Thursday, May 23, 2013

နေ့စားခယူ၍ဆန္ဒပြသည်ဟု အဓိပ္ပါယ်ရသည့် သမ္မတ၏ ပြောကြာချက်အပေါ် ကျေနပ်မှုမရှိခြင်းကြောင့်ဆန္ဒဖော်ထုတ်

Thursday, May 23, 2013
သမ္မတဦးသိန်းစိန်၏ အမေရိကန်ခရီးစဉ်အတွင်း မြန်မာမိသားစုများနှင့်တွေ့ ဆုံရာတွင် မြန်မာနိုင်ငံအတွင်း ဆန္ဒပြမှုများသည် စားဝတ်နေရေးအခြေအနေများကြောင့် နေ့စားခယူကာဆန္ဒပြနေကြခြင်းဖြစ်ကြောင်း အဓိပ္ပါယ်ရသည့်ပြောကြားချက်ကို ကျေနပ်မှုမရှိခြင်းကြောင့် မေ ၂၃ ရက် ညနေပိုင်းတွင်ရန်ကုန်မြို့ တာမွေဈေးအနီး၌ ဆန္ဒဖော်ထုတ်မှုတစ်ရပ်ပြုလုပ်ခဲ့ကြောင်းသိရသည်။ " သမ္မတကြီးကဆန္ဒပြသူတွေကို ပိုက်ဆံယူပြီးလုပ်တယ်လို့ ပြောတယ်။ဒါနဲ့ပတ်သတ်လို့မဖြေရှင်းဘူး၊ ဖြေရှင်းဖို့လည်းမလိုဘူး။ ဒါပေမယ့် ဘယ်သူဘယ်အဖွဲ့အစည်းကဆိုတာအတိအကျပြောဖို့လိုတယ်။ ဒီစကားက ခေတ်အဆက်ဆက်နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ထိခိုက်စေတယ် " ဟုလမ်းလျှောက် ချီတက် ဆန္ဒပြရာတွင်ပါဝင်သူ ကိုရဲလင်းကပြောဆိုသည်။
အဆိုပါဆန္ဒဖော်ထုတ်မှုတွင်လက်ပံတောင်းတောင်ကြေးနီစီမံကိန်းရပ်ဆိုင်းရေး၊လက်ပံတောင်းတောင်ဒေသ တွင် ပုဒ်မ ၁၄၄ ရုပ်သိမ်းပေးရေး၊ လက်ပံတောင်းတောင်ဒေသရှိ လယ်ယာမြေများပြန်လည်ထွန်ယက်ခွင့် ရရှိရေးနှင့် လက်ပံတောင်းတောင်အရေးကိစ္စနှင့်ပတ်သတ်၍ ကိုအောင်စိုး အပါအ၀င်ဖမ်းဆီးထိန်းသိမ်းထား သူများအား ပြန်လွှတ်ပေးရေးကိုတောင်းဆိုခဲ့ကြောင်းသိရသည်။

ယနေ့ခေတ်

No comments:

Post a Comment

My Blog List