Thursday, March 08, 2012

တစ်ပတ်အတွင်း မြန်မာပြည်သူများ စိတ်ဝင်စားဆုံးသတင်း

လ၁ရက်နေ့ကနေ၇ရက်နေ့ထိမြန်မာပြည်မှာလူထုစိတ်အ၀င်စားဆုံး၊မှတ်ချက်အများဆုံးအပေးခံခဲ့ရတဲ့သတင်းတွေ ကိုတင်ပေးထားပါတယ်။ အဲ့ဒီသတင်းတွေထဲက စိတ်ဝင်စားစရာကောင်းတဲ့ တစ်ချို့အကြောင်းအရာတွေကို ထုတ်နှုတ်ဖော်ပြပေး ထားပြီးတော့သတင်း အားလုံးဖတ်ချင်သူများအနေနဲ့ပေးထားတဲ့ Link လေးတွေကနေတဆင့် ၀င်ရောက်ကြည့်နိုင်ပါတယ်။  အင်တာနက်ချစ်သူများနဲ့အချိန်မပေးနိုင်တဲ့ညီအစ်ကိုမောင်နှမများအတွက်အပတ်စဉ်တိုင်းလည်းဖော်ပြပေးသွားမှာဖြစ်ပါတယ်။



 ဒေါ်အောင်ဆန်းစုကြည်၏ကျန်းမာရေးအခြေအနေစိုးရိမ်ဖွယ်ရာမရှိ
        
" ဒေါ်အောင်ဆန်းစုကြည်ဟာ  ပါတီစည်းရုံးရေးအတွက် ဒေသအနှံ့အပြားသို့မရပ်မနား ခရီးသွားလာခဲ့ပြီး ရာသီဥတုပြောင်းလဲ မှုများကြောင့် အနည်းငယ် ခရီးပန်းသွားလို့အနားယူခဲ့ရခြင်းသာ ဖြစ်ပါတယ်"

အရောင်ပြောင်းသောလူလည်ကြီးများ အပိုင်း(၄) Max Myanmar ဦးဇော်ဇော် http://www.demowaiyan.co.cc/2012/02/max-myanmar.html

 " (၈၈)ကျောင်းသား အများစုကတော့ သူဌေးကြီးဇော်ဇော် တဖြစ်လဲ မောင်တင်ဆန်းရဲ့ စိတ်ဓာတ်ကိုသိလို့ သူ့မွေးစား ဖေဖေက လွှတ်လိုက်တဲ့ ဒီမိုကရေစီသူလျှိုဖြစ်မှာကို စိုးရိမ်နေကြပါတယ်။အထူးသဖြင့် စစ်အစိုးရလက်ထက်က ဖေဖေတစ်ယောက် ကို မွေးပြီးစားခဲ့သလို ဒီမိုကရေစီ အစိုးရလက်ထက်မှာ မေမေတစ်ယောက်ကို ထပ်ပြီးမွေးစားဖို့ ခြေလှမ်းလှမ်းလာသူကိုယုံကြည် မှု မလွန်ကဲဖို့လိုပါတယ် "

NLD ကိုမဲပေးရန်တပ်မတော်သားများကို ဒေါ်စုကြည်မှ တိုက်တွန်း          

" တပ်မတော်သားတွေကို ပြည်သူကချစ်ဖို့လိုသလို  တပ်မတော်သားတွေကလည်း ပြည်သူကိုအားကိုးဖို့ မြန်မာ့တပ်မတော်ဟာ   နိုင်ငံ ရဲ့အခြေခံဖြစ်ဖို့နဲ့ ပြည်သူတွေအပေါ်ကို စိုးမိုးချင်တဲ့ဆန္ဒမရှိဖို့လည်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ပြောကြားသွားပါတယ်"


အစိုးရအတွင်းဂိုဏ်းမကွဲဟု သမ္မတဦးသိန်းစိန်ပြော

" သမ္မတ မိန့်ခွန်းဟာ အစိုးရအဖွဲ့နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအကြားမှာ ၀န်ထမ်းများလစာတိုးမြှင့်ရေးကိစ္စ၊ ကျပ် ၅၀၀၀ တန်ဖုံးကဒ်များ ရရှိရေးကိစ္စတို့နှင့်ပတ်သက်လို့ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေတဲ့ ပြောဆိုမှုများထွက်ပေါ်ချိန်နှင့် တိုက်ဆိုင်နေပါတယ် "

နိုင်ငံတော်သမ္မတကြီးထံသို့ ၅ထောင်တန်ဖုန်းအဆိုပြုလွှာ မရောက်သေးကြောင်းသူရဦးရွှေမန်းပြောကြား

" အဆိုပြုလွှာနှစ်စောင်ရေးတင်တာ၊သမ္မတကြီးဆီကိုတစ်စောင်၊ ပြည်သူ့လွှတ်တော်ကိုတစ်စောင်ဖြစ်ပြီး ပြည်သူ့လွှတ် တော်ထဲကိုတော့ စာရောက်သွားပြီပြောတယ်´လို့ အသင်းဥက္ကဌ ဦးဗအုပ်ခိုင်ကပြောပါတယ်"

ကျပ်၅၀၀၀တန်ဖုန်း သုံးစွဲနိုင်ရေးကြိုးပမ်းမည်ဟု သမ္မတမှ ကတိပြုခဲ့ကြောင်း         
" အရင်စစ်အစိုးရခေတ်က တယ်လီဖုန်းဆင်းကဒ်တစ်ခုကို ကျပ်သိန်း၂၀ကျော်ထိပေးပြီး အစိုးရထံကနေငှားသုံးနေရာကအခု အခြေအနေမှာကျပ်ငွေ ၅သိန်းအထိလျော့ကျလာပါတယ် "

အဘမန်းဘာလဲ…! အဘမန်း…ဘယ်လဲ!

“မဆောင်ရွက်သင့်တာလည်း မလုပ်နဲ့၊ ဆောင်ရွက်သင့်လည်းရပ်ကြ ဆိုပြီးပြောတဲ့အဘမန်းက ဟိုအချိန်ကဘာဖြစ်လို့မပြောခဲ့ တာလဲဆိုတာရယ်၊ မဆောင်ရွက်သင့်တဲ့ စီမံကိန်းကို ဘာဖြစ်လို့ မတားခဲ့တာလဲဆိုတာရယ်ကိုနှုတ်ခမ်းလေး ဆူပြီးမေးလိုက် ချင်ပါတယ်”

ဒေါ်အောင်ဆန်းစုကြည်အစိုးရအဖွဲ့ထဲ ပါမလား
" ဒေါ်အောင်ဆန်းစုကြည်က အစိုးရဝန်ကြီးနေရာကို လက်ခံနိုင်/မခံနိုင်၊ အစိုးရဘက်ကလည်းဒီလိုကမ်းလှမ်းနိုင်ခြင်းရှိမ/ရှိ နဲ့ဒေါ်အောင်ဆန်းစုကြည်အတွက် မည်သို့သော ဝန်ကြီးဌာနမျိုး ဖြစ်နိုင်ဖွယ်ရှိသည်တို့ကို ဆွေးနွေးကြခြင်းဖြစ်သည်ဟုသိရှိရ ပါတယ်။ကျန်းမာရေးဝန်ကြီးဌာန သို့မဟုတ် ပညာရေးဝန်ကြီးဌာနတို့တွင် တာဝန်ပေးနိုင်ကြောင်း နိုင်ငံရေး အကဲခတ်များ ကဆိုပါတယ်"

 







 





   

No comments:

Post a Comment

My Blog List