Saturday, December 01, 2012

အကြမ်းဖက်မှုအား လက်ရှိအစိုးရက တာဝန်ယူရဲရမယ် ဟုရွှေည၀ါ ဆရာတော်ဆို

တန်ဆောင်မုန်းလပြည့်နေ့တွင် ဖြစ်ပွားခဲ့သောလက်ပံတောင်းတောင်စီမံကိန်းရပ်ဆိုင်းရေးသပိတ်စခန်းများ အားအကြမ်းဖက်နှိမ်နင်းမှုကို လက်ရှိအစိုးရမှ တာဝန်ယူရမည်ဟုရွှေည၀ါဆရာတော်က ယနေ့ပြောကြားခဲ့သည်။ရွှေ့ည၀ါဆရာတော်သည်ယနေမုံရွာမြို့ပြည်သူ့ဆေးရုံသို့ ရောက်ရှိစဉ်၌
မြန်မာခေတ်သို့ပြောကြားခဲ့ခြင်းဖြစ်ပြီးအကြမ်းဖက်နှိမ်နင်းမှုကြောင့်ဆရာတော်သံဃာတော်များဆေးရုံသို့ေ
ဆးဝါကုသရ၍လာရောက်ခြင်းဖြစ်ကြောင်း သိရသည်။
“အခုဖြစ်တဲ့ဖြစ်စဉ်က မတရားမှုလိုမြင်တယ်၊ဒါကမဖြစ်သင့်တဲ့ကိစ္စကြီးကို၊
ဒါမျိုးဖြစ်သွားတာက လက်ရှိအစိုးရနဲ့ လက်ရှိတာဝန်ရှိသူတွေက တာဝန်ယူရဲရမယ်၊တာဝန်ကိုယူပေးရမယ်။ငြိမ်းချမ်းတဲ့နည်းနဲ့ဖြေရှင်းပေးဖို့အားလုံး ကလိုလားနေကြတယ်”ရွှေညာဝါဆရာတော်က မြန်မာ့ခေတ်
သို့ပာုကြားခဲ့သည်။

အဆိုပါကိစ္စနှင့်ပက်သက်၍ “ရေပတ်ပတ်ခြင်း ဆရာတော်သံဃာတော်တွေ
က မေတ္တာသုတ်ရွတ်နေတယ်၊ ဒုတိယအကြိမ်ရေပါတ်ပြီးတဲ့အခါမှာဆရာ
တော်တွေကို ကျွန်တော်က ဓါက်ပုံဝင်ရိုက်တယ်၊အဲဒီအခါ တုံတုံတုံ
ဆိုပြီးတော့ဘေးနားမှာ နို့ဆီဘူးလို အလုံးလေးတွေ ကျွန်တော့ဘေးကို ကြလာတယ်၊မီးလောင်ဗုံးဖြစ်တဲ့အတွက် ဘေးတစ်ခြမ်းရယ်မျက်နှာတစ်ခြမ်း
ရယ်ခြေထောက်ထိသွားတယ်၊

ပခုက္ကူအလယ်တိုက်က ဆရာတော် က မျက်လုံးထိသွားတယ်၊ဒါပေမယ့်
ဘာမှမဖြစ်ဘူးဆိုဘူးဆိုပြီးတဲထဲဝင်သွားတယ်၊မေတ္တာသုတ် ဆက်ရွတ် တယ်၊
”သပိတ်စခန်းအဖြစ်အပျက်များအား လက်တွေ့ကြုံတွေ့ခဲ့ရသူ
ဦးကျော်စွာ ကပြောကြားသည်။

ရန်နိုင်၊ဟိန်းကို

No comments:

Post a Comment

My Blog List