါက်စေခဲ့ပြီး “၂၀၁၁-၁၂ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်ခဲ့မှုက အလုပ် အကိုင်နေရာပေါင်း ၇,၂၇၉ နေရာ ပေါ်ပေါက်ခဲ့ပါတယ်။ ဒီဘဏ္ဍာနှစ် နှစ်ခုကို နှိုင်းယှဉ်မယ်ဆိုရင် ၂၀၁၂ -၁၃ ဘဏ္ဍာနှစ်က ၄၉,၁၀၀ ကျော် ပိုမိုဖန်တီးပေးနိုင်ခဲ့ပါတယ်” ဟု ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး က ပြောသည်။
အလားတူ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုကလည်း ၂၀၁၁-၁၂ ဘဏ္ဍာနှစ်အတွင်း အလုပ်အကိုင်နေရာ ၉,၁၀၀ ကျော် ဖန်တီးပေးနိုင်ခဲ့ပြီး ၂၀၁၂-၁၃ ဘဏ္ဍာနှစ်အတွင်း ၁၉,၀၀၀ ကျော် ဖန်တီးပေးနိုင်ခဲ့သည်။
“ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ များများပေါ်ပေါက်တာဟာ နိုင်ငံသားတွေအတွက် ပိုပြီး အဆင်ပြေတာပေါ့။ လုပ်သားတွေအနေနဲ့ ပြည်ပနိုင်ငံတွေကို ထွက်ပြီး အလုပ်လုပ်တာလည်း လျော့ပါး လာနိုင် ပါတယ်။ တခုပဲရှိတယ် ပြည်တွင်းမှာ ပေးတဲ့ အခြေခံလုပ်ခကပြည်ပကပေးတဲ့ အခြေခံလုပ်ခ တဝက်လောက်ရရင် ပြည်တွင်း ပြန်ဝင်လာပြီး အလုပ်လုပ်ကြမှာပါ။ ပြည်တွင်းမှာက မိသားစုနဲ့ အတူနေခွင့်၊ အိုးခွဲမစားရတော့ ကုန်ကျစရိတ် သက်သာမှုနဲ့ စိတ်လုံခြုံမှုတွေ ရနိုင်တာကြောင့်ပါ” ဟု ကုန်သည် စက်မှု အသင်းချုပ်မှ ဒုတိယ ဥက္ကဋ္ဌ တဦးက သုံးသပ် ပြောကြားသည်။
Mizzima - News in Burmese

No comments:

Post a Comment

My Blog List