Tuesday, May 14, 2013

ဘူးသီးတောင်မှာ တစ်အိမ်တက်တစ်အိမ်ဆင်း မုန်တိုင်းအန္တရာယ်အသိပေးပြီ

စစ်တွေ၊မေလ-၁၃ မဟာစင်မုန်တိုင်းဒဏ်ခံရနိုင်တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘူးသီးတောင်မှာ မုန်တိုင်း အန္တရာယ်ကိုတစ်အိမ်တက်တစ်အိမ်ဆင်းလိုက်လံအသိပေးနေပြီလို့ဘူးသီးတောင်နေဒေသခံအချို့ထံကသိရ ပါတယ်။“ရေကြောင်းသွားလာရေးတွေကို ရပ်နားထားဖို့ရှိနေတယ်၊ ကယ်ဆယ်ရေးစခန်းတွေကိုလည်း စာသင်ကျောင်းတွေနဲ့ဘုန်းကြီးကျောင်း၊မုန်တိုင်းဒဏ်ခံနိုင်တဲ့နေရာတွေမှာကြိုတင်ဖွင့်ထားတယ်၊ ရပ်ကွက် လှည့်ပြီး ခဏခဏလည်းကြေညာပေးနေတယ်”လို့ ဒေသခံဦးဇော်ဝင်းကပြောပါတယ်။

မုန်တိုင်းရှောင်ဖို့ဆိုပြီး ပြောင်းရွှေ့တာမျိုးတွေတော့မရှိဘူး။ကြေညာတဲ့အခါမှာလည်း မုန်တိုင်းရဲ့လေတိုက် အား က ဘယ်လောက်ပြင်းတယ်၊ ဘယ်လောက်နှုန်းနဲ့တိုက်မယ်ဆိုတာမျိုးထည့်သွင်းကြေညာပေးနေ တာဖြစ်တယ်။ ဈေးဆိုင်၊ ကုန်သိုလှောင်ရုံ၊ ကုန်ပစ္စည်းတွေနဲ့ငါးခြောက်တွေကို လုံခြုံမယ့် နေရာတွေဆီ သယ်ယူပြောင်းရွှေ့ထားကြပါတယ်။
ဘူးသီးတောင်မှာနေထိုင်တဲ့လူဦးရေစုစုပေါင်းက မြို့နယ်စာရင်းအရဆိုရင်နှစ်သိန်း ကျော်သုံးသိန်းလောက်ရှိ တယ်လို့ဦးဇော်ဝင်းကပြောပါတယ်။ ဒေသခံဦးရေကတော့သုံးသောင်းကျော် လောက်ပဲရှိတယ်လို့ဆိုတယ်။ မဟာစင်ရဲ့လေတိုက်နှုန်းက မိုင်၁၀၀ကျော်တာကြောင့်ဒေသခံတွေ စိုးရိမ် နေကြပါတယ်။ လက်ရှိ အချိန်ထိဒေသခံအာဏာပိုင်တွေကမုန်တိုင်းအခြေအနေတွေကို မကြာခဏကြေညာပေးနေပါတယ်။

No comments:

Post a Comment

My Blog List