Saturday, December 01, 2012

အခါလွန်မိုးကြောင့် ဒုက္ခရောက်နေသော စပါးစိုက်တောင်သူများကို ကူညီမည်


 Saturday, December 01, 2012

နှစ်ရက်ဆက်တိုက် နာရီ ၄၀ ကျော် အခါလွန်မိုး ရွာသွန်းမှုကြောင့် ပျက်စီးသွားသော စပါးတောင်သူများကို လိုအပ်သည့် ပစ္စည်းများ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်
ကော်ပိုရေးရှင်းတို့က ပံ့ပိုးကူညီမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆန်စပါးအသင်းချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာစိုးထွန်းကပြောသည်။လက်ရှိ အထိခိုက်ဆုံး ဒေသများဖြစ်သော ဖျာပုံ၊ ဒေးဒရဲ၊ မော်လမြိုင်ကျွန်း၊ မအူပင်၊ တွံတေး၊ ကျိုက်လတ်ဒေသများ ပံ့ပိုးမှုများ လုပ်ဆောင်သွားမည်
ဖြစ်သည်။ ထိုဒေသများတွင် အခါလွန်မိုးကြောင့် စိုက်ဧက၏ ၅၀ ရာခိုင်နှုန်းခန့်ထိ ပျက်စီးသွားနိုင်ကြောင်း သတင်းရရှိသည်။

ယင်းဒေသများသို့ ပေးပို့သွားမည့် ပစ္စည်းများမှာ မိုးကာအလိပ် ၁၀၀၊ ခြွှေလှေ့စက် အစီးရေ ၂၀၊ အခြောက်ခံစက်နှစ်လုံး၊ ၁၂ လက်မ ရေစုပ်စက် အလုံး ၁၀၀ တို့ဖြစ်သည်။

"ပစ္စည်းတွေက ငါးရက်အတွင်း ပို့မှရမှာ၊ မပို့ရင် စပါးတွေ အကုန်ပျက်သွားနိုင်တယ်"ဟု ဒေါက်တာစိုးထွန်းကပြောသည်။

"အစိုးရကို ထူးခြားတဲ့အစီအစဉ် တစ်ရက်အနေနဲ့ စီမံချက်ချ လုပ်ဆောင်ဖို့ တင်ပြထားတယ်"ဟု မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များ အသင်းချုပ်မှ အတွင်းရေးမှူး ကိုရဲမင်းအောင်ကပြောသည်။

7Day News Journal

No comments:

Post a Comment

My Blog List