Thursday, March 08, 2012
တစ်ခုဝယ်ရင် တစ်ခု လက်ဆောင်ရမဲ့ SpareOne’s Mobile Phone Company ရဲ့အစီအစဉ်
SpareOne’s Mobile Phone Companyက ထုတ်လုပ်လိုက်တဲ့  Handset အသစ်တစ်မျိုးကို မတ်လ ၁၅ ရက်နေ့ မှစပြီးအမေရိကန်ပြည်ထောင်စုတွင် ဒေါ်လာ၇၀၊ ဗြိတိန်နိုင်ငံတွင် စတာလင်ပေါင် ၆၀ ဖြင့် ရောင်းချ သွားမည်ဖြစ်ကြောင်းနှင့် ၄င်း၏ ထူးခြားချက်မှာ Handset အားဝယ်ယူယုံဖြင့် အပိုအဖြစ်AAအမျိုးအစား ဘက်ထရီ တစ်လုံးကိုလက်ဆောင်ထည့်သွင်းပေးအပ်သွားမည်ဖြစ်ကြောင်းသိရှိရသည်။
          ထို AAဘက်ထရီမှာ အခြားဘက်ထရီများနှင့် မတူညီဘဲ ဘက်ထရီအားကုန်ခြင်း၊ အားသွင်းရခြင်းမျိုးဖြင့် အသုံးပြုသူကို ပူပန်နေစရာမလိုဘဲ ယင်းဖုန်းအသုံးပြုသူသည် မည်သည့်နေရာတွင် ရှိနေစေကာမူ Mobile ID မှ တစ်ဆင့် ၄င်းLocation(တည်နေရာ)ကို အလိုအလျောက်ပေးပို့နိုင်ကြောင်းနှင့် ၁၀နာရီကြာဆက်တိုက် စကား ပြောဆိုနိုင်ကြောင်းသိရှိရပါတယ်။
No comments:
Post a Comment
My Blog List