Saturday, December 01, 2012

ပျူလူမျိုးနှင့် ပျူနိုင်ငံတော် စာတမ်းဖတ်ပွဲကို ပထမဆုံး အကြိမ် ကျင်းပ

ပျူလူမျိုးနှင့် ပျူနိုင်ငံတော် စာတမ်းဖတ်ပွဲကို ပထမဆုံး အကြိမ် ကျင်းပ
Saturday 1st December 2012

ပျူလူမျိုးနှင့် ပျူနိုင်ငံတော် စာတမ်း ဖတ်ပွဲကို ပထမဆုံး အကြိမ်အဖြစ် ရန်ကုန်မြို့၊ ရန်ကင်း မြို့နယ်ရှိ မြန်မာနိုင်ငံတော် ဘဏ်များ အသင်းတိုက်မှာ ကျင်းပလျက်ရှိပါတယ်။ အခုလို ဖတ်ကြားမှု ကိုတော့ နိုဝင်ဘာလ ၃၀ ရက်နေ့နဲ့ ဒီဇင်ဘာလ ၁ ရက်နေ့ တို့မှာ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ အဆိုပါ စာတမ်း ဖတ်ပွဲ မှာတော့ စာတမ်းရှင် ၂၀ ၀န်းကျင်က စာတမ်းပေါင်း ၄၁ စောင် ပါဝင် ဖတ်ကြား ဆွေးနွေးလျက် ရှိတာ ဖြစ်ပါတယ်။

အခုလို ဖတ်ကြားရာမှာ ပျူယဉ်ကျေးမှု ဆိုင်ရာ ဆက်စပ် အထောက်အထား များနဲ့ နောက်ထပ် တွေ့ရှိတဲ့ အထောက်အထား များအား ရှေးဟောင်း သုတေသန အမြင်နဲ့ လေ့လာချက် တွေအပြင် ပုံဂံဒေသရှိ ပျူခေတ် ဆိုင်ရာ ဗိသုကာ ပညာ လေ့လာချက် စာတမ်း၊ ပျူချင်းသမိုင်း အရေးတော်ပုံ ပျူလူမျိုးနဲ့ ချင်းလူမျိုးတို့ရဲ့ တူညီတဲ့ ယဉ်ကျေးမှုဓလေ့ အစရှိတဲ့ စာတမ်းတွေ ပါဝင်ဖတ်ကြား လျက်ရှိတာ ဖြစ်ပါတယ်။

အဆိုပါ စာတမ်း ဖတ်ပွဲ ကိုတော့ ပျူလူမျိုးတို့ရဲ့ ပျူနိုင်ငံတော်ကြီး၊ ပျူသမိုင်း၊ ပျူဇာတိ၊ ပျူယဉ်ကျေးမှု ဓလေ့စရိုက်၊ ဗိသုကာ အနုပညာရပ် များကို
ဖော်ထုတ်ဖို့ ပျူနိုင်ငံတော်နဲ့ ပျူသမိုင်း ပျူရှေးဟောင်း အမွေအနှစ် များကို ဆက်လက် ရှာဖွေပြီး ပိုမိုနက်ရှိုင်း ကျယ်ပြန့်စွာ ဖော်ထုတ်ဖို့ အတွက် ပျူသုတေသန အသင်း ပေါ်ပေါက် လာနိုင်စေရေး အတွက် ဆောင်ရွက်ဖို့ အစရှိတဲ့ ရည်ရွယ်ချက် များနဲ့ ကျင်းပ ရတာ ဖြစ်တယ်လို့ သိရပါတယ်။

MRTV - 4
Saturday 1st December 2012

ပျူလူမျိုးနှင့် ပျူနိုင်ငံတော် စာတမ်း ဖတ်ပွဲကို ပထမဆုံး အကြိမ်အဖြစ် ရန်ကုန်မြို့၊ ရန်ကင်း မြို့နယ်ရှိ မြန်မာနိုင်ငံတော် ဘဏ်များ အသင်းတိုက်မှာ ကျင်းပလျက်ရှိပါတယ်။ အခုလို ဖတ်ကြားမှု ကိုတော့ နိုဝင်ဘာလ ၃၀ ရက်နေ့နဲ့ ဒီဇင်ဘာလ ၁ ရက်နေ့ တို့မှာ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ အဆိုပါ စာတမ်း ဖတ်ပွဲ မှာတော့ စာတမ်းရှင် ၂၀ ၀န်းကျင်က စာတမ်းပေါင်း ၄၁ စောင် ပါဝင် ဖတ်ကြား ဆွေးနွေးလျက် ရှိတာ ဖြစ်ပါတယ်။အခုလို ဖတ်ကြားရာမှာ ပျူယဉ်ကျေးမှု ဆိုင်ရာ ဆက်စပ် အထောက်အထား များနဲ့ နောက်ထပ် တွေ့ရှိတဲ့ အထောက်အထား များအား ရှေးဟောင်း သုတေသန အမြင်နဲ့ လေ့လာချက် တွေအပြင် ပုံဂံဒေသရှိ ပျူခေတ် ဆိုင်ရာ ဗိသုကာ ပညာ လေ့လာချက် စာတမ်း၊ ပျူချင်းသမိုင်း အရေးတော်ပုံ ပျူလူမျိုးနဲ့ ချင်းလူမျိုးတို့ရဲ့ တူညီတဲ့ ယဉ်ကျေးမှုဓလေ့ အစရှိတဲ့ စာတမ်းတွေ ပါဝင်ဖတ်ကြား လျက်ရှိတာ ဖြစ်ပါတယ်။

အဆိုပါ စာတမ်း ဖတ်ပွဲ ကိုတော့ ပျူလူမျိုးတို့ရဲ့ ပျူနိုင်ငံတော်ကြီး၊ ပျူသမိုင်း၊ ပျူဇာတိ၊ ပျူယဉ်ကျေးမှု ဓလေ့စရိုက်၊ ဗိသုကာ အနုပညာရပ် များကို
ဖော်ထုတ်ဖို့ ပျူနိုင်ငံတော်နဲ့ ပျူသမိုင်း ပျူရှေးဟောင်း အမွေအနှစ် များကို ဆက်လက် ရှာဖွေပြီး ပိုမိုနက်ရှိုင်း ကျယ်ပြန့်စွာ ဖော်ထုတ်ဖို့ အတွက် ပျူသုတေသန အသင်း ပေါ်ပေါက် လာနိုင်စေရေး အတွက် ဆောင်ရွက်ဖို့ အစရှိတဲ့ ရည်ရွယ်ချက် များနဲ့ ကျင်းပ ရတာ ဖြစ်တယ်လို့ သိရပါတယ်။

MRTV - 4

No comments:

Post a Comment

My Blog List