Monday, May 20, 2013

သမ္မတဦးသိန်းစိန် ၀ါရှင်တန်ရှိ လင်ကွန်းအထိမ်းအမှတ် အဆောက်အအုံသို့ သွားရောက်၊ မေ ၂၀ (တနင်္လာနေ့)တွင် သမ္မတဦးသိန်းစိန်နှင့် အမေရိကန်သမ္မတ အိုဘားမားတို့ အိမ်ဖြူတော်တွင် တွေ့ဆုံမည်


အမေရိကန်သမ္မတ ဘားရက်အိုဘားမား၏ ဖိတ်ကြားချက်အရ အမေရိကန်သို့ အလုပ်သဘော ခရီး ရောက်ရှိနေသည့် သမ္မတ ဦးသိန်းစိန်သည် ၀ါရှင်တန်စံတော်ချိန် မေ ၁၈ ရက် နံနက်ပိုင်းတွင် ၀ါရှင်တန်ဒီစီသို့ ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ရောက်ရှိခဲ့ပြီးနောက် သမ္မတ ဦးသိန်းစိန်သည် မေ ၁၈ ရက် ညနေပိုင်းတွင် ၀ါရှင်တန်ရှိ လင်ကွန်း အထိမ်းအမှတ် အဆောက်အဦသို့ သွားရောက်လေ့လာခဲ့ကြောင်း သိရှိရသည်။ ထို့နောက် ၀ါရှင်တန် ရှိ မြန်မာသံရုံးသို့ ဆက်လက်သွားရောက်ခဲ့ကာ မြန်မာမိသားစုဝင် ၃၀၀ ခန့်နှင့် တွေ့ဆုံခဲ့ကြောင်း သိရ သည်။ သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်သမ္မတ အိုဘားမားတို့သည် မေ ၂၀ ရက်တွင် အိမ်ဖြူတော် ၌ တွေ့ဆုံကြမည် ဖြစ်ပါသည်။
ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံ ခေါင်းဆောင်များသည် နှစ်နိုင်ငံဆက်ဆံရေး၊ မြန်မာနိုင်ငံတွင် ဖော်ဆောင်နေသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များဆက်လက်အကောင်အထည်ဖော်ရေး၊ အမေရိကန်က မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းရေးကိစ္စရပ်များကို ဆွေးနွေးဖွယ်ရှိသည်။ အမေရိကန်ခရီးစဉ်အတွင်း သမ္မတဘားရတ်အိုးဘားမား၊အမေရိကန်အစိုးရအရာရှိများ၊လွှတ်တော်အမတ်များနှင့် တွေ့ဆုံချိန်တွင် မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများကိုဆိုင်းငံ့ထားခြင်းမဟုတ်ဘဲဥပဒေကြောင်းအရလုံးဝရုပ်သိမ်းပေးရန် ပြောဆိုမှုများ ပြု လုပ်သွားမည်ဟု သမ္မတ ဦးသိန်းစိန်က မေ ၁၈ ရက် (မြန်မာစံတော်ချိန် မေ ၁၉) ရက်က မြန်မာမိသားစု များနှင့်ဝါရှင်တန်၌တွေ့ဆုံစဉ်ပြောကြားပါသည်။ဒီမိုကရေစီဖွံ့ဖြိုးရေး၊ပဋိပက္ခများ ဖြေရှင်းရေး၊ ပြည်သူများ၏ စီးပွားရေး အခွင့်အလမ်းများ ရရှိရေး စသည့် ကျန်ရှိနေသည့် စိန်ခေါ်မှုများကို ဆွေးနွေးရန်နှင့် အမေရိကန် အနေဖြင့် မည်သို့ ကူညီနိုင်မလဲ ဆိုသည်ကို လေ့လာသိရှိနိုင်ရန် အတွက် အိုဘားမားအနေဖြင့် သမ္မတဦးသိန်း စိန်နှင့်တွေ့ဆုံဆွေးနွေးရန် မျှော်လင့် စောင့်စားနေပါကြောင်း သမ္မတ ဦးသိန်းစိန် ၀ါရှင်တန် သို့ မရောက်ရှိမီ ထုတ်ပြန်ခဲ့သော အမေရိကန် သမ္မတအိမ်ဖြူတော်၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့ပြင်အမေရိကန်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၊အရပ်ဘက်လူ့အဖွဲ့အစည်းခေါင်းဆောင်များ၊ နိုင်ငံ တကာအသိုင်းအ၀ိုင်းနှင့် အနီးကပ်ပူးပေါင်း ဆောင်ရွက်ပြီး သမ္မတဦးသိန်းစိန် အစိုးရ၏ပြုပြင်ပြောင်းလဲရေး အကောင်အထည် ဖော်မှုများကို တိုးတက်မှုများ ရှိစေရန် ဆက်လက်ထောက်ခံ ပေးသွားမည် ဖြစ်ကြောင်း အိမ်ဖြူတော်၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။
သမ္မတ ဦးသိန်းစိန်၏ အမေရိကန် ခရီးစဉ်သည် နှစ်ပေါင်း ၅၀ အတွင်း မြန်မာအစိုးရ ခေါင်းဆောင်တစ်ဦး၏ ပထမဆုံး အမေရိကန် အိမ်ဖြူတော် ခရီးစဉ် ဖြစ်လာခဲ့သည်။ ၁၉၆၆ ခုနှစ်တွင် သမ္မတဂျွန်ဆင်၏ ဖိတ်ကြားချက်အရ တော်လှန်ရေး ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေ၀င်းသည် အမေရိကန် အိမ်ဖြူတော်သို့ သွားရောက်ပြီး သမ္မတ ဂျွန်ဆင်နှင့် တွေ့ဆုံဆွေးနွေး ခဲ့ဖူးသည်။ သမ္မတ ဦးသိန်းစိန်သည် အမေရိကန် သမ္မတ ဘားရက်အိုဘားမား၏ သမိုင်းဝင် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း သမ္မတအိုဘားမားနှင့် ၂၀၁၂ ခုနှစ်နိုဝင်ဘာ ၁၉ ရက်တွင် ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ဧည့်ခန်းမ၌ ပထမ ဆုံးတွေ့ဆုံဆွေးနွေးခဲ့ဖူးသည်။မြန်မာနိုင်ငံတွင် သမ္မတ ဦးသိန်းစိန်အစိုးရ ၂၀၁၁ ပြည့်နှစ် မတ်လကစတက် လာပြီး နောက်ပိုင်း နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ဖော်ဆောင်နေသောကြောင့် အမေ ရိကန်၊ ဥရောပသမဂ္ဂနှင့် အနောက်နိုင်ငံများသည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူ ပိတ်ဆို့မှု များကို တစ်ဆင့်ပြီးတစ်ဆင့် ရုပ်သိမ်းနေသလို မြန်မာနိုင်ငံနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများလည်း တစ်ဖြည်းဖြည်း မြင့်တက်လာခဲ့သည်။ အမေရိကန်-မြန်မာသံတမန် ဆက်ဆံရေးသည် ၁၉၄၇ ခုနှစ်က တည်းက စတင်ခဲ့သည်။
Photo: သမ္မတဦးသိန်းစိန် ၀ါရှင်တန်ရှိ လင်ကွန်းအထိမ်းအမှတ် အဆောက်အအုံသို့ သွားရောက်၊ မေ ၂၀ (တနင်္လာနေ့)တွင် သမ္မတဦးသိန်းစိန်နှင့် အမေရိကန်သမ္မတ အိုဘားမားတို့ အိမ်ဖြူတော်တွင် တွေ့ဆုံမည်

အမေရိကန်သမ္မတ ဘားရက်အိုဘားမား၏ ဖိတ်ကြားချက်အရ အမေရိကန်သို့ အလုပ်သဘောခရီး ရောက်ရှိနေသည့် သမ္မတ ဦးသိန်းစိန်သည် ၀ါရှင်တန်စံတော်ချိန် မေ ၁၈ ရက် နံနက်ပိုင်းတွင် ၀ါရှင်တန်ဒီစီသို့ ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့ရောက်ရှိခဲ့ပြီးနောက် သမ္မတ ဦးသိန်းစိန်သည် မေ ၁၈ ရက် ညနေပိုင်းတွင် ၀ါရှင်တန်ရှိ လင်ကွန်းအထိမ်းအမှတ် အဆောက်အဦသို့ သွားရောက်လေ့လာခဲ့ကြောင်း သိရှိရသည်။ ထို့နောက် ၀ါရှင်တန်ရှိ မြန်မာသံရုံးသို့ ဆက်လက်သွားရောက်ခဲ့ကာ မြန်မာမိသားစုဝင် ၃၀၀ ခန့်နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်သမ္မတ အိုဘားမားတို့သည် မေ ၂၀ ရက်တွင် အိမ်ဖြူတော်၌ တွေ့ဆုံကြမည် ဖြစ်ပါသည်။

ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံ ခေါင်းဆောင်များသည် နှစ်နိုင်ငံဆက်ဆံရေး၊ မြန်မာနိုင်ငံတွင် ဖော်ဆောင်နေသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ဆက်လက် အကောင်အထည်ဖော်ရေး၊ အမေရိကန်က မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းရေး ကိစ္စရပ်များကို ဆွေးနွေးဖွယ်ရှိသည်။

အမေရိကန် ခရီးစဉ်အတွင်း သမ္မတ ဘားရတ်အိုးဘားမား၊ အမေရိကန် အစိုးရ အရာရှိများ၊ လွှတ်တော်အမတ်များနှင့် တွေ့ဆုံချိန်တွင် မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများကို ဆိုင်းငံ့ထားခြင်း မဟုတ်ဘဲ ဥပဒေကြောင်းအရ လုံးဝရုပ်သိမ်းပေးရန် ပြောဆိုမှုများ ပြုလုပ်သွားမည်ဟု သမ္မတ ဦးသိန်းစိန်က မေ ၁၈ ရက် (မြန်မာစံတော်ချိန် မေ ၁၉) ရက်က မြန်မာမိသားစုများနှင့် ၀ါရှင်တန်၌ တွေ့ဆုံစဉ် ပြောကြားပါသည်။

ဒီမိုကရေစီ ဖွံ့ဖြိုးရေး၊ ပဋိပက္ခများ ဖြေရှင်းရေး၊ ပြည်သူများ၏ စီးပွားရေး အခွင့်အလမ်းများ ရရှိရေး စသည့် ကျန်ရှိနေသည့် စိန်ခေါ်မှုများကို ဆွေးနွေးရန်နှင့် အမေရိကန် အနေဖြင့် မည်သို့ ကူညီနိုင်မလဲ ဆိုသည်ကို လေ့လာသိရှိနိုင်ရန် အတွက် အိုဘားမားအနေဖြင့် သမ္မတဦးသိန်း စိန်နှင့်တွေ့ဆုံဆွေးနွေးရန် မျှော်လင့် စောင့်စားနေပါကြောင်း သမ္မတ ဦးသိန်းစိန် ၀ါရှင်တန်သို့ မရောက်ရှိမီ ထုတ်ပြန်ခဲ့သော အမေရိကန် သမ္မတ အိမ်ဖြူတော်၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ပြင် အမေရိကန် အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၊ အရပ်ဘက် လူ့အဖွဲ့အစည်း ခေါင်းဆောင်များ၊ နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့် အနီးကပ်ပူးပေါင်း ဆောင်ရွက်ပြီး သမ္မတဦးသိန်းစိန် အစိုးရ၏ ပြုပြင်ပြောင်းလဲရေး အကောင်အထည် ဖော်မှုများကို တိုးတက်မှုများ ရှိစေရန် ဆက်လက်ထောက်ခံ ပေးသွားမည် ဖြစ်ကြောင်း အိမ်ဖြူတော်၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။

သမ္မတ ဦးသိန်းစိန်၏ အမေရိကန် ခရီးစဉ်သည် နှစ်ပေါင်း ၅၀ အတွင်း မြန်မာအစိုးရ ခေါင်းဆောင်တစ်ဦး၏ ပထမဆုံး အမေရိကန် အိမ်ဖြူတော် ခရီးစဉ် ဖြစ်လာခဲ့သည်။

၁၉၆၆ ခုနှစ်တွင် သမ္မတဂျွန်ဆင်၏ ဖိတ်ကြားချက်အရ တော်လှန်ရေး ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေ၀င်းသည် အမေရိကန် အိမ်ဖြူတော်သို့ သွားရောက်ပြီး သမ္မတ ဂျွန်ဆင်နှင့် တွေ့ဆုံဆွေးနွေး ခဲ့ဖူးသည်။ သမ္မတ ဦးသိန်းစိန်သည် အမေရိကန်သမ္မတ ဘားရက်အိုဘားမား၏ သမိုင်းဝင် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း သမ္မတအိုဘားမားနှင့် ၂၀၁၂ ခုနှစ်နိုဝင်ဘာ ၁၉ ရက်တွင် ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ဧည့်ခန်းမ၌ ပထမဆုံး တွေ့ဆုံဆွေးနွေးခဲ့ဖူးသည်။

မြန်မာနိုင်ငံတွင် သမ္မတ ဦးသိန်းစိန်အစိုးရ ၂၀၁၁ ပြည့်နှစ် မတ်လကစတက်လာပြီး နောက်ပိုင်း နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ဖော်ဆောင်နေသောကြောင့် အမေရိကန်၊ ဥရောပသမဂ္ဂနှင့် အနောက်နိုင်ငံများသည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူ ပိတ်ဆို့မှုများကို တစ်ဆင့်ပြီးတစ်ဆင့် ရုပ်သိမ်းနေသလို မြန်မာနိုင်ငံနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများလည်း တစ်ဖြည်းဖြည်း မြင့်တက်လာခဲ့သည်။

အမေရိကန်-မြန်မာသံတမန် ဆက်ဆံရေးသည် ၁၉၄၇ ခုနှစ်ကတည်းက စတင်ခဲ့သည်။

အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီလေဆိပ်သို့ ရောက်ရှိလာသော သမ္မတဦးသိန်းစိန်ကို ကြိုဆိုသူများနှင့်အတူ တွေ့ရစဉ် (Photo-Hmuu Zaw Facebook)
အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီလေဆိပ်သို့ ရောက်ရှိလာသော သမ္မတဦးသိန်းစိန်ကို ကြိုဆိုသူများနှင့်အတူ တွေ့ရစဉ်

No comments:

Post a Comment

My Blog List