အာဆပ် ဆင်းပေးဖို့ အမေရိကန် တူရကီ ဖိအားပေးမည်
ဆီးရီးယားသမ္မတ Bashar al-Assad ရာထူးကနေဆင်းသွားအောင် ဆက်ပြီး ဖိအားပေးသွားဖို့အတွက် အမေရိကန်သမ္မတ Barack Obama နဲ့ တူရကီ ဝန်ကြီးချုပ် Recep Tayyip Erdogan တို့က သဘောတူ ခဲ့ကြပါတယ်၊ သမ္မတအာဆတ်အနေနဲ့ အသွင်ကူးပြောင်းရေးအုပ်စုကို အာဏာလွှဲပြောင်းပေး သင့်တယ် ဆိုတာကို သူနဲ့ တူရကီဝန်ကြီးချုပ်တို့ သဘောတူခဲ့ကြတယ် လို့ အိမ်ဖြူတော်မှာ ပူးတွဲပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာသမ္မတအိုဘားမားကပြောခဲ့ပါတယ်။ဆီးရီးယားကအတိုက်အခံအဖွဲ့တွေကိုဆက်လက်ထောက်ခံ သွားမှာဖြစ်ပြီးဆီးရီးယားနိုင်ငံကိုအကြမ်းဖက်သမားတွေအတွက်လုံခြုံမှုရှိတဲ့ကွန်းခိုရာအဖြစ်ကိုမရောက်အောင် ကာကွယ်သွားဖို့ အမေရိကန်နဲ့ တူရကီက ဆောင်ရွက်သွားမယ်လို့လဲ Mr. Erdogan ကပြောပါ တယ်။အာဆတ်အစိုးရကို ဖြုတ်ချနိုင်ဖို့ လေယာဉ်မပျံသန်းရေးဇုံ သတ်မှတ်တာမျိုး ဆီးရီးယားတော်လှန်ရေး သမားတွေကို တိုက်ရိုက် လက်နက် တပ်ဆင်ပေးတာမျိုးတွေလုပ်ဖို့ တူရကီက တိုက်တွန်းနေတာပါ။ အမေ ရိကန်အစိုးရဖက်ကတော့ အဲဒီလိုဆောင်ရွက်မှုမျိုးလုပ်ဖို့ ချင့်ချိန်နေပြီး ဆီးရီးယား အတိုက်အခံတွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီနဲ့ အသက်အန္တရာယ်ကင်းတဲ့ ထောက်ပံ့မှုတွေကိုပဲ ပေးနေပါတယ်။
VOA
ဆီးရီးယားသမ္မတ Bashar al-Assad ရာထူးကနေဆင်းသွားအောင် ဆက်ပြီး ဖိအားပေးသွားဖို့အတွက် အမေရိကန်သမ္မတ Barack Obama နဲ့ တူရကီ ဝန်ကြီးချုပ် Recep Tayyip Erdogan တို့က သဘောတူ ခဲ့ကြပါတယ်၊ သမ္မတအာဆတ်အနေနဲ့ အသွင်ကူးပြောင်းရေးအုပ်စုကို အာဏာလွှဲပြောင်းပေး သင့်တယ် ဆိုတာကို သူနဲ့ တူရကီဝန်ကြီးချုပ်တို့ သဘောတူခဲ့ကြတယ် လို့ အိမ်ဖြူတော်မှာ ပူးတွဲပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာသမ္မတအိုဘားမားကပြောခဲ့ပါတယ်။ဆီးရီးယားကအတိုက်အခံအဖွဲ့တွေကိုဆက်လက်ထောက်ခံ သွားမှာဖြစ်ပြီးဆီးရီးယားနိုင်ငံကိုအကြမ်းဖက်သမားတွေအတွက်လုံခြုံမှုရှိတဲ့ကွန်းခိုရာအဖြစ်ကိုမရောက်အောင် ကာကွယ်သွားဖို့ အမေရိကန်နဲ့ တူရကီက ဆောင်ရွက်သွားမယ်လို့လဲ Mr. Erdogan ကပြောပါ တယ်။အာဆတ်အစိုးရကို ဖြုတ်ချနိုင်ဖို့ လေယာဉ်မပျံသန်းရေးဇုံ သတ်မှတ်တာမျိုး ဆီးရီးယားတော်လှန်ရေး သမားတွေကို
VOA
No comments:
Post a Comment