Saturday, December 01, 2012

မုံရွာမြို့တွင်သီတင်းသုံးနေထိုင်သော ဆရာတော်ကြီးများထံ သြ၀ါဒခံယူပွဲကျင်းပ


နေပြည်တော် ဒီဇင်ဘာ ၁


၁-၁၂-၂၀၁၂ ရက်နေ့ ၁၄၄၃ အချိန် မုံရွာမြို့ ရွှေစည်းခုံဘုရားအတွင်းရှိ သာသနာ့ဗိမာန်၌ ဆရာတော် ကြီးများထံမှ သြ၀ါဒခံယူခြင်း အခမ်းအနားကျင်းပခဲ့ရာ မုံရွာမြို့ပေါ်ရှိ သြ၀ါဒစရိယ ဆရာတော်ကြီးများဖြစ်သော အုတ်ကန်တောရ စာသင်တိုက် ဦးစီးပဓါန နာယကဆရာတော် အဂ္ဂမဟာ ဂန္တ၀ါစက ပဏ္ဍိတ ဘန္ဒန္တ နန္ဒောဘာသနှင့် သံဃာတော် (၉)ပါး ကြွရောက်ခဲ့ပြီး တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးစန်းယုနှင့် တပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ စုစုပေါင်း အင်အား (၁၅၀)ဦးခန့်တက်ရောက်ခဲ့ပါသည်။ အခမ်းအနားအား နမောတဿ (၃)ကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးမှ သြ၀ါဒခံယူရခြင်းအား ရှင်းလင်းလျှောက်ထား တောင်းပန်ခဲ့ရာ အုတ်ကန်တောရ စာသင်တိုက် ဦးစီးပဓါန နာယကဆရာတော် အဂ်္ဂမဟာ ဂန္တ၀ါစက ပဏ္ဍိတ ဘန္ဒန္တ နန္ဒောဘာသက သြ၀ါဒကထာ မြွတ်ကြားရာတွင် လုပ်ငန်းကိစ်္စရပ်များ လုပ်ဆောင်ရာ၌ ဆရာ-ဒကာပူးပေါင်းဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ တစ်ခါတစ်ရံ လုပ်မှားကိုင်မှားဖြစ်ပြီး အပြစ်ရှိ၍ တောင်းပန်ခဲ့လျှင် ကျေနပ်ရမည်ဖြစ်ကြောင်း၊ တစ်ဦးနှင့်တစ်ဦး မေတ်္တာတရားရှေ့ထားပြီး အာဃာတတရားမထားကြရန် လိုအပ်ကြောင်း မြွတ်ကြားပါသည်။ ဆက်လက်၍ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းကာ အခမ်းအနားအား ၁၅၀၅ အချိန် ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ် ရွတ်ဆို၍ ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

My Blog List