Monday, March 05, 2012

ဒေါ်အောင်ဆန်းစုကြည်၏နေပြည်တော်စည်းရုံးရေးခရီးစဉ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် မတ်လ ၅ ရက်တွင် နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်သို့ ထွက်ခွာမည်ဖြစ်ကြောင်း၊ လမ်းခရီးတွင် နွားထိုးကြီး၊ မိထ္ထီလာ စသည့်မြို့ ကြီးများတွင် မိန့်ခွန်းများ ပြောကြားမည် ဖြစ်ရာ နေပြည်တော်သို့ ထိုနေ့ ညနေ ၄ နာရီတွင်ရောက်ရှိမည်ဟု ခန့်မှန်းထားကြောင်း နေပြည်တော် ပုဗ္ပသီရိမြို့တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စား လှယ်လောင်း ဦးဇေယျာသော်က ပြောကြားခဲ့သည်။



မတ်လ ၆ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဥတ္တရသီရိမြို့နှင့် ပုဗ္ပသီရိမြို့နယ်များ တွင်   ဟောပြောပြီး  တောင်ငူနဲ့ ပဲခူးကတဆင့် ရန်ကုန်ကို ပြန်မယ်လို့ သိရှိရပါတယ်။
         

No comments:

Post a Comment

My Blog List