Thursday, March 08, 2012

နာမည်ကျော် Company Website များကို တိုက်ခိုက်ခဲ့သော ဟက်ကာခြောက်ဦးအား နယူးရောက် အာဏာပိုင်များ တရားစွဲဆို

နာမည်ကျော် အကြွေးဝယ်ကတ် Company ကြီးတွေဖြစ်တဲ့ Master Card, Visa inc နှင့် ငွေကြေး ၀န်ဆောင်မှုပေးတဲ့ PayPal တို့၏ Website တွေကို အဓိက တိုက်ခိုက်ခဲ့တဲ့ ဟက်ကာခြောက်ဦး ကို နယူးယောက်မြို့၏ တာဝန်ရှိသူ အာဏာပိုင်များက တရားစွဲဆိုလိုက်တယ်လို့ သိရှိရပါတယ်။
          အဲ့ဒီအထဲက ငါးဦးကတော့ အမေရိကန်၊ ဗြိတိန်နှင့် အိုင်ယာလန် တို့က ဖြစ်ပြီး Anonymous & Lulzesec ဟက်ကာအဖွဲ့မှဖြစ်တယ်လို့သိရပါတယ်။ အခြားတစ်ယောက်ကတော့ နယူးယောက်မြို့က ချာဗီယာမွန်ဆီဂါ ဆိုသူဖြစ်ပြီး ၂၀၁၁ခုနှစ် ဇွန်လပိုင်းမှာ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး အခြားဟက်ကာအဖွဲ့ ၀င်များအား ဖမ်းဆီးနိုင်ရန် FBI အဖွဲ့အား အကူအညီပေးခဲ့ပါတယ်။

 ဟက်ကာများသည်Onlineသတင်းပေးဝက်ဘ်ဆိုက် Wikileaks အားငွေကြေးလှူဒါန်းရန်ငြင်းဆိုခဲ့မှုကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း နှင့် ထိုသို့ဖမ်းဆီးနိုင်ခဲ့ခြင်းသည် Internet နှင့် ဆက်စပ်သည့်ရာဇ၀တ်မှုများ အနက်ထင်ရှားသော အမှုတစ်မှုဖြစ်ကြောင်းကိုလည်း နယူးရောက် အာဏာပိုင်များက မတ်လ ၆ ရက်နေ့ ကကြေငြာခဲ့ကြောင်း သိရှိရပါတယ်။

No comments:

Post a Comment

My Blog List