Thursday, May 16, 2013

မုန်တိုင်း အားပျော့၊ ရခိုင်ဘက်ကို ၀င်ရောက်ရန် အခြေအနေ နည်းပါးသွား

Thursday, May 16, 2013
မဟာဆန်မုန်တိုင်းမှာတဖြည်းဖြည်းအားပျော့သွားပြီး မြန်မာနယ်စပ်အနီးရှိ ကော့စ်ဘဇားခရိုင်တွင်စိုးရိမ်လောက် သည့် အနေအထားတွင် မရှိတော့ကြောင်း ဘင်္ဂလာဒေခ်ျ့ မိုးဇလဗေဒက ယနေ့ နေ့လည် ၁ နာရီ ၃၀တွင် သတင်း ထုတ်ပြန်သည်။ မုန်တိုင်းသည် မိုးအကြီးအကျယ် ရွာသွန်းမူကြောင့် အားပျော့သွားခဲ့ကြောင်း၊ ယနေ့နံနက်က အင်အား အကောင်းဆုံး အဆင့်သို့ ရောက်ရှိခဲ့ကြောင်း၊ ယခုအခါ န၀ါခါလီမြို့နှင့် စစ်တကောင်းးမြို့ကို ဦးတည်နေကြောင်း ပြောဆိုသည်။ သို့သော်လည်း ကော့စ်ဘဇားဒေသနှင့် နီးကပ်စွာ တည်ရှိသောမြန်မာဘက်ခြမ်းဒေသများတွင်မုန်တိုင်း ၀င်ရောက်နိုင်သည့်အခြေအနေမျိုး ဖြစ်နေကြောင်း မောင်တော ဒေသခံ တစ်ဦးက ပြောသည်။“ အခုက မုန်တိုင်းဝင်မယ့် ပုံစံမျိုး လေသွယ်နေတယ်။ အနောက်ဘက်မှာ မိုးတိမ်တွေ အုံမိုင်းနေတယ်။ မုန်တိုင်းဝင် မယ့် လက္ခဏာမျိုးပါ” ဟုဆိုသည်။ ဘင်္ဂလာဒေခ်ျ့မိုးဇလအဖွဲ့ ခန့်မှန်းချက် အရမုန်တိုင်းသည်ယနေ့ ညနေ(၆)နာရီခန့်တွင်စစ်တကောင်းမြို့နှင့် ကော့စ်ဘဇားမြို့အကြားမှ ဖြတ်ကျော် ကာ ကုန်းတွင်းပိုင်းသို့ ၀င်ရောက်ရန် ခန့်မှန်းထားသည်။
ယနေ့နံနက်မှ နေ့လည် အချိန်ထိ ဘင်္ဂလာဒေခ်ျ့ အနောက်တောင်ပိုင်းမှ ဘောလာခရိုင်၊ ပေါတ၀ါခါလီ ခရိုင်နှင့် ဘောရိုဂုန ခရိုင်များကို မုန်တိုင်း ဖြတ်သန်း တိုက်ခတ်ခဲ့သည်။ မုန်တိုင်းပြင်းအားသည် တစ်နာရီ ကီလိုမီတာ ၁၀၀ ထိ ရှိခဲ့သည်ဟု ဆိုသည်။ယခုအချိန်ထိ ဘင်္ဂလာဒေခ်ျ့တွင် သေဆုံးသူ ၇ ယောက် ရှိပြီး ပေါတ၀ါခါလီမှ ၂ ယောက်၊ ဘောလာမှ တစ်ဦးနှင့် ဘောရိုဂုနတွင် မိုးကြိုးပစ်၍ သေဆုံးသူ ၄  ဦးဖြစ်ကြောင်း သိရ သည်။

narinjara

No comments:

Post a Comment

My Blog List