Friday, May 17, 2013

ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ်ဘွဲ့အား ၇ နှစ်အကြာတွင် ပြန်လည်ရယူခဲ့သည့် Bill Gates

Microsoft ထူထောင်သူ Bill Gates ဆိုသည်မှာ ကမ္ဘာပေါ်တွင် အချမ်းသာ ဆုံးနဲ့ ပေးကမ်းစွန့်ကြဲမှု အများဆုံး ပုဂ္ဂိုလ်တစ်ဦးပဲ ဖြစ်ပါတယ်။ ယင်းထူထောင်ခဲ့သည့် Microsoft ကနေ ထွက်ခွာလာခဲ့ပြီးနောက် Bill & Melinda Gates Foundation ကနေတဆင့် လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့ ကဏ္ဍများမှာ ဒေါ်လာ ဘီလီယံပေါင်းများစွာ ထောက်ပံ့ပေးလှူ နေခဲ့သူလည်း ဖြစ်ပါတယ်။Mr. Gates ဟာ ၂၀၀၇ ခုနှစ်မှာတော့ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဘွဲ့အား မက္ကဆီကိုမှ ဆက်သွယ်ရေး လုပ်ငန်းရှင် သူကြွယ်ကြီးCarlos Slim ထံ လက်လွှတ်ပေးခဲ့ရပါတယ်။ ဒါပေမယ့် Bill Gatesအနေနဲ့ ယင်းပေးလှူခဲ့ပြီးဖြစ်တဲ့ ဒေါ်လာ ဘီလီယံ ၂၀ ကျော်အား ထည့်သွင်းတွက်ချက်ပါက မည်သူမှ လိုက်မှီနိုင် ဖွယ် မရှိပါ။ လက်ရှိအချိန်မှာ ယင်းအနေနဲ့ Microsoft ရဲ့ စတော့ရှယ်ရာ အများစုကို ဆက်လက်ပိုင်ဆိုင် ထားဆဲ ဖြစ်ပါတယ်။ မည်သို့ပင် ဆိုစေကာမူ ယနေ့တွင် အမြင့်ဆုံးစံချိန်အား ရရှိခဲ့သည့် Microsoft ၏ စတော့ရှယ်ရာဈေးနှုန်းများအရ Bill Gates ၏ စုစုပေါင်း ကြွယ်ဝမှုသည် ဒေါ်လာ ၇၂.၇ ဘီလီယံ အထိ မြင့်တက်သွားခဲ့ပြီး ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဟူသည့် ဘွဲ့ထူးအား ပြန်လည်ရ ယူနိုင်ခဲ့ပြီဖြစ် သည်။ နေရာဖယ်ပေးလိုက်ရသည် သူကြွယ်ကြီး Carlos Slim ၏ ကြွယ်ဝမှုမှာမူဒေါ်လာ ၇၂.၁ ဘီလီယံ ရှိကြောင်း Bloomberg သတင်းဌာန၏ ခန့်မှန်းချက်များအရ သိရှိရသည်။
Myanmar Consumer Guide
ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ်ဘွဲ့အား ၇ နှစ်အကြာတွင် ပြန်လည်ရယူ
ခဲ့သည့် Bill Gates
Friday, May 17, 2013

Microsoft ထူထောင်သူ Bill Gates ဆိုသည်မှာ ကမ္ဘာပေါ်တွင် အချမ်းသာ
ဆုံးနဲ့ ပေးကမ်းစွန့်ကြဲမှု အများဆုံး ပုဂ္ဂိုလ်တစ်ဦးပဲ ဖြစ်ပါတယ်။ ယင်းထူထောင်ခဲ့သည့် Microsoft ကနေ ထွက်ခွာလာခဲ့ပြီးနောက် Bill & Melinda Gates Foundation ကနေတဆင့် လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့ ကဏ္ဍများမှာ ဒေါ်လာ ဘီလီယံပေါင်းများစွာ ထောက်
ပံ့ပေးလှူ နေခဲ့သူလည်း ဖြစ်ပါတယ်။

Mr. Gates ဟာ ၂၀၀၇ ခုနှစ်မှာတော့ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်
ဘွဲ့အား မက္ကဆီကိုမှ ဆက်သွယ်ရေး လုပ်ငန်းရှင် သူကြွယ်ကြီး
Carlos Slim ထံ လက်လွှတ်ပေးခဲ့ရပါတယ်။ ဒါပေမယ့် Bill Gates
အနေနဲ့ ယင်းပေးလှူခဲ့ပြီးဖြစ်တဲ့ ဒေါ်လာ ဘီလီယံ ၂၀ ကျော်အား ထည့်သွင်းတွက်ချက်ပါက မည်သူမှ လိုက်မှီနိုင်ဖွယ် မရှိပါ။ လက်ရှိ
အချိန်မှာ ယင်းအနေနဲ့ Microsoft ရဲ့ စတော့ရှယ်ရာ အများစုကို ဆက်လက်ပိုင်ဆိုင်ထားဆဲ ဖြစ်ပါတယ်။

မည်သို့ပင် ဆိုစေကာမူ ယနေ့တွင် အမြင့်ဆုံးစံချိန်အား ရရှိခဲ့သည့် Microsoft ၏ စတော့ရှယ်ရာ ဈေးနှုန်းများအရ Bill Gates ၏ စုစုပေါင်း ကြွယ်ဝမှုသည် ဒေါ်လာ ၇၂.၇ ဘီလီယံအထိ မြင့်တက်သွားခဲ့ပြီး ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဟူသည့် ဘွဲ့ထူးအား ပြန်လည်ရယူ
နိုင်ခဲ့ပြီဖြစ်သည်။

နေရာဖယ်ပေးလိုက်ရသည် သူကြွယ်ကြီး Carlos Slim ၏ ကြွယ်ဝမှုမှာမူ
ဒေါ်လာ ၇၂.၁ ဘီလီယံရှိကြောင်း Bloomberg သတင်းဌာန၏ ခန့်မှန်းချက်များအရ သိရှိရသည်။

Myanmar Consumer Guide

No comments:

Post a Comment

My Blog List