Saturday, December 01, 2012

မကွေးကျောင်းတိုက်ဆရာတော် ဘန္တဒ ဦးပါမောက္ခ ခေါ်ယူစစ်ဆေးခြင်းခံရ

မကွေးကျောင်းတိုက်ဆရာတော် ဘန္တဒဦးပါမောက္ခအား နိုင်ငံတော်
သံဃနာယက ဆရာတော်များနှင့်တာဝန်ရှိသူများမှ ခေါ်ယူတွေ့
ဆုံကြောင်း ဆရာတော်၏ ပြောစကားအရ သိရသည်။ “ ဘုန်းကြီးကို မသွားဖို့ ဆန္ဒသွားမပြဖို့ သံဃနာယက ဥက္ကဋ္ဌ ဆရာတော်က
 ခေါ်ပြီးတော့ သြဝါဒပေးတာပါ။သံဃနာယက ဆရာတော်၄၇ပါးထဲက တချိုနဲ့ရဲချုပ်တို့ကအစအခြားတာဝန်ရှိသူတွေအယောက်၄၀ လောက်ပါပါတယ်။
ဒါနဲ့ဘုန်းကြီးကလဲ သံဃနာယက ဥက္ကဋ္ဌ ဆရာတော်ကြီးကို လက်ရှိအစိုး
ရအနေနဲ့ သံဃာတော်တွေကိုနှိပ်စက်ညှင်းပမ်း ခြင်း မပြုအောင်
 သြဝါဒပြန်ပေး ပေးဖို့ပြန်လည်လျှောက်ထားခဲ့ပါတယ်၊

ဒီနေ့ မြေနီကုန်းကိုတော့ရောက်ဖို့မရှိတော့ဘူး၊အဲဒီ သြဝါဒကို မလိုက်
နာဘူးဆိုရင်တော့ ၁၀/၉၀နဲ့ ထောင်တစ်နှစ်ကျ ခံရမှာပါ။

လက်ပံတောင်း တောင်ကိစ္စနဲ့ပါတ်သတ်ပြီး ဆန္ဒပြတောင်းဆိုမယ့်
သံဃာတွေကိုရော ဒကာတွေကိုပါမှာချင်တာကတော့ မိမိတို့လုပ်သင့်
လုပ်ထိုက်တာတွေ ကို ဆက်လက်လုပ်ကိုင်ကြဖို့ ဘုန်းကြီးအနေနဲ့မှာ
ချင်ပါတယ်”  ဟု ညနေ ၃နာရီကျော်ခန့်က ပြန်လည်မိန့်ကြားသည်။

ယနေ့ဆန္ဒထုတ်ဖော်တောင်းဆို မှုတွင် ပါဝင်မှု မပြုနိုင်သော်လည်း
အမျိုး၊ ဘာသာ၊သာသနာကို ထိပါးလာမယ့်ကိစ္စ ရပ်များနှင့် ကြုံတွေ့ရပါက
 ၎င်းအနေဖြင့် ဆက်လက် လုပ်ကိုင်ရန်အဆင်သင့်ရှိနေကြောင်း၊

ယခုဆန္ဒထုတ်ဖော်တောင်းဆိုမှု များ မှထူးခြားချက်တစ်စုံတစ်ရာ
မရှိပါက ဒီဇင်ဘာလ၈ရက်နေ့တွင် မန္တလေးသံဃာများနှင့်
အတူ သံဃာသပိတ်တွင် ပါဝင်သွားမည် ဖြစ်ကြောင်း  ဆရာတော်
က ထပ်မံမိန့်ကြားသည်။

လင်းသစ်  

No comments:

Post a Comment

My Blog List