Thursday, March 15, 2012

သင်္ဘောသားကားသွင်းခွင့်စလစ်တစ်စောင်၆၅သိန်းခန့်ဈေးပေါက်နေ



ဘဏ်တွင်ဒေါ်လာတစ်သောင်းရှိသည့်သင်္ဘောသားကားတင်သွင်းခွင့်စလစ်တစ်စောင်ကိုအများဆုံးကျပ်၆၅သိန်းဖြင့်သာပြင်ပဈေးကွက်တွင်အရောင်းအ၀ယ်ရှိကြောင်းကားတင်သွင်းသည့်လုပ်ငန်းရှင်များထံမှစုံစမ်းသိရသည်။
ကားဟောင်းလဲလှယ်သည့်စလစ်တစ်စောင်မှာလက်ရှိပြင်ပဈေးကွက်တွင်ကျပ်သိန်း၁၄၀ထိဈေးရှိသည်။သင်္ဘောသားများကားတင်သွင်းခွင့်စလစ်များမှာCIFဆိပ်ကမ်းရောက်ကားတန်ဖိုးကန်ဒေါ်လာ၅,၀၀၀သတ်မှတ်ထားခြင်း၊၂၀၀၇ခုနှစ်အထက်မော်ဒယ်များကိုသာတင်သွင်းခွင့်ရခြင်း၊သင်္ဘောသားအများစုမှာCIFတန်ဖိုးနှင့်ကညနအခွန်များပေးဆောင်ရန်အခက်အခဲတို့ကြောင့်ယခုကဲ့သို့စလစ်များဈေးမရခြင်းဖြစ်ကြောင်းမော်တော်ယာဉ်တင်သွင်းသူလုပ်ငန်းရှင်တစ်ဦးကဆိုသည်။
  “သင်္ဘောသားကားကပါမစ်ကြေးတင်မလာဘူး။ကြားမှာသယ်ယူပို့ဆောင်မှုစရိတ်တွေနဲ့လုပ်ထုံးလုပ်နည်းအခက်အခဲတွေကြောင်းပါ” ဟုအထက်ပါပုဂ္ဂိုလ်ကရှင်းပြသည်။
သင်္ဘောသားများကားတင်သွင်းခွင့်ကိုအစီး၃၀၀၀ခွင့်ပြုထားပြီးလက်ရှိအချိန်တွင်လူပြည့်သွားပြီဖြစ်သဖြင့်ပါမစ်ကိုရပ်နားထားသည်။ပြည်ပတွင်သွားရောက်လုပ်ကိုင်နေသူများကားတင်သွင်းခွင့်ပြုထားမှုတွင်လည်းCIFတန်ဖိုးများနေခြင်း၊တင်သွင်းခွင့်ပြုထားမှုမော်ဒယ်မြင့်နေခြင်းတို့ကြောင့်အခက်အခဲများရှိကြောင်းသိရသည်။
လက်ရှိကားဟောင်းလဲလှယ်ခွင့်တွင်လိုင်စင်ချပေးထားမှုမှာကားအစီးရေ၃၀,၀၀၀နီးပါးရှိသည်။ယင်းတို့ထဲတွင်အများစုမှာကိုယ်ပိုင်ကားများသာဖြစ်သည်။

No comments:

Post a Comment

My Blog List